
မနီလာ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံတွင် ပြည်တွင်းလောင်စာဆီဈေးနှုန်းများမှာ ဒုတိယမြောက်သီတင်းပတ်အဖြစ် ဆက်လက်မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ သြဂုတ် ၂၁ ရက် သတင်းဖော်ပြမှုအရ သိရသည်။
Manila Times သတင်းစာ၏ ဖော်ပြမှုအရ ဒီဇယ်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် ၁.၇၅ ပီဆိုမှ ၂.၂၅ ပီဆိုဝန်းကျင်အထိ မြင့်တက်လာနိုင်ပြီး ဓာတ်ဆီဈေးနှုန်းမှာလည်း တစ်လီတာလျှင် ၁ ပီဆိုမှ ၁.၅၀ ပီဆိုဝန်းကျင်အထိ မြင့်တက်လာနိုင်သည်ဟု ရေနံလုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားခဲ့ကြသည်။
အဆိုပါ ခန့်မှန်းချက်များမှာအရှေ့တောင်အာရှဒေသတွင်းရှိ ချက်လုပ်ပြီးသား ရေနံထုတ်ကုန်များ၏ ဈေးနှုန်းအခြေအနေများအပေါ် အခြေခံထားခြင်းဖြစ်သလို အရှေ့အလယ်ပိုင်းဒေသ၌ဖြစ်ပွားနေသည့်တင်းမာမှုအခြေအနေများကလည်း ကမ္ဘာ့လောင်စာဆီဈေးကွက်အပေါ် ဆက်လက်အကျိုးသက်ရောက်မှု ရှိနေဆဲဖြစ်ကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ၎င်းတို့၏ စွမ်းအင်လိုအပ်ချက်များကို ပြည့်မီစေရေးအတွက် အရှေ့အလယ်ပိုင်းဒေသများမှ တင်သွင်းမှုများအပေါ် ကြီးမားစွာမှီခိုနေရပြီး ပြည်တွင်းမှ လောင်စာဆီဈေးနှုန်းများကလည်း ကမ္ဘာ့ဈေးကွက်အပြောင်းအလဲများအလိုက် ဈေးနှုန်းအပြောင်းအလဲအလွန်မြန်ဆန်ကြောင်း သိရသည်။ (Xinhua)
....................
(English Version)
Fuel prices expected to continue rising in Philippines
MANILA, Aug. 21 (Xinhua)
Local fuel prices are estimated to increase for a second consecutive week, local media reported on Friday.
Oil industry experts said diesel prices would go up by around 1.75 to 2.25 pesos per liter, while gasoline prices would rise by about 1 to 1.50 pesos per liter, according to Manila Times.
The estimates are based on the pricing of refined goods in Southeast Asia, with tensions in the Middle East continuing to influence the global market, according to the reports.
The Philippines relies heavily on imports from regions like the Middle East to meet its energy needs, making local fuel prices highly sensitive to global market dynamics. ■
Photo caption: Motorcyclists line up to refuel their vehicles at a gas station in Quezon City, the Philippines, on March 9, 2026. (Xinhua/Rouelle Umali)








