
ဒူဆယ်လ်ဒေါ့ဖ်၊ ဂျာမနီ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ်စားပွဲတင်တင်းနစ်ကြယ်ပွင့် ဖန်ကျန့်တုန်းအား ၎င်း၏ ကလပ်အသင်းသစ် ဘိုရူစီယာ ဒူဆယ်လ်ဒေါ့ဖ်က ဂျာမနီနိုင်ငံ ဒူဆယ်လ်ဒေ့ါဖ်မြို့တွင် ဩဂုတ် ၂၀ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ တရားဝင် မိတ်ဆက်ပေးခဲ့ကာ အဆိုပါ အိုလံပစ်ချန်ပီယံအနေဖြင့် ဂျာမန်စားပွဲတင်တင်းနစ် ဘွန်ဒက်စ်လီဂါပြိုင်ပွဲ၌ ဒုတိယမြောက်ရာသီနှင့် ဥရောပပြိုင်ပွဲတွင် နောက်ထပ်စိန်ခေါ်မှုအတွက် ပြင်ဆင်လျက်ရှိသည်။
ဖန်က ဂျာမနီတွင် နောက်ထပ်တစ်ရာသီ ဆက်ရှိနေရန် ဆုံးဖြတ်ခဲ့ပုံနှင့်ပတ်သက်၍ ဆင်ဟွာသတင်းဌာနအား ပြောပြခဲ့ပြီး ယခုအပြောင်းအရွှေ့မှာ ၎င်း၏ ကစားသမားဘဝအတွက် နောက်ထပ်ခြေလှမ်းဖြစ်သည်ဟု ညွှန်းဆိုခဲ့သည်။
"ဒါက ဒုတိယမြောက်နှစ်လို့ ထင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ကစားသမားဘဝအတွက် စာမျက်နှာသစ်တစ်ခုလို့လည်း ထင်ပါတယ်။ ပွဲစဉ်တိုင်းက စိန်ခေါ်မှုအသစ်တွေချည်းပါပဲ" ဟု ဖန်က ဆိုသည်။
ဖန်က ၎င်း၏ကာလရှည် မိတ်ဆွေဖြစ်သလို ဂျာမန်စားပွဲတင်တင်းနစ် အကျော်အမော်တစ်ဦးလည်းဖြစ်သည့် တီမိုဘိုးလ်က ၎င်းအား ဘိုရူစီယာ ဒူဆယ်လ်ဒေါ့ဖ်အသင်းနှင့် အသင်း၏ ဓလေ့ထုံးစံတို့ကို မိတ်ဆက်ပေးခဲ့ကြောင်း၊ အဆိုပါဓလေ့ကို ပိုမိုလေ့လာသင်ယူရန် စိတ်အားထက်သန်နေကြောင်း ပြောကြားခဲ့သည်။
"ကျွန်တော် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ချင်တယ်။ ဒီရာသီမှာ ကျွန်တော် မနှစ်တုန်းကထက် အများကြီးပိုကောင်းအောင် ကစားနိုင်မှာပါ။ ကျွန်တော် ဆက်ပြီးတိုက်ပွဲဝင်သွားချင်တယ်" ဟုလည်း ၎င်းက ပြောသည်။
ဘိုရူစီယာ ဒူဆယ်လ်ဒေါ့ဖ်အသင်းက ဖန်အား တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း မတ်လ၌ ကြေညာခဲ့ပြီး ယင်းစာချုပ်မှာ ဇူလိုင် ၁ ရက်၌ စတင်အသက်ဝင်လာခဲ့သည်။
ဖန်မှာ လွန်ခဲ့သည့်ရာသီက 1. FC Saarbrucken-TT အသင်း၌ ကစားခဲ့ပြီး အသင်းအား ဂျာမန်ဖလား၊ ချန်ပီယံလိဂ်နှင့် ဘွန်ဒက်စ်လီဂါဆုဖလား ဆွတ်ခူးနိုင်အောင် ကူညီစွမ်းဆောင်ပေးခဲ့ကာ အသင်းအနေဖြင့် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့သည်။
၂၀၂၅-၂၀၂၆ ရာသီမှာ ဖန်အနေဖြင့် ဥရောပစားပွဲတင်တင်းနစ် ကလပ်အသင်း တစ်သင်းနှင့်အတူ ပထမဆုံးရာသီကို ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဘွန်ဒက်စ်လီဂါတွင် ၂၃ ပွဲကစားခဲ့ရာ နိုင်ပွဲ ၂၀ ရရှိခဲ့ပြီး နောက်ပိုင်းတွင် လိဂ်ပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။
အဆိုပါ တရုတ်ကြယ်ပွင့်ကစားသမား ရောက်ရှိလာခြင်းကြောင့် ဒူဆယ်လ်ဒေါ့ဖ်အသင်းမှာ ပရိသတ်များ၏ အကြီးအကျယ် အာရုံစိုက်မှုကို ရရှိခဲ့သည်ဟု အသင်းမန်နေဂျာ အန်ဒရေးယက်စ် ပရွိုက်စ်က ဆိုသည်။
ဆိုရှယ်မီဒီယာ၌ အသင်းအပေါ် စိတ်ဝင်စားမှုမှာ ယခင်ကထက် အဆ ၅၀၀ ပိုမိုမြင့်တက်လာသည်ဟုလည်း ပရွိုက်စ်က ပြောသည်။
ဘိုရူစီယာ ဒူဆယ်လ်ဒေါ့ဖ်အသင်းမှာ ဂျာမန်စားပွဲတင်တင်းနစ်လောကတွင် အအောင်မြင်ဆုံး ကလပ်အသင်းများထဲမှ တစ်သင်းဖြစ်သည်။ ရာသီသစ်အတွက် အသင်းလူစာရင်း၌ ဖန်းနှင့်အတူ ဂျာမနီနိုင်ငံမှ ဒန်ချူး၊ ဆွီဒင်နိုင်ငံမှ အန်တန် ကားလ်ဘာ့ဂ်၊ အမေရိကန်နိုင်ငံမှ ကနက်ဂျာနှင့် တရုတ်နိုင်ငံမှ လီရုန်ရင့် တို့လည်း ပါဝင်ပြီး ဒန်နီ ဟိုက်စတာက နည်းပြချုပ်အဖြစ် တာဝန်ယူထားသည်။
၁၉၉၇ ခုနှစ်ဖွားဖြစ်သည့် ဖန်မှာ ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်း ရွှေတံဆိပ်ဆွတ်ခူးခဲ့သလို ၂၀၂၀ တိုကျိုအိုလံပစ်နှင့် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲတို့တွင်လည်း ရွှေတံဆိပ်ဆုရ တရုတ်အမျိုးသားအသင်း၌ ပါဝင်ခဲ့သည်။
ကမ္ဘာ့အဆင့်-၁ အဖြစ် အချိန်ကြာမြင့်စွာ ရပ်တည်ခဲ့ဖူးသည့် ဖန်မှာ ၂၀၂၁ နှင့် ၂၀၂၃ ခုနှစ်တို့တွင် ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲ၌ အမျိုးသားတစ်ဦးချင်း ချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ (Xinhua)


.............................................................................
(English Version)
Fan Zhendong unveiled by Borussia Dusseldorf ahead of new season
DUSSELDORF, Germany, Aug. 20 (Xinhua) -- Chinese table tennis star Fan Zhendong was officially unveiled by his new club Borussia Dusseldorf at a press conference here on Thursday, as the Olympic champion prepares for his second season in the German Table Tennis Bundesliga and another campaign in European competition.
Speaking to Xinhua about his decision to stay in Germany for another season, Fan described the move as another step forward in his career.
"I think this is the second year and I think it's a new chapter in my career," Fan said. "Every match is a new challenge."
Fan said his longtime friend and German table tennis legend Timo Boll had introduced him to Borussia Dusseldorf and the club's culture, something he is keen to learn more about.
"I also want to improve myself," Fan said. "This season, maybe I can play much better than last year. I want to keep fighting."
Borussia Dusseldorf announced Fan's signing in March on a one-season contract that took effect on July 1.
Fan spent last season with 1. FC Saarbrucken-TT, helping the club win the German Cup, Champions League and Bundesliga title to complete the first treble in its history.
The 2025-26 campaign was Fan's first season in European club table tennis. He recorded 20 wins in 23 Bundesliga matches and was later voted the league's Player of the Season.
The arrival of the Chinese star has generated enormous attention for Dusseldorf, according to club manager Andreas Preuss.
Preuss said social media interest in the club was "now 500 times higher than we had before."
Borussia Dusseldorf is one of the most successful clubs in German table tennis. Alongside Fan, its squad for the new season includes Germany's Dang Qiu, Sweden's Anton Kallberg, American Kanak Jha and China's Li Yongyin, with Danny Heister as head coach.
Born in 1997, Fan won the men's singles gold medal at the 2024 Paris Olympic Games and was also part of China's gold medal-winning men's teams at both Tokyo 2020 and Paris 2024.
A former longtime world No. 1, he won the men's singles title at the World Table Tennis Championships in 2021 and 2023.
Photo caption 1: German table tennis star Timo Boll (L), Chinese table tennis star Fan Zhendong (C) and head coach Danny Heister attend a press conference after a welcoming ceremony in Dusseldorf, Germany, Aug. 20, 2026. (Xinhua/Zhang Haofu)
Photo caption 2: Fan Zhendong (R) gives his jersey to Stephan Keller, mayor of Dusseldorf, during the welcoming ceremony in Dusseldorf, Germany, Aug. 20, 2026. (Xinhua/Zhang Haofu)








