
ဘိုဂိုတာ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာနက ဒေသစံတော်ချိန် သြဂုတ် ၁၈ ရက် ညပိုင်းတွင် ထုတ်ပြန်သည့် နောက်ဆုံးရအချက်အလက်များအရ ဒေသစံတော်ချိန် ယင်းနေ့ ည ၇ နာရီအထိ နိုင်ငံအနောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လူ ၃၁၂ ဦး သေဆုံးကာ ၄,၆၁၁ ဦး ဒဏ်ရာရရှိပြီး ၂၉၀ ဦး ပျောက်ဆုံးနေကြောင်း၊ အခြားသူ ၃၅၈ ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ကိုလံဘီယာနိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၁၅ ခု၊ မြို့နယ် ၄၇၀ မှာ ငလျင်ဘေးဒဏ်ကို ခံစားခဲ့ရပြီး ဘေးဒဏ်သင့်သူ ဦးရေ ၂၉၄,၀၀၀ အထိ ရှိကြောင်း အချက်အလက်များအရ သိရသည်။
ကိုလံဘီယာ ဘူမိဗေဒဌာန၏ ထုတ်ပြန်ချက်အရ ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ဒေသစံတော်ချိန် ဩဂုတ် ၁၀ ရက်က ပြင်းအား ၇.၄ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ငလျင်ဗဟိုချက်မှာ Chocó ပြည်နယ် San José del Palmar မြို့မှ ကီလိုမီတာ ၂၀ ခန့် အကွာတွင်ရှိပြီး ငလျင်အနက်မှာ ၉၆ ကီလိုမီတာ ဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
哥伦比亚强震死亡人数升至312人
新华社波哥大8月18日电(记者李子健)哥伦比亚国家灾害风险管理局18日晚公布的最新数据显示,截至当地时间18日19时,该国西部强震已造成312人死亡、4611人受伤、290人失踪,另有358人获救。
数据显示,哥伦比亚全国有15个省的470个市镇受到此次地震影响,受灾人数达29.4万人。
据哥伦比亚地质局发布的消息,哥伦比亚西部当地时间10日发生7.4级地震,震中距离乔科省圣何塞-德尔帕尔马市约20公里,震源深度96公里。
1. A man checks the damage of a building after an earthquake in Pereira, Colombia on Aug. 14, 2026








