စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က အက်သလက်တီကို မက်ဒရစ်အသင်းနှင့် မာယော့ကာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ အက်သလက်တီကို မက်ဒရစ်အသင်းမှ ဟူလီယန် အယ်လ်ဗာရက်ဇ် (ဝဲ) နှင့် မာယော့ကာအသင်းမှ မတ်ဖီယိုတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က အက်သလက်တီကို မက်ဒရစ်အသင်းနှင့် မာယော့ကာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ အက်သလက်တီကို မက်ဒရစ်အသင်းမှ ဟူလီယန် အယ်လ်ဗာရက်ဇ် (ဝဲ) နှင့် မာယော့ကာအသင်းမှ မတ်ဖီယိုတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

ဩဂုတ် ၁၉ ရက် ညပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် အက်သလက်တီကိုမက်ဒရစ်အသင်း၏ လာလီဂါ ရာသီသစ်အဖွင့်ပွဲစဉ်၌ တိုက်စစ်မှူး ဟူလီယန် အယ်လ်ဗာရက်ဇ် ပါဝင်နိုင်မည်မဟုတ်ကြောင်း နည်းပြ ဒီယေဂို ဆီမြွန်နီက ပြောကြားခဲ့သည်။

အက်သလက်တီကိုအသင်းမှ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကြယ်ပွင့်ကစားသမားများအား အနားယူချိန် ပိုမိုရရှိစေရန် လွန်ခဲ့သည့် သီတင်းပတ်ကုန်က ရွှေ့ဆိုင်းခဲ့သည့် မာလာဂါအသင်းနှင့် အိမ်ကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားကာ အက်သလက်တီကိုအနေဖြင့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီကို စတင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲစဉ်၌ နွေရာသီတွင် ခေါ်ယူထားသော အက်သလက်တီကို ကစားသမားသစ်များဖြစ်သည့် လီကန်အင်း၊ စပိန်လက်ရွေးစင် အဲလက်စ် ဂရီမာလ်ဒိုနှင့် ဒိန်းမတ်ကွင်းလယ်လူ မော်တင် ဟျူးလ်မန်းတို့မှာ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိသော်လည်း လတ်တလောအနေဖြင့် ယခင်သီတင်းပတ်တွင် တော့တင်ဟမ်အသင်းမှ ပြောင်းရွှေ့လာသည့် ခရစ်ရှန် ရိုမဲရိုးမှာမူ အသင်းလူစာရင်း၌ ပါဝင်လာရန် အချိန်စောလွန်းနေဖွယ်ရှိသည်။

သို့သော် အယ်လ်ဗာရက်ဇ်မှာ အသင်းမှထွက်ခွာလိုသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အာရုံစိုက်စရာ အခြေအနေအဖြစ် ဆက်ရှိနေဆဲဖြစ်ကာ ဘာစီလိုနာအသင်းက ၎င်းအားခေါ်ယူရန် စိတ်အားထက်သန်နေသည်။

အယ်လ်ဗာရက်ဇ်မှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကစားခဲ့ပြီးနောက် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝခြင်း မရှိသေးသဖြင့် မာဆေးလ်မြို့တွင် အက်သလက်တီကိုအသင်း၏ နောက်ဆုံးခြေစမ်းပွဲ၌ အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရသလို လေ့ကျင့်ရေးဆင်းပြီးနောက် တစ်ပတ်ကျော်အကြာ မာလာဂါအသင်းနှင့် ပွဲစဉ်၌လည်း နည်းပြဆီမြွန်နီက ၎င်းအား ထည့်သွင်းကစားစေမည် မဟုတ်ပေ။

"ဩဂုတ် ၂၃ ရက် အက်သလက်တီကို-ဗီလာရီးရဲလ်ပွဲစဉ်မှာ သူ အကောင်းဆုံးပုံစံကို ပြန်ရောက်နိုင်ဖို့ လေ့ကျင့်မှုတွေ နည်းနည်းထပ်လုပ်ဖို့ လိုပါသေးတယ်။ အားကစားရှုထောင့်အရဆိုရင်တော့ ကျွန်တော်တို့ သူနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေ ထပ်လုပ်ဖို့လိုပါတယ်" ဟု ဆီမြွန်နီက ဩဂုတ် ၁၈ ရက် ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောဆိုခဲ့သည်။

အယ်လ်ဗာရက်ဇ်မှာ အသင်း၏ အကောင်းဆုံးတိုက်စစ်ကစားသမားဖြစ်ကြောင်း၊ ၎င်း၏ အလားအလာ၊ ခြေစွမ်းနှင့် အတွေ့အကြုံများအပြင် အသင်းအတွက် စွမ်းဆောင်ခဲ့မှုများအရ ၎င်းအား ဗဟိုပြုကာ အသင်းကို တည်ဆောက်ရန် လိုအပ်ကြောင်း နည်းပြဆီမြွန်နီက အခိုင်အမာပြောခဲ့သည်။

အသင်းအနေဖြင့် အယ်လ်ဗာရက်ဇ်အား ရောင်းထုတ်မည်မဟုတ်ဟူသော အသင်း၏ သဘောထားကို ကိုင်စွဲထားသော်လည်း အဆိုပါ အသက် ၂၆ နှစ်အရွယ် ကစားသမား၏ အကျိုးကိုလည်း အ‌လေးအနက်ထားသည်ဟု ၎င်းက ဆိုသည်။

"အားကစားရှုထောင့်အရ ကျွန်တော်တို့ဟာ လူသားတစ်ယောက်အနေနဲ့ရော ကစားသမားတစ်ယောက်အနေနဲ့ပါ သူ့ကို ဂရုစိုက်ပေးချင်တယ်။ သူ့ရဲ့ကျော်ကြားမှုကို ဆက်ပြီးထိန်းထားနိုင်အောင်ပေါ့။ သူ ဒီပွဲမှာ ပါဝင်ကစားဖို့ အသင့်ဖြစ်နေပြီလို့တော့ ကျွန်တော်မထင်ဘူး။ ဒါပေမဲ့ နောက်လေးရက်အတွင်းမှာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ ပိုပြီးနီးစပ်လာမယ်လို့ မျှော်လင့်ပါတယ်" ဟု ဆီမြွန်နီက အဆုံးသတ်တွင် ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၂၂ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ ဂျုဒ် ဘယ်လင်ဟမ် (ယာ) နှင့် အက်သလက်တီကို မက်ဒရစ်အသင်းမှ ဟူလီယန် အယ်လ်ဗာရက်ဇ်တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၂၂ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ ဂျုဒ် ဘယ်လင်ဟမ် (ယာ) နှင့် အက်သလက်တီကို မက်ဒရစ်အသင်းမှ ဟူလီယန် အယ်လ်ဗာရက်ဇ်တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

...................................................................................

(English Version)

No Alvarez as Atletico Madrid prepares to kick off its new season at home to Malaga

MADRID, Aug. 18 (Xinhua) -- Atletico Madrid coach Diego Simeone said striker Julian Alvarez will not be involved in his side's opening game of the new La Liga season on Wednesday night.

Atletico starts its 2026-2027 campaign at home to Malaga in a game postponed from the weekend to allow the club's World Cup stars more time to recover from the summer tournament.

The game should see summer signings Lee Kang-in, Spain international Alex Grimaldo and Danish midfielder Morten Hjulmand all make their debuts, but could come too soon for the most recent arrival, Cuti Romero, who joined from Tottenham Hotspur last week.

However, Alvarez remains the focus of attention after saying he wants to leave the club, with FC Barcelona keen on signing him.

Alvarez was left out of Atletico's final warm-up game in Marseille due to his lack of fitness after the World Cup final, and Simeone will not include him against Malaga after just over a week of training.

"He needs a little more training to be in top form for Sunday (when Atletico plays Villarreal). From a sporting perspective, we need more training sessions with him," Simeone explained in his pre-game press conference on Tuesday.

The Atletico coach said Alvarez was his side's "best attacking player" and insisted they "need to build a team around him, considering his potential, talent, experience, and what he's given the team during his time here."

The coach stuck to the club's position that Alvarez is not for sale, but insisted he had the 26-year-old's interests at heart.

"From a sporting perspective, we want to take care of the person, the player, so that he continues to uphold his reputation. We don't think he's ready to play in this match, but in four more days we hope to get closer to our goal," concluded Simeone.

Photo Caption 1: Atletico de Madrid's J. Alvarez (L) vies with RCD Mallorca's Maffeo during La Liga football match between Atletico de Madrid and RCD Mallorca in Madrid, Spain, Jan. 25, 2026. (Photo by Gustavo Valiente/Xinhua)

Photo Caption 2: Real Madrid's Jude Bellingham (R) vies with Atletico de Madrid's Julian Alvarez during a La Liga football match between Real Madrid and Atletico de Madrid in Madrid, Spain, on March 22, 2026. (Photo by Gustavo Valiente/Xinhua)