
ကိဗ်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ၊ မြို့တော် ကိဗ်မြို့တော်ဝန် Vitali Klitschko က ဩဂုတ် ၂၀ ရက် မွန်းလွဲပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြရာတွင် ရုရှားစစ်တပ်က ဩဂုတ် ၁၉ ရက် ညဥ့်နက်ပိုင်းမှ ဩဂုတ် ၂၀ ရက် နံနက်အစောပိုင်းချိန်အထိ ကိဗ်မြို့အား ကျယ်ပြန့်သော လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သေဆုံးသူဦးရေမှာ ၁၅ ဦးအထိ မြင့်တက်လာပြီး အခြား ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
Klitschko က ယူကရိန်း အမျိုးသား အရေးပေါ်အခြေအနေ အေဂျင်စီမှ ကယ်ဆယ်ရေးသမားများသည် ဩဂုတ် ၂၀ ရက် နံနက်အစောပိုင်းမှစတင်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော လူနေတိုက်ခန်းများနှင့် အခြားသော အဆောက်အအုံများကို ဖြိုဖျက်ရှင်းလင်းလျက်ရှိသည်ဟု ပြောကြားခဲ့သည်။
ကိဗ်မြို့၏ ဆိုလိုမန်စကီးခရိုင်သည် ယခုလေကြောင်းတိုက်ခိုက်ခံရသော အဓိက နယ်မြေဖြစ်ပြီး နေရာ ၈ နေရာ ထိမှန်ခဲ့ကာ ဩဂုတ် ၂၀ ရက် မွန်းလွဲပိုင်းအထိ ယင်းခရိုင်တွင် တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ဆိုလိုမန်စကီးခရိုင်ရှိ လေကြောင်းတိုက်ခိုက်ခံရသည့် နေရာတစ်ခုတွင် ယူကရိန်း အမျိုးသား အရေးပေါ်အခြေအနေ အေဂျင်စီမှ သတင်းပြောခွင့်ရှိသူတစ်ဦးက ဆင်ဟွာသတင်းထောက်ထံ ပြောကြားရာတွင် မြို့တွင်းရှိ လေကြောင်းတိုက်ခိုက်ခံရသည့် နေရာ ၁၃ နေရာတွင် ကယ်ဆယ်ရေးအတွက် စုစုပေါင်း ကယ်ဆယ်ရေးယာဉ် ၇၆ စီးနှင့် ကယ်ဆယ်ရေးသမား ၃၈၆ ဦးတို့ကို ဖြန့်ကြက်ထားရှိသည်ဟု ဆိုသည်။
ယူကရိန်းလေတပ်က ထိုနေ့တွင်ပင် လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြရာတွင် ရုရှားစစ်တပ်သည် ယခုလေကြောင်းတိုက်ခိုက်မှုတွင် Iskander-M နှင့် Zircon စသည့် ပဲ့ထိန်းဒုံးကျည်များ၊ အမျိုးအစားစုံ ခရုဇ်ဒုံးကျည် ၄၄ စင်း၊ ကင်းထောက်ဒုံးကျည် ၂ စင်းတို့ကို ပစ်လွှတ်ခဲ့ပြီး ဒရုန်း ၁၆၈ စင်း စေလွှတ်ခဲ့သည်ဟု ဆိုသည်။
ယူကရိန်းစစ်တပ်သည် ခရုဇ်ဒုံးကျည် ၃၉ စင်း၊ ကင်းထောက်ဒုံးကျည် ၂ စင်းနှင့် ဒရုန်း ၁၄၅ စင်းတို့ကို ဖျက်ဆီး သို့မဟုတ် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………..
(Chinese Version)
乌克兰首都遭空袭死亡人数升至15人
新华社基辅8月20日电(记者李东旭)乌克兰首都基辅市市长克利奇科20日下午在社交媒体发文说,俄罗斯军方19日深夜至20日凌晨对基辅市发动的大规模空袭致死人数已升至15人,另有39人受伤。
克利奇科说,乌国家紧急情况局救援人员20日凌晨开始一直在组织救援,拆除在袭击中受损的居民楼和其他建筑物。
基辅市索洛缅斯基区是此次遭空袭的主要区域,有8处地点遇袭,截至20日下午,袭击已造成该区11人死亡、34人受伤。在索洛缅斯基区一处遭空袭现场,乌国家紧急情况局一名新闻发言人告诉新华社记者,共投入76台救援车辆和386名救援人员在全市13处遭空袭地点进行救援。
乌克兰空军当天在社交媒体发文说,俄军在此次空袭中发射了“伊斯坎德尔-M”和“锆石”等弹道导弹、44枚各型巡航导弹和两枚巡飞弹,并出动168架无人机。乌军摧毁或制服了39枚巡航导弹、两枚巡飞弹和145架无人机。(完)
图说1:8月20日,乌克兰基辅市索洛缅斯基区一栋居民楼在导弹袭击中严重受损。新华社发(彼得·德鲁克摄)
图说2:8月20日,在乌克兰基辅市索洛缅斯基区,救援人员帮助老人从遭遇空袭的公寓撤离。新华社发(彼得·德鲁克摄)








