ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂိုတာ El Dorado အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဝန်ထမ်းများက တရုတ်နှင့် ကိုလံဘီယာ နှစ်နိုင်ငံအလံများအား ကိုင်ဆောင်၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂိုတာ El Dorado အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဝန်ထမ်းများက တရုတ်နှင့် ကိုလံဘီယာ နှစ်နိုင်ငံအလံများအား ကိုင်ဆောင်၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက ကိုလံဘီယာနိုင်ငံအား ကူညီပေးသည့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် ဒေသစံတော်ချိန် ဩဂုတ် ၁၈ ရက် နေ့လယ်ပိုင်းတွင် ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂိုတာရှိ El Dorado အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ ကိုလံဘီယာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျူးကျင်းယန်နှင့် ကိုလံဘီယာနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဒေသန္တရအစိုးရ စသည့် ကိုလံဘီယာနိုင်ငံဘက် ကိုယ်စားလှယ်များသည် အဆိုပါလေဆိပ်၌ ထောက်ပံ့ရေးအကူအညီပစ္စည်းများ ပို့ဆောင်ရောက်ရှိခြင်း အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျူးကျင်းယန်က တရုတ်ဘက်အား ကိုယ်စားပြု၍ အမှာစကားပြောကြားရာ၌ တရုတ်နှင့် ကိုလံဘီယာ နှစ်နိုင်ငံသည် အခက်အခဲကို ကျော်ဖြတ်၍ နေ့ညမပြတ်ကြိုးပမ်းကာ အနီးကပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုဖြင့် ထောက်ပံ့ကူညီရေးပစ္စည်းများ အဆင်ပြေချောမွေ့စွာ ရောက်ရှိအောင် တွန်းအားပေးခဲ့ကြောင်း၊ ယင်းသည် တရုတ်-ကိုလံဘီယာ ချစ်ကြည်ရင်းနှီးမှု၏ နက်ရှိုင်းသော ပြည်သူ့ဆန္ဒနှင့် ခိုင်မြဲသော အခြေခံကို အပြည့်အဝ ပေါ်လွင်စေသလို နှစ်နိုင်ငံဆက်ဆံရေး၏ အပြန်အလှန်အကျိုးပြု၍ အပြန်အလှန် ဖေးမကူညီသော တောက်ပြောင်သည့်အရောင်အဆင်းကိုလည်း ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။

ကိုလံဘီယာနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန အကြီးအကဲ David Santiago Tamayo Roldán က ထိုနေ့တွင် ဗီဒီယိုမိန့်ခွန်းပြောကြား၍ အဆိုပါပစ္စည်းများသည် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများက ကိုလံဘီယာနိုင်ငံ အခက်အခဲကြုံတွေ့ရချိန်တွင် ပံ့ပိုးပေးမှုကို ပေါ်လွင်စေကြောင်း၊ ကိုလံဘီယာနိုင်ငံသည် ဒေသန္တရအစိုးရ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ပစ္စည်းခွဲဝေမှုလုပ်ငန်းများအား ကောင်းမွန်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုလံဘီယာနိုင်ငံ Valle del Cauca ပြည်နယ်အစိုးရ ကိုယ်စားလှယ် Sara Mendoza က သတင်းထောက်မေးမြန်းမှုကို ဖြေကြားရာ၌ Valle del Cauca ပြည်နယ်အစိုးရအနေဖြင့် တရုတ်နိုင်ငံအစိုးရက ကူညီပံ့ပိုးပေးမှုကို အလေးအနက်ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါပစ္စည်းများသည် အခက်အခဲကာလအတွင်း ကျရောက်နေသည့် ဒေသခံပြည်သူများကို စိတ်အေးချမ်းသာရာရစေကြောင်း ပြောကြားခဲ့သည်။

အဆိုပါပစ္စည်းများတွင် အဓိကအားဖြင့် မီးစက်၊ ရေသန့်စင်ရေးယာဉ်၊ ပိုးသတ်စက်၊ ဆိုလာစွမ်းအင်ဖြင့် မီးထွန်းပေးသည့် စက်ပစ္စည်း၊ ရွက်ဖျင်တဲနှင့် ခြုံစောင် စသည့် သဘာဝဘေးကယ်ဆယ်ရေး အရေးပေါ်လိုအပ်သည့်ပစ္စည်းများ ပါဝင်ပြီး စုစုပေါင်းတန်ချိန် ၈၀ ခန့်ရှိကြောင်း သိရသည်။

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ဒေသစံတော်ချိန် ဩဂုတ် ၁၀ ရက်က ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ဆိုးရွားသော လူထိခိုက်သေဆုံးမှုနှင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့သည်။ ကိုလံဘီယာနိုင်ငံ၏ ငလျင်ကယ်ဆယ်ရေးနှင့် ငလျင်အလွန် ပြန်လည်တည်ဆောက်ရေးအား ကူညီပံ့ပိုးရန်အတွက် တရုတ်နိုင်ငံအစိုးရက ကိုလံဘီယာနိုင်ငံထံသို့ အရေးပေါ်လက်ငင်းငွေသားကူညီမှုလည်း ပံ့ပိုးပေးရန် ဆုံးဖြတ်ခဲ့သေးကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------------------------------------------------------

(Chinese Version)

中国政府援助哥伦比亚紧急人道主义地震救灾物资运抵

新华社波哥大8月18日电(记者李子健)当地时间18日中午,中国政府向哥伦比亚提供的紧急人道主义地震救灾物资运抵哥首都波哥大埃尔多拉多国际机场。中国驻哥伦比亚大使朱京阳同哥国家灾害风险管理局、外交部及当地政府等哥方代表在机场举行援助物资抵达仪式。  

朱京阳在仪式上代表中方致辞说,中哥双方团队克服困难、昼夜奋战、密切协作,推动援助物资顺利运抵,充分彰显了中哥友谊深厚的民意和坚实基础,也体现了两国关系互利互助的鲜明底色。  

哥国家灾害风险管理局局长戴维·圣地亚哥·塔马约当天发表视频致辞说,这批物资体现了中国政府和人民在哥伦比亚困难时期给予的支持,哥方将与地方政府和救援机构协调做好物资分配工作。  

哥伦比亚考卡山谷省政府代表萨拉·门多萨在接受记者采访时表示,考卡山谷省政府诚挚感谢中国政府提供的援助,这批物资让处在困难时期的当地民众感到安心。  

据了解,该批物资主要包括发电机、净水车、消毒机、太阳能照明设备、帐篷和毯子等救灾急需物资,共约80吨。  

哥伦比亚西部当地时间10日发生7.4级地震,造成严重人员伤亡和财产损失。中国政府还决定向哥方提供紧急现汇援助,支持哥方救灾和灾后重建。(完)

图说1:8月18日,在哥伦比亚首都波哥大埃尔多拉多国际机场,工作人员手持中哥两国国旗留影。新华社记者 李子健 摄

图说2:8月18日,在哥伦比亚首都波哥大埃尔多拉多国际机场,工作人员搬运援助物资。新华社记者 李子健 摄