
နယူးယောက်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက သြဂုတ် ၁၉ ရက်တွင် ရေရှည်နိုင်ငံတော်ငွေတိုက်စာချုပ် ပြန်လည်ဝယ်ယူမှုပမာဏကို များစွာ တိုးမြှင့်မည်ဟု ကြေညာပြီးနောက် အမေရိကန် ရေရှည်နိုင်ငံတော်ငွေတိုက်စာချုပ်အမြတ်နှုန်းများ သိသိသာသာ ကျဆင်းသွားကာ ဒေါ်လာငွေကြေး အားနည်းလာပြီး ကမ္ဘာ့ရွှေဈေး သိသိသာသာ မြင့်တက်လာခဲ့သည်။ ထိုနေ့တွင် နယူးယောက်ကုန်စည်ဒိုင်ရှိ ရွှေအနာဂတ်ဈေးနှုန်းသည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၅၀၀ ကျော်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက သြဂုတ် ၁၉ ရက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ရေရှည်နိုင်ငံတော်ငွေတိုက်စာချုပ်ဈေးကွက်အတွက် လည်ပတ်စီးဆင်းမှု ပိုမိုပံ့ပိုးပေးနိုင်ရန်အလို့ငှာ ၁၀ နှစ်မှ နှစ်၃၀ အထိ သက်တမ်းရှိသည့် နိုင်ငံတော်ငွေတိုက်စာချုပ် ပြန်လည်ဝယ်ယူမှုပမာဏကို အနည်းဆုံး နှစ်ဆ တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသတင်းထွက်ပေါ်ပြီးနောက် အမေရိကန်၏ ရေရှည်နိုင်ငံတော်ငွေတိုက်စာချုပ်ဈေးနှုန်းများ မြင့်တက်ကာ အမြတ်နှုန်းထား ပြန်လည်ကျဆင်းသွားခဲ့သည်။ ယခင်က အချိန်အတိုင်းအတာတစ်ခုအတွင်း ၅.၃၄ ရာခိုင်နှုန်းခန့်အထိ မြင့်တက်ခဲ့သော နှစ် ၃၀ ကာလ အမေရိကန် နိုင်ငံတော်ငွေတိုက်စာချုပ် အမြတ်နှုန်းမှာ သိသိသာသာ ကျဆင်းသွားကာ ကန်ဒေါ်လာညွှန်းကိန်းလည်း ကျဆင်းသွားခဲ့သည်။
အမေရိကန် အဖိုးတန်သတ္တုလေ့လာသုံးသပ်သူ Robert Gottlieb က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရေရှည်နိုင်ငံတော်ငွေတိုက်စာချုပ် ပြန်လည်ဝယ်ယူမှုပမာဏ တိုးချဲ့ခြင်းသည် "ဈေးကွက်ခန့်မှန်းချက်ကို လုံးဝကျော်လွန်သွားကြောင်း"၊ အမေရိကန် ရေရှည်နိုင်ငံတော်ငွေတိုက်စာချုပ်အမြတ်နှုန်းထား ကျဆင်းမှုနှင့် ကန်ဒေါ်လာနောက်ထပ်အားနည်းလာနိုင်မှုတို့က ရွှေအတွက် သိသိသာသာ အကျိုးရှိစေကြောင်း ပြောကြားခဲ့သည်။
အမေရိကန် ဖက်ဒရယ်အစိုးရ၏ ကြွေးမြီစုစုပေါင်းပမာဏမှာ ကန်ဒေါ်လာ ၄၀ ထရီလီယံ ကျော်လွန်သွားပြီ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။ ဈေးကွက်ကျွမ်းကျင်သူများက ရေရှည်နိုင်ငံတော်ငွေတိုက်စာချုပ် ပြန်လည်ဝယ်ယူမှုကို ချဲ့ထွင်ခြင်းသည် ရေရှည်ငွေတိုက်စာချုပ် ဈေးကွက်အပေါ် သက်ရောက်နေသော ဖိအားများကို သက်သာစေရန် အထောက်အကူပြုနိုင်သော်လည်း အမေရိကန်၏ ဘဏ္ဍာငွေလိုငွေပြမှုနှင့် ကြွေးမြီများ စဉ်ဆက်မပြတ်ဖောင်းပွလာမှု စသည့် ပြဿနာများကိုမူ ဖြေရှင်းပေးနိုင်မည် မဟုတ်ဟု ယူဆကြသည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
美国扩大长期国债回购规模推动金价大涨
新华社纽约8月19日电(记者徐静)美国财政部19日宣布将大幅增加长期国债回购规模后,美国长期国债收益率明显回落,美元走弱,国际金价大幅上涨。当天,纽约商品交易所黄金期货价格突破每盎司4500美元。
美国财政部19日发表声明说,计划将10年至30年期国债回购规模扩大至少一倍,旨在为长期国债市场提供更多流动性支持。消息公布后,美国长期国债价格上涨、收益率回落。此前一度升至5.34%左右的30年期美国国债收益率明显下降,美元指数也走低。
美国贵金属分析师罗伯特·戈特利布说,美国财政部扩大长期国债回购规模“完全出乎市场预料”,长期美债收益率下降以及美元可能进一步走弱,对黄金构成明显利好。
美国财政部数据显示,美国联邦政府债务总额已突破40万亿美元。市场人士认为,扩大长期国债回购有助于缓和长期债券市场压力,但并不能解决美国财政赤字和债务持续膨胀等问题。(完)
1. 1月29日,在浙江省湖州市长兴县雉城街道恒太九汇城的一家黄金店,店员在整理黄金饰品。新华社发(谭云俸摄)
2. 8月19日在美国纽约拍摄的手机画面显示的是美国联邦政府债务总额突破40万亿美元。新华社记者 张凤国 摄








