ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဆန်ဆိုဂျီ ဘုရားကျောင်းအနီးတွင် လည်ပတ်နေသော ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဆန်ဆိုဂျီ ဘုရားကျောင်းအနီးတွင် လည်ပတ်နေသော ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

ဂျပန်အစိုးရခရီးသွားလုပ်ငန်းအဖွဲ့အစည်း (JNTO) ၏ ဩဂုတ် ၁၉ ရက် ထုတ်ပြန်သော အချက်အလက်များအရ ယခုနှစ် ပထမ ၇ လအတွင်း တရုတ်ပြည်မကြီးမှ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သူဦးရေသည် ယမန်နှစ် ကာလတူထက် ၅၆.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယင်းအနက် ဇူလိုင်လ၌ ယမန်နှစ် ကာလတူထက် ၅၆.၁ ရာခိုင်နှုန်း ကျဆင်းကာ ၈ လ ဆက်တိုက် ယမန်နှစ် ကာလတူထက် ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ထိုင်ဝမ်နှင့်ပတ်သက်သော မှားယွင်းသည့်ပြောကြားချက်များ ထုတ်ပြန်ပြီးချိန်မှစ၍ တရုတ်ပြည်မကြီးမှ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သူဦးရေသည် စဉ်ဆက်မပြတ်ကျဆင်းခဲ့သည်။  ယခုနှစ် ပထမ ၇ လအတွင်း တရုတ်ပြည်မကြီးမှ ခရီးသွားဧည့်သည်ဦးရေသည် ဂျပန်နိုင်ငံသို့ လာရောက်သော နိုင်ငံခြားခရီးသွားဧည့်သည်စုစုပေါင်း၏ ၁၀.၁ ရာခိုင်နှုန်းသာရှိပြီး ၂၀၂၅ ခုနှစ် အလားတူကာလ၏ ၂၂.၈ ရာခိုင်နှုန်းထက် များစွာကျဆင်းသွားခဲ့ကြောင်း ဂျပန် Nikkei သတင်းဌာန၏ ဩဂုတ် ၁၉ ရက် ဖော်ပြချက်အရ သိရသည်။

ယခုနှစ် ပထမ ၇ လအတွင်း ဂျပန်နိုင်ငံသို့ လာရောက်သော စုစုပေါင်းနိုင်ငံခြားခရီးသွားဧည့်သည်အရေအတွက်သည်လည်း ယမန်နှစ် ကာလတူထက် ကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်။ လက်ရှိဦးတည်ချက်အတိုင်းသာ ဆက်သွားပါက ၂၀၂၆ ခုနှစ် တစ်နှစ်တာလုံးအတွက် ဂျပန်နိုင်ငံသို့ လာရောက်သော နိုင်ငံခြားခရီးသွားဦးရေမှာ ယမန်နှစ်ထက် ကျဆင်းသွားနိုင်ပြီး ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျဆင်းလာနိုင်သည်ဟု သုံးသပ်သူများက ယူဆထားကြောင်း သိရသည်။ (Xinhua)

........................................

(Chinese Version)

今年前7个月中国内地访日游客数量同比降56.3%

新华社东京8月19日电(记者李诗萌 蓝建中)日本政府观光局19日公布的数据显示,今年前7个月,中国内地访日游客数量同比下降56.3%,其中,7月同比下降56.1%,是连续第8个月同比下降。

自日本首相高市早苗发表涉台错误言论以来,中国内地赴日游客数量持续走低。据《日本经济新闻》19日报道,今年前7个月,中国内地游客占访日外国游客总数的10.1%,远低于2025年同期的22.8%。

今年前7个月,访日外国游客总数也出现同比下降。有分析认为,按目前趋势,2026年全年访日外国游客数量或将低于上年,时隔5年再次下降。(完)

图说1:2026年1月20日,游客在日本东京浅草寺附近游览。新华社记者 贾浩成 摄