
တိုကျို၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
ဂျပန်ပြည်သူ တစ်သောင်းကျော်သည် သြဂုတ် ၁၉ ရက် ညပိုင်းတွင် တိုကျိုမြို့ လွှတ်တော်အဆောက်အအုံရှေ့၌ ဆန္ဒပြစုဝေးပွဲ ကျင်းပပြီး ဆာနာအဲ တာကာအိချိအစိုးရ၏ မကြာသေးမီက သမိုင်းအမြင်၊ လုံခြုံရေးအာမခံချက် စသည့် ကဏ္ဍများတွင် ပြုလုပ်နေသော အန္တရာယ်ရှိသည့်လှုပ်ရှားမှုများကို ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။
စီစဉ်သူများ၏ ပြောကြားချက်အရ လူပေါင်း ၁၅,၀၀၀ ခန့်သည် ဆန္ဒပြစုဝေးပွဲသို့ ကိုယ်တိုင်တက်ရောက်ခဲ့ပြီး၊ နောက်ထပ် လူပေါင်း ၂၅,၀၀၀ ခန့်သည် အွန်လိုင်းမှတစ်ဆင့်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ စုဝေးပွဲ၌ ဆန္ဒပြသူများသည် "စစ်ရေးချဲ့ထွင်မှုကို ဆန့်ကျင်ကြ" ဟူသော စာတန်းများကို ကိုင်ဆောင်ကာ "ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ကြ" "တာကာအိချိ ရာထူးမှ ချက်ချင်း နုတ်ထွက်ပေး" စသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။ စုဝေးပွဲ၏ အဓိကအကြောင်းအရာတစ်ခုမှာ "စစ်ပွဲကို ပြန်လည်မသုံးသပ်ဘဲ ကျူးလွန်ခဲ့သော သမိုင်းကြောင်းကို တည့်မတ်စွာ ရှုမြင်ခြင်းမရှိသော နိုင်ငံရေးသမားများ ချက်ချင်းနုတ်ထွက်သင့်သည်" ဟူ၍ ဖြစ်ကြောင်း သိရသည်။
ဂျပန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Fukushima Mizuho က အင်တာဗျူးတစ်ခုတွင် တာကာအိချိသည် သြဂုတ် ၁၅ ရက် "နိုင်ငံတစ်ဝန်း စစ်ပွဲ၌ကျဆုံးသူများ အောက်မေ့ဖွယ် အခမ်းအနား" ၌ စစ်ပွဲအတွက် "ပြန်လည်သုံးသပ်ခြင်း" ကို ဖော်ပြမှုမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တာကာအိချိသည် ဟီရိုရှီးမားနှင့် နာဂါဆာကီတို့တွင် ကျင်းပသော အဏုမြူဗုံးကျဲခံရသည့် အထိမ်းအမှတ်ပွဲများ၌ "နျူကလီးယားကင်းစင်ရေးမူဝါဒသုံးရပ်" ကို ဝေဝေဝါးဝါးသာ ဖော်ပြပြီး ဂျပန်အနေဖြင့် ယင်းမူဝါဒကို ဆက်လက်လက်ကိုင်ထားသွားမည်လားဟူသည့်အချက်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြခြင်းမရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။
"ဒါက အလွန်တရာ ဆိုးရွားတဲ့ ပြဿနာပါ" ဟု ၎င်းက ဆိုသည်။
အိုကီနာဝါစီရင်စုမှ အရပ်သားတစ်ဦးဖြစ်သည့် ယိုနီဆီ ဆေ့ရှင်းက တာကာအိချိအစိုးရသည် စစ်အင်အားတိုးချဲ့ရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပြီး ဂျပန်နိုင်ငံ၏ လက်ရှိမူဝါဒများသည် "အလွန်ပြင်းထန်သော စစ်ကိုလိုလားမှု" ကို ပြသနေသည်ဟု ပြောကြားခဲ့သည်။
ဆန္ဒပြသူ ဆာကုမာက ဂျပန်အစိုးရ၏ မကြာသေးမီက "အမျိုးသားထောက်လှမ်းရေးအေဂျင်စီ" တည်ထောင်ခြင်းအပါအဝင် ဆောင်ရွက်ချက်များကို ကန့်ကွက်ပြီး "စစ်ပွဲရဲ့ ခြေလှမ်းသံများ နီးကပ်လာနေပြီ" ဟု ယူဆကြောင်း ပြောကြားခဲ့သည်။
လူထုစုဝေးပွဲကို ကနာဂါဝါစီရင်စုမှ လာရောက်ပါဝင်သော ဆရာမ ကိုဂျီးမားက ဂျပန်ကုမ္ပဏီလုပ်ငန်းအချို့သည် ၎င်းတို့၏ ငွေအရင်းအနှီးနှင့် အရင်းအမြစ်များကို ဒရုန်းနှင့် လက်နက်ထုတ်လုပ်ရေးသို့ လွှဲပြောင်းနေသည်ကို တွေ့ရကြောင်း၊ ယင်းက ၎င်းအား အလွန်စိုးရိမ်မှုဖြစ်စေကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီက တာကာအိချိအစိုးရသည် စစ်အင်အားတိုးချဲ့ခြင်းနှင့် စစ်လက်နက်ပြင်ဆင်ခြင်းကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသလို ကာကွယ်ရေးဘတ်ဂျက်ကို ဆက်တိုက်သိသိသာသာ တိုးမြှင့်ခြင်း၊ လူသေကျေပျက်စီးစေသည့်လက်နက်များ တင်ပို့မှုကို ဖြေလျှော့ပေးခြင်း၊ တာလတ်နှင့် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားခြင်းကို တွန်းအားပေးခြင်း၊ ထိုးစစ်ဆင်သည့် စစ်အင်အားကို တိုးချဲ့ခြင်းနှင့် ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တွန်းအားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
တစ်ချိန်တည်းတွင် တာကာအိချိကိုယ်တိုင်ကလည်း ဂျပန်နိုင်ငံသည် အနာဂတ်တွင် "နျူကလီးယားကင်းစင်ရေးမူဝါဒသုံးရပ်" ကို ဆက်လက် လက်ကိုင်ထားမည်လားဟူသည့်အချက်ကို ထပ်ခါတလဲလဲ ရှင်းလင်းပြတ်သားစွာ ဖြေကြားခြင်းမရှိချေ။ သက်ဆိုင်ရာ အန္တရာယ်ဦးတည်သည့် လှုပ်ရှားမှုများသည် ဂျပန်ပြည်တွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ပြည်သူများအကြား စိုးရိမ်ပူပန်မှုကို စဉ်ဆက်မပြတ် ဖြစ်ပေါ်စေလျက်ရှိသည်။ (Xinhua)

--------------------------------
(Chinese Version)
日本民众集会抗议高市政府错误历史认知和危险动向
新华社东京8月19日电(记者梁晨 李林欣)上万名日本民众19日晚在东京国会议事堂前举行抗议集会,反对高市早苗政府近期在历史认知、安全保障等领域的一系列危险动向。
据组织方介绍,约1.5万人现场参加集会,另有约2.5万人在线参加。现场,抗议者手举“反对军事扩张”标语,高喊“守护和平宪法”“高市马上下台”等口号。集会的主题之一是“不反省战争、不正视加害历史的政治家应立即下台”。
日本社民党党首福岛瑞穗在接受采访时表示,高市在8月15日“全国战殁者追悼仪式”上没有提及对战争的“反省”。她还指出,高市在广岛和长崎举行的原子弹爆炸纪念活动上对“无核三原则”含糊表态,未明确表示日本将继续坚持该原则,“这是非常严重的问题”。
来自冲绳县的民间人士米须清真说,高市政府正在走扩军路线,日本当前的政策表现出“很强的好战性”。
抗议者佐久间说,他反对日本政府近期设立“国家情报局”等一系列举措,认为“战争的脚步声正在逼近”。从神奈川县赶来参加集会的教师小岛表示,日本部分企业正将资金和资源转向无人机及武器制造,这令她十分担忧。
近期,高市政府加速扩军备武,持续大幅扩充军费、放宽杀伤性武器出口、推进部署中远程导弹、扩充进攻性军事力量、推动修改和平宪法。同时,高市本人对日本未来是否继续坚持“无核三原则”一再含糊其辞。相关危险动向持续引发日本国内和平团体和民众担忧。(完)
1. 7月10日,在位于日本东京的国会议事堂前,民众手持标语参加抗议集会。新华社记者 岳晨星 摄
2. 7月10日,在位于日本东京的国会议事堂前,民众手持标语参加抗议集会。新华社记者 岳晨星 摄








