တရုတ်နိုင်ငံ ချုံချင့်မြို့ ယွီကျုံးခရိုင် ဟုန်ရာတုန့် ရှုခင်းသာနေရာတွင် လာရောက်လည်ပတ်နေသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့်မြို့ ယွီကျုံးခရိုင် ဟုန်ရာတုန့် ရှုခင်းသာနေရာတွင် လာရောက်လည်ပတ်နေသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ဩဂုတ် ၂၀ ရက်မှစ၍ ကာဂျစ္စတန်၊ ဗီယက်နမ် နိုင်ငံသားများအနေဖြင့် နာရီ ၂၄၀  ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်ဖြတ်သန်းခွင့်မူဝါဒနှင့် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်နှင့်အတူ ပြည်ဝင်နိုင်သည့် မူဝါဒဖြင့် တရုတ်နိုင်ငံသို့ လာရောက်နိုင်ကြောင်း တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနက ဩဂုတ် ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် နာရီ ၂၄၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်ဖြတ်သန်းခွင့် မူဝါဒ အသုံးပြုနိုင်သော နိုင်ငံအရေအတွက်မှာ ၅၇ နိုင်ငံအထိ တိုးလာပြီး ဟိုင်နန်ပြည်နယ်တွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်သည့် မူဝါဒ အသုံးပြုနိုင်သောနိုင်ငံများအနေဖြင့်လည်း ၆၁ နိုင်ငံအထိ တိုးလာကြောင်း သိရသည်။

ကာဂျစ္စတန်၊ ဗီယက်နမ်နိုင်ငံသားများအနေဖြင့် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ကာ သေချာသော ခရီးစဉ်ရက်စွဲနှင့် ခရီးစဉ် ခရီးသွားလက်မှတ်များ ပါရှိပြီး တရုတ်နိုင်ငံအား ပြည်ဝင်ဖြတ်သန်း၍ တတိယနိုင်ငံ သို့မဟုတ် ဒေသသို့ သွားရောက်ပါက ပေကျင်း၊ ရှန်ဟိုင်း စသည့် ပြည်ပအတွက် ဖွင့်လှစ်ထားသော ပြည်ဝင်ဂိတ်များထံမှ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်ကာ သတ်မှတ်ထားသောဒေသအတွင်း၌ နာရီ ၂၄၀ ထက် မကျော်လွန်ဘဲ နေထိုင်နိုင်ကြောင်း သိရသည်။ အဆိုပါနှစ်နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် ဟိုင်နန်ပြည်နယ်၏ ပြည်ဝင်ဂိတ်များမှတစ်ဆင့်  ပြည်ဝင်ပြီး ဟိုင်နန်ပြည်နယ် အုပ်ချုပ်ရေးဒေသအတွင်း၌ ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၃၀ ထက်မကျော်လွန်ဘဲ နေထိုင်နိုင်သည်။

အထက်ပါ ဗီဇာကင်းလွတ်ခွင့်မူဝါဒနှစ်ရပ်အား အသုံးပြု၍ ပြည်ဝင်သည့်ကာလအတွင်း ခရီးသွားလာမှု၊ စီးပွားကုန်သွယ်မှု၊ လေ့လာရေးခရီး၊ ဆွေမျိုးမိသားစုနှင့်တွေ့ဆုံမှု စသည့် ကာလတိုလှုပ်ရှားမှုများ လုပ်ဆောင်နိုင်ပြီး အလုပ်လုပ်ခြင်း၊ ပညာသင်ကြားခြင်း၊ သတင်းအင်တာဗျူးမေးမြန်းခြင်း စသည့် ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်သော လှုပ်ရှားမှုများအတွက်မူ တရုတ်နိုင်ငံသို့ မလာရောက်ခင် ဗီဇာလျှောက်ထားရန် လိုအပ်သည်။

ကာဂျစ္စတန်၊ ဗီယက်နမ် နိုင်ငံသားများအပေါ် ဗီဇာကင်းလွတ်ခွင့် မူဝါဒနှစ်ရပ် ကျင့်သုံးခြင်းသည် အဆင့်မြင့် ပြည်ပသို့ တံခါးဖွင့်လှစ်မှုအား တည်ငြိမ်စွာ တွန်းအားပေးပြီး အိမ်နီးချင်းနိုင်ငံများနှင့် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်းကို တွန်းအားပေးသည့် လက်တွေ့အစီအမံဖြစ်ကြောင်း၊ နှစ်ဖက် အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးမြှင့်တင်ရန်၊ ခရီးသွားလာမှုနှင့် ကုန်သွယ်စီးပွား လုပ်ကိုင်မှု၊ ခရီးစဉ်လာရောက် ရင်းနှီးမြှုပ်နှံမှုအား ပိုမိုအဆင်ပြေချောမွေ့စေပြီး ထိရောက်မှုမြင့်မားခြင်း တွန်းအားပေးရန်အတွက် အကျိုးပြုကြောင်း တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာန သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်က မိတ်ဆက်ပြောကြားခဲ့သည်။

နောက်တစ်ဆင့်အနေဖြင့် တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို စုစည်းစီမံခန့်ခွဲကာ စည်းကမ်းရှိ၍ စနစ်ကျသော ပြည်ဝင်ပြည်ထွက် စီမံခန့်ခွဲမှုစနစ်ကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ်များ ဝင်ထွက်သွားလာမှုနှင့် နိုင်ငံတကာ ပူးပေါင်းဖလှယ်မှုကို ပိုမိုကောင်းမွန်စွာ မြှင့်တင်ပြီး နိုင်ငံတော်၏ အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှု အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ချုံချင့်မြို့ ယွီကျုံးခရိုင် လီကျီပါ့ ရှုခင်းကြည့်ပလက်ဖောင်းတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်က monorail ရထားအား စားလိုက်သည့် ပုံစံပြုလုပ်၍ ဓာတ်ပုံရိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့်မြို့ ယွီကျုံးခရိုင် လီကျီပါ့ ရှုခင်းကြည့်ပလက်ဖောင်းတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်က monorail ရထားအား စားလိုက်သည့် ပုံစံပြုလုပ်၍ ဓာတ်ပုံရိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------------------------------------------------------

(Chinese Version)

中国240小时过境免签“朋友圈”扩展至57国

新华社北京8月20日电(记者孙鹏程)国家移民管理局8月20日发布公告,自2026年8月20日起,吉尔吉斯斯坦、越南公民可适用240小时过境免签政策和海南30天入境免签政策来华。至此,240小时过境免签政策适用国家增至57国,海南30天入境免签政策适用国家增至61国。  

吉尔吉斯斯坦、越南公民持普通护照和确定日期及行程的联程客票,从中国过境前往第三国或地区,可从北京、上海等65个对外开放口岸免签入境,并在规定区域内免签停留不超过240小时。两国公民持普通护照可由海南省对外开放口岸入境,在海南省行政区域内免签停留不超过30天。适用上述2项免签政策停留期间可从事旅游、商贸、访问、探亲等短期活动,工作、学习、新闻采访等需事先批准的活动仍应在来华前办妥签证。  

国家移民局相关负责人介绍,对吉尔吉斯斯坦、越南公民实施2项免签政策,是稳步推进高水平对外开放、推动构建周边命运共同体的务实举措,有利于进一步促进双方互信合作,推动旅游商贸、访问投资更加便利高效。下一步,国家移民局将统筹发展和安全,坚决维护规范有序的出入境管理秩序,更好促进中外人员往来和国际交流合作,服务国家高水平开放高质量发展。(完)

图说1:8月11日,外国游客在重庆市渝中区洪崖洞景区游览。新华社记者 黄伟 摄

图说2:8月10日,在重庆市渝中区李子坝观景平台,外国游客摆出“吃”轻轨的姿势拍照。新华社记者 黄伟 摄