ဗလာဒီဗော့စတော့ခ်/တိုကျို၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

ပစိဖိတ်ရေတပ်၏ ပေါင်းစပ်တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုသည် Southern Kuril ကျွန်းစု (ဂျပန်အခေါ် Northern Territories) အနီးရှိ ပင်လယ်ပြင်တွင် ပုံယောင်ဖန်တီးထားသော ရန်သူသင်္ဘောများကို ဒုံးကျည်ပစ်လွှတ်မှု လေ့ကျင့်ခန်းပြုလုပ်ခဲ့ပြီး ပစ်မှတ်အားလုံးကို အောင်မြင်စွာ ထိမှန်ခဲ့သည်ဟု ရုရှား ပစိဖိတ်ရေတပ်က ဩဂုတ် ၂၀ ရက်တွင် လူမှုမီဒီယာ၌ ကြေညာခဲ့သည်။

ရုရှား ပစိဖိတ်ရေတပ်က ၎င်း၏ပို့စ်တွင် Southern Kuril ကျွန်းစုအနီးရှိ ပင်လယ်ပြင်တွင် ဒုံးကျည်တင်ခရူဇာသင်္ဘော Varyag မှ Vulkan သင်္ဘောဖျက်ဒုံးကျည်၊ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော Omsk မှ Granit ခရုဇ်ဒုံးကျည်နှင့် Bastion ကမ်းရိုးတန်းအခြေစိုက် သင်္ဘောဖျက်ဒုံးကျည်စနစ်မှ Oniks သင်္ဘောဖျက်ဒုံးကျည်တို့ကို ပစ်လွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။ လေ့ကျင့်မှုပစ်မှတ်များမှာ ပစ်ခတ်ရာနေရာများမှ ကီလိုမီတာ ၃၀၀ ကျော် အကွေအဝေး၌ တည်ရှိသည်။

ရုရှားဘက်က ယခုအကြိမ်လေ့ကျင့်မှု၏ အချိန်အတိအကျကို ဖော်ပြထားခြင်းမရှိပေ။

ဂျပန် ကျိုဒိုသတင်းဌာန၏ ဩဂုတ် ၂၁ ရက် သတင်းအရ ရုရှားက ဂျပန်-ရုရှား အငြင်းပွားနေသော ကျွန်းများအနီး ဒုံးကျည်ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က “Northern Territories တွင် စစ်လက်နက်ခဲယမ်းများ အားကောင်းစေခြင်းသည် ဂျပန်၏ ရပ်တည်ချက်နှင့် ဆန့်ကျင်သည့်အတွက် လက်မခံနိုင်ပါ” ဟု ဩဂုတ် ၂၀ ရက် အိုမန်နိုင်ငံ ခရီးစဉ်အတွင်း မီဒီယာများအား ပြောကြားခဲ့သည်။ (Xinhua)

......................................

(Chinese Version)

俄在争议岛屿附近进行导弹训练 日本称“无法接受”

新华社符拉迪沃斯托克/东京8月21日电 俄罗斯太平洋舰队20日在社交媒体平台上说,太平洋舰队一支混合打击部队在南千岛群岛(日本称北方四岛)附近海域对模拟敌舰进行了导弹发射训练,所有目标均被成功击中。

俄罗斯太平洋舰队在帖文中说,在南千岛群岛附近海域,导弹巡洋舰“瓦良格”号发射了“火神”反舰导弹,核动力潜艇“鄂木斯克”号发射了“花岗岩”巡航导弹,“堡垒”岸基反舰导弹系统发射了“缟玛瑙”反舰导弹。训练打击目标距离发射地点300多公里。

俄方没有提及此次训练的时间。

另据日本共同社21日报道,就俄方在日俄争议岛屿附近进行导弹发射训练一事,日本外务大臣茂木敏充当地时间20日在出访国阿曼向媒体表示,“在北方四岛加强军备有违日方立场,无法接受”。(完)