တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းရှိ ယွိလုန်နှင်းတောင်၌ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသော ဗီယက်နမ် ခရီးသွားဧည့်သည်များကို ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းရှိ ယွိလုန်နှင်းတောင်၌ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသော ဗီယက်နမ် ခရီးသွားဧည့်သည်များကို ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံအား နာရီ ၂၄၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်ဖြတ်သန်းမှုနှင့် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်သည့် မူဝါဒအား အသုံးပြုနိုင်သည့် နိုင်ငံများစာရင်းအတွင်း ထည့်သွင်းမှုကို ဗီယက်နမ်ဘက်က ကြိုဆိုကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Pham Thu Hang က ဩဂုတ် ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့်အတူ ပြည်သူအချင်းချင်းဖလှယ်မှုအား တစ်ဆင့်တိုးနက်ရှိုင်းစေရန် မျှော်လင့်လျက်ရှိကြောင်း Pham Thu Hang က ဆိုသည်။

၂၀၂၆ ခုနှစ် ဩဂုတ် ၂၀ ရက်မှစ၍ ကာဂျစ္စတန်၊ ဗီယက်နမ် နိုင်ငံသားများအနေဖြင့် နာရီ ၂၄၀  ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်ဖြတ်သန်းခွင့်မူဝါဒနှင့် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်နှင့်အတူ ပြည်ဝင်နိုင်သည့် မူဝါဒဖြင့် တရုတ်နိုင်ငံသို့ လာရောက်နိုင်ကြောင်း တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနက ဩဂုတ် ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် နာရီ ၂၄၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်ဖြတ်သန်းခွင့် မူဝါဒ အသုံးပြုနိုင်သော နိုင်ငံအရေအတွက်မှာ ၅၇ နိုင်ငံအထိ တိုးလာပြီး ဟိုင်နန်ပြည်နယ်တွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်သည့် မူဝါဒ အသုံးပြုနိုင်သော နိုင်ငံများအနေဖြင့်လည်း ၆၁ နိုင်ငံအထိ တိုးလာကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------------------------------------------------------

(Chinese Version)

越南外交部:欢迎中方将越南纳入过境免签政策范围

新华社河内8月20日电(记者胡佳丽 邹学冕)越南外交部发言人范秋姮20日在例行记者会上说,越方欢迎中方将越南纳入240小时过境免签和海南30天入境免签政策适用国家范围。  

范秋姮表示,期待与中方进一步深化人文交流。  

中国国家移民管理局8月20日发布公告,自2026年8月20日起,吉尔吉斯斯坦、越南公民可适用240小时过境免签政策和海南30天入境免签政策来华。至此,240小时过境免签政策适用国家增至57国,海南30天入境免签政策适用国家增至61国。(完)

图说:2024年6月20日,越南游客在丽江玉龙雪山拍照。新华社记者王贤思 摄