ပြုံယမ်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) ၏ ဩဂုတ် ၁၉ ရက် သတင်းထုတ်ပြန်ချက်အရ မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီ၏ ဌာနညွှန်ကြားရေးမှူး ကင်ယိုဂျွန်က ဝါရှင်တန်ဘက်မှ မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်များ မကြာသေးမီက ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ဟူသော သတင်းနှင့်ပတ်သက်၍ “ကျွန်မအနေနဲ့ လုံးဝ မသိပါ” ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအပေါ် အမေရိကန် ထားရှိသည့် ရန်လိုသောမူဝါဒမှာ ပြောင်းလဲသွားခြင်း မရှိသေးဘဲ အမေရိကန်နှင့် ၎င်း၏နောက်လိုက်များမှာ ယနေ့တိုင် မြောက်ကိုရီးယားအပေါ်  ရန်လိုသော စစ်ရေးလှုပ်ရှားမှုများကို အားတက်သရော ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကင်ယိုဂျွန်က ပြောကြားခဲ့သည်။ ထို့ကြောင့် မြောက်ကိုရီးယား-အမေရိကန် ခေါင်းဆောင်များအကြား ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားကြသော်လည်း မိမိနိုင်ငံ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် အင်အားစုများကို ဟန့်တားရန် မြောက်ကိုရီးယားက ဆောင်ရွက်သော အချုပ်အခြာအာဏာပိုင်ဆိုင်ရာ လှုပ်ရှားမှုများသည် အလွန်ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်ကာ မရှိမဖြစ် လိုအပ်လှကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

.......................

(Chinese Version)

金与正:对朝美领导人近期沟通事宜一无所知

新华社平壤8月19日电(记者王天僚)据朝中社19日报道,朝鲜劳动党中央委员会部长金与正说,对华盛顿方面关于朝美两国领导人最近进行沟通的消息,“我一无所知”。  

金与正说,美国对朝鲜的敌对政策并未改变,美国及其追随者至今仍在大力开展对朝敌对军事活动。因此,尽管朝美两国领导人之间维系着良好关系,但朝鲜为遏制威胁本国安全势力而采取的主权行动是非常合理、恰当和必要的。(完)