အမေရိကန်နိုင်ငံ၏ ကြွေးမြီ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဒေါ်လာ ၄၀ ထရီလီယံ ကျော်လွန်

ဘဏ္ဍာရေးဝန်ကြီးဌာနက ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်သော စာရင်းဇယားများအရ အမေရိကန်နိုင်ငံ၏ ကြွေးမြီမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကန်ဒေါ်လာ ၄၀ ထရီလီယံကျော်လွန်သွားပြီဖြစ်သည်။

ပြည်သူများက ချေးထားသော ကြွေးမြီနှင့် အစိုးရအဖွဲ့အစည်းများအကြား ချေးငှားထားသော ကြွေးမြီများမှာ ကန်ဒေါ်လာ ၃၂.၂၆၆ ထရီလီယံနှင့် ၇.၇၈၂ ထရီလီယံ အသီးသီးရှိကြောင်း စာရင်းဇယားများက ဖော်ပြပြီး ဩဂုတ် ၁၈ ရက်အထိ စုစုပေါင်းပြည်သူ့ကြွေးမြီမှာ ကန်ဒေါ်လာ ၄၀.၀၄၇ ထရီလီယံအထိ ရှိလာသည်။

အဆိုပါ ပမာဏမှတ်တိုင်မှာ မျှော်မှန်းထားသည်ထက် လအနည်းငယ်စောပြီး ရောက်ရှိလာခြင်းဖြစ်ပြီး အမေရိကန် ဖက်ဒရယ်အစိုးရ၏ ဆက်တိုက် ဘတ်ဂျက်လိုငွေပြမှုများကို ထင်ဟပ်ပေါ်လွင်နေကာ အသုံးစရိတ်မှာ ဝင်ငွေထက် ဆက်လက်မြင့်မားနေသဖြင့် နိုင်ငံ့ကြွေးမြီကို တိုးပွားစေခဲ့ခြင်းလည်း ဖြစ်သည်။

အမေရိကန်စစ်တပ်ကို ကူညီခြင်းမပြုရန် ဒေသတွင်းနိုင်ငံများအား အီရန် သတိပေး

အနောက်အာရှဒေသရှိ နိုင်ငံများအား “ရန်မူသော" အမေရိကန်စစ်တပ်ကို ပံ့ပိုးကူညီခြင်းမပြုရန် အီရန်ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ဩဂုတ် ၁၉ ရက်တွင် သတိပေးပြောကြားခဲ့သည်။

အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ် အလီ အဗ္ဗဒိုလ်လာဟီက ဤမှတ်ချက်များကို လူမှုမီဒီယာပို့စ်တစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရန်အနေဖြင့် ဒေသတွင်းရှိ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြောင်း အလေးထားပြောကြားခဲ့သည်။

“ရန်မူနေတဲ့ အမေရိကန်စစ်တပ်ကို အကူအညီ ဒါမှမဟုတ် အဆောက်အအုံ တစ်ခုခု ပံ့ပိုးပေးခြင်းဟာ အမေရိကန်စစ်တပ်နှင့် ပူးပေါင်းကြံစည်မှုမြောက်တယ်ဆိုတာကို မိမိတို့သတိပေးလိုက်ပါတယ်" ဟု အဗ္ဗဒိုလ်လာဟီက ပြောကြားခဲ့သည်။

ထရမ့်က "အပြင်းထန်ဆုံး" စီးပွားရေးစစ်ပွဲဖြင့် ခြိမ်းခြောက်၊ အီရန်က သဘောတူညီမှုရရှိရေး လုပ်ဆောင်ရန် ပျက်ကွက်ဟု စွပ်စွဲ

မည်သည့်နိုင်ငံကိုမဆို အရေးယူလုပ်ဆောင်ဖူးသမျှတွင် "အပြင်းထန်ဆုံး စီးပွားရေးစစ်ဆင်မှု" အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ဩဂုတ် ၁၉ ရက်တွင် ကြေညာခဲ့သည်။

"ဒါဟာ မကြုံစဖူး အတိုင်းအတာဖြင့် စီးပွားရေးစစ်ပွဲနဲ့ အထီးကျန်ဖြစ်စေခြင်းလည်း ဖြစ်ပါလိမ့်မယ်" ဟု ထရမ့်က Truth Social တွင် ပို့စ်တင်ရေးသားခဲ့ပြီး အီရန်အနေဖြင့် သဘောတူညီချက်တစ်ခုရရှိရန် အခွင့်အရေးကို အသုံးချခဲ့ခြင်းမရှိဟုလည်း စွပ်စွဲခဲ့သည်။

"သူတို့ရဲ့ ရေတပ်ဟာ ပျောက်ကွယ်သွားပြီ၊ လေတပ်လည်း ပျက်စီးသွားပြီ၊ သူတို့ရဲ့ စစ်လက်နက်စက်ရုံတွေဟာ အပျက်အစီးပုံတွေဖြစ်ကုန်ပြီ၊ သူတို့ရဲ့ ငွေကြေးဟာ တန်ဖိုးမဲ့သွားပြီဖြစ်သလို သူတို့ရဲ့နိုင်ငံကလည်း နည်းနည်းလေးမှ အတိမ်းအစောင်းမခံတဲ့ အခြေအနေကို ရောက်နေပြီ" ဟု ၎င်းက ဆိုသည်။

ကွန်ဂိုနိုင်ငံ (DRC) တွင် အီဘိုလာရောဂါကြောင့် သေဆုံးမှု၏ သုံးပုံတစ်ပုံမှာ ကလေးငယ်များဖြစ်ကြောင်း UNICEF ပြော

ကွန်ဂိုနိုင်ငံ (DRC) တွင် လက်ရှိအီဘိုလာရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုများ၏ သုံးပုံတစ်ပုံခန့်မှာ ကလေးငယ်များဖြစ်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဩဂုတ် ၁၉ ရက်၌ ထုတ်ပြန်သည့် နောက်ဆုံးအခြေအနေ အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

UNICEF ၏ အဆိုအရ အသက် ၁၇ နှစ်နှင့်အောက် ကလေးငယ်များမှာ အတည်ပြုလူနာများ၏ ၂၁ ရာခိုင်နှုန်းခန့်ရှိသော်လည်း သေဆုံးမှုများ၏ ၃၃ ရာခိုင်နှုန်းရှိကြောင်း၊ ကလေးငယ်များကြားတွင် "စိုးရိမ်ဖွယ်ရာ သေဆုံးနှုန်း မြင့်တက်လာရသည့်လားရာ" ကို ထောက်ပြနေကာ သင့်လျော်သော ကလေးအထူးကု ဆေးကုသစောင့်ရှောက်မှုကို ဆက်လက်အလေးထားရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ကုသရေးဝန်ဆောင်မှုများမှာ ဖိအားအောက်တွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း UNICEF က သတိပေးခဲ့သည်။ ဝန်ဆောင်မှုပေးရာတွင် လွှဲပြောင်းမှုနှောင့်နှေးခြင်း၊ လူနာများပြည့်ကျပ်နေခြင်း၊ အရေးပေါ်စောင့်ရှောက်မှုနှင့် ကလေးအထူးကုစွမ်းဆောင်ရည် ကန့်သတ်ချက်များ၊ အရင်းအမြစ်ကန့်သတ်ချက်များနှင့် အချက်အလက်အစီရင်ခံမှုတွင် ကွာဟချက်များလည်း ရှိကြောင်း အေဂျင်စီက ဆိုသည်။

အမေရိကန်က ကနေဒါအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းကို ၃ ရက်ကြာ ရပ်ဆိုင်းထားသည်ဟု ထရမ့် ပြော

ဩဂုတ် ၁၉ ရက် မှစတင်ရန် စီစဉ်ထားသော ကနေဒါကုန်ပစ္စည်းအချို့အပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းကို ၃ ရက်ကြာ ရပ်ဆိုင်းလိုက်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ဩဂုတ် ၁၈ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ကနေဒါနှင့် အမေရိကန်တို့သည် စာရွက်စာတမ်းအပြီးသတ်လုပ်ဆောင်မှုပေါ် မူတည်၍ သဘောတူညီချက်တစ်ခု ရရှိခဲ့ကြောင်း ထရမ့်က Truth Social တွင် ပို့စ်တင်ရေးသားခဲ့သည်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီကလည်း "အရေးကြီးသောလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးသော်လည်း" သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သည်ဟု နောက်ပိုင်းတွင် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။  (Xinhua)

………..

(English Version)

Daily World Briefing, Aug. 20

U.S. national debt tops 40 trillion USD for first time in history

The U.S. national debt has surpassed 40 trillion dollars for the first time in history, according to data released by the Treasury Department on Wednesday.

The data shows that debt held by the public and intragovernmental holdings stood at 32.266 trillion dollars and 7.782 trillion dollars, respectively, bringing total public debt outstanding to 40.047 trillion dollars as of Tuesday.

The milestone, reached months earlier than expected, reflects the U.S. federal government's persistent budget deficits, as spending continues to exceed revenue, adding to the national debt.

Iran warns regional states against assisting U.S. Army

A top Iranian military general on Wednesday warned countries in the West Asia region against assisting an "aggressive" U.S. Army.

Ali Abdollahi, chief of staff of the Iranian Armed Forces, made the remarks in a social media post while stressing that Iran is monitoring every movement in the region.

"We warn that providing any assistance or facility to the aggressive U.S. Army constitutes complicity with U.S. military forces," Abdollahi said.

Trump threatens "most crushing" economic warfare, accuses Iran of failing to make deal

U.S. President Donald Trump announced on Wednesday what he described as "the most crushing economic operation ever taken against any country."

"This will be Economic Warfare and Isolation on an unprecedented scale," Trump posted on Truth Social, accusing Iran of failing to take the opportunity to make a deal.

"Their navy is gone, their air force is destroyed, their military factories are now rubble, their currency is worthless, and their country is hanging by a thread," he said.

Children account for one-third of reported Ebola deaths in DR Congo: UNICEF

Children account for about one-third of reported deaths in the ongoing Ebola outbreak in the Democratic Republic of the Congo (DRC), despite representing only around one-fifth of confirmed cases, the United Nations Children's Fund (UNICEF) said Wednesday in its latest situation report.

According to UNICEF, children aged 17 and below account for approximately 21 percent of confirmed cases but 33 percent of reported deaths, pointing to a "concerning upward trend" in the mortality burden among children, calling for continued attention to appropriate pediatric care.

UNICEF warned that treatment services remain under pressure. Service delivery has been affected by delayed referrals, overcrowding, limited critical care and pediatric capacity, resource constraints and gaps in data reporting, according to the agency.

Trump says U.S. pauses 50 pct tariffs against Canada for 3 days

U.S. President Donald Trump said late Tuesday that the 50 percent tariffs on some Canadian goods scheduled to take effect Wednesday were paused for three days.

Canada and the United States had reached a deal, subject to the finalization of documents, Trump said in a post on Truth Social.

Canadian Prime Minister Mark Carney later said in a statement that substantial progress has been made, "although there is important work still to be done."