ကာဂျစ္စတန်နိုင်ငံ Issyk-Kul ပြည်နယ် Karakol မြို့တွင် Aidai Kubanychbekova (အရှေ့ယာဘက်) နှင့် လုပ်ဖော်ကိုင်ဖက်၊ ကျောင်းသား၊ ကျောင်းသူများက တရုတ်စာလေ့ကျင့်ရေးစင်တာ ထူထောင်ခြင်း ၁ နှစ်ပြည့်အား အတူတကွဂုဏ်ပြုနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ကာဂျစ္စတန်နိုင်ငံ Issyk-Kul ပြည်နယ် Karakol မြို့တွင် Aidai Kubanychbekova (အရှေ့ယာဘက်) နှင့် လုပ်ဖော်ကိုင်ဖက်၊ ကျောင်းသား၊ ကျောင်းသူများက တရုတ်စာလေ့ကျင့်ရေးစင်တာ ထူထောင်ခြင်း ၁ နှစ်ပြည့်အား အတူတကွဂုဏ်ပြုနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကာဂျစ္စတန်နိုင်ငံအား နာရီ ၂၄၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်ဖြတ်သန်းမှုနှင့် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်သည့် မူဝါဒအား အသုံးပြုနိုင်သည့် နိုင်ငံများစာရင်းအတွင်း ထည့်သွင်းမှုကို ကာဂျစ္စတန်ဘက်က ကြိုဆိုကြောင်း ကာဂျစ္စတန်နိုင်ငံ သမ္မတရုံးက ဩဂုတ် ၂၀ ရက်တွင် လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

အဆိုပါလုပ်ဆောင်ချက်သည် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေအနေ ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ကြောင်း ကာဂျစ္စတန်နိုင်ငံ သမ္မတရုံး နိုင်ငံခြားရေးမူဝါဒဌာန အကြီးအကဲ Sagynbek Abdumutalip က ကြေညာချက်တွင် ဆိုထားသည်။

၂၀၂၆ ခုနှစ် ဩဂုတ် ၂၀ ရက်မှစ၍ ကာဂျစ္စတန်၊ ဗီယက်နမ် နိုင်ငံသားများအနေဖြင့် နာရီ ၂၄၀  ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်ဖြတ်သန်းခွင့်မူဝါဒနှင့် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်နှင့်အတူ ပြည်ဝင်နိုင်သည့် မူဝါဒဖြင့် တရုတ်နိုင်ငံသို့ လာရောက်နိုင်ကြောင်း တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနက ဩဂုတ် ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် နာရီ ၂၄၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်ဖြတ်သန်းခွင့် မူဝါဒ အသုံးပြုနိုင်သော နိုင်ငံအရေအတွက်မှာ ၅၇ နိုင်ငံအထိ တိုးလာပြီး ဟိုင်နန်ပြည်နယ်တွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်သည့် မူဝါဒ အသုံးပြုနိုင်သော နိုင်ငံများအနေဖြင့်လည်း ၆၁ နိုင်ငံအထိ တိုးလာကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------------------------------------------------------

(Chinese Version)

吉尔吉斯斯坦欢迎中方对吉公民实施过境免签政策

新华社比什凯克8月20日电(记者江宥林)吉尔吉斯斯坦总统办公厅20日在社交媒体发表声明说,吉方欢迎中方将吉尔吉斯斯坦纳入240小时过境免签和海南30天入境免签政策适用国家范围。  

吉总统办公厅对外政策局局长阿布杜穆塔利普在声明中说,相信这一举措将为两国发展贸易和旅游合作创造条件。  

中国国家移民管理局8月20日发布公告,自2026年8月20日起,吉尔吉斯斯坦、越南公民可适用240小时过境免签政策和海南30天入境免签政策来华。至此,240小时过境免签政策适用国家增至57国,海南30天入境免签政策适用国家增至61国。(完)

图说:2025年9月22日,在吉尔吉斯斯坦伊塞克湖州卡拉库尔市,库巴内奇别科娃(前右)和同事、学生们共同庆祝中文培训中心成立一周年。新华社记者 李任滋 摄