ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကရင်မလင်နန်းတော် (ဝဲ) နှင့် Saint Basil ကာသီဒြယ်ဘုရားကျောင်း (ယာ) တို့အား ၂၀၂၆ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကရင်မလင်နန်းတော် (ဝဲ) နှင့် Saint Basil ကာသီဒြယ်ဘုရားကျောင်း (ယာ) တို့အား ၂၀၂၆ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၈ ရက်တွင် ရုရှားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Akira Muto အား ဆင့်ခေါ်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi တို့က  Iturup ကျွန်း (ဂျပန်အခေါ် Etorofu ကျွန်း) ပေါ်သို့ ရုရှားသမ္မတ ပူတင် သွားရောက်မှုနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့သော သက်ဆိုင်ရာပြောကြားချက်များနှင့်စပ်လျဉ်း၍ ဂျပန်ထံ အပြင်းအထန် ကန့်ကွက်ခဲ့ပြီး ရုရှားအနေဖြင့် သင့်လျော်သော တန်ပြန်အရေးယူမှုများ ပြုလုပ်ပိုင်ခွင့်ရှိကြောင်း အလေးပေးပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသော သတင်းအရ Akira Muto အား ဆင့်ခေါ်စဉ် ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Mikhail Galuzin က အဆိုပါနှစ်ဦး၏ ရုရှားဆန့်ကျင်ရေး ပြောကြားချက်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြောင်း သိရသည်။ ဂျပန်သည် အနောက်နိုင်ငံများနှင့် အတူလိုက်ပါ၍ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ခြင်းနှင့် ယူကရိန်းအစိုးရကို ထောက်ပံ့ခြင်းတို့ကို အခြေခံပြီး မော်စကိုသည် သင့်လျော်သော တန်ပြန်အရေးယူမှုများ ပြုလုပ်ပိုင်ခွင့်ရှိသည်ကို ဂျပန်သံအမတ်ကြီးအား အသိပေးထားပြီးဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုနေ့တွင် Akira Muto သည် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံအတွင်း မိနစ် ၂၀ ခန့် နေခဲ့သည်။  ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဝင်သွားချိန်နှင့် ထွက်ခွာချိန်တွင် Akira Muto သည် မီဒီယာများ၏ မေးခွန်းများကို ဖြေကြားခြင်းမရှိခဲ့ပေ။  

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဩဂုတ် ၁၇ ရက်တွင် ရုရှားမီဒီယာများထံ ပြောကြားရာတွင် ဂျပန်ခေါင်းဆောင်ပိုင်းအနေဖြင့် ရုရှားကို “တိုက်ခိုက်ခြင်း” ထက် ပြည်တွင်းရေးကိစ္စများကို အာရုံစူးစိုက်ရန် အကြံပြုခဲ့သည်။  Lavrov က ဂျပန်သည် ၎င်းနှင့်ရင်းနှီးသောမဟာမိတ်ဖြစ်သည့် အမေရိကန်နှင့် ပူးပေါင်း၍ နှစ်ဖက်ဆန္ဒအတိုင်း နိုင်ငံတကာဥပဒေကို “ပြင်ဆင်ရေးသား” ရန် ကြိုးပမ်းနေကြောင်း၊  ဂျပန်သည် ကိုယ်တိုင်ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် သမိုင်း တာဝန်ဝတ္တရားများမှ လွတ်မြောက်ရန် ကြိုးပမ်းနေခြင်း၊ လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကန့်သတ်ချက်များကို ချိုးဖောက်လျက် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ပြည်ပစစ်ဆင်ရေးများကို ချဲ့ထွင်ရန် ကြိုးပမ်းနေခြင်း၊ ထိုလှုပ်ရှားမှုများစွာမှာ “အလွန်စိုးရိမ်ဖွယ်ရာ” ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။  (Xinhua)

................................

(Chinese Version)

俄外交部召见日本大使 提出强烈抗议

新华社莫斯科8月18日电 俄罗斯外交部18日召见日本驻俄大使武藤显,就日本首相高市早苗、日本外务大臣茂木敏充针对俄总统普京登上伊图鲁普岛(日本称择捉岛)发表的相关言论,向日方提出强烈抗议,强调俄方保留采取适当反制措施的权利。  

据俄外交部网站发布的消息,召见武藤显时,俄副外长加卢津就上述两人的反俄言论提出强烈抗议。俄外交部表示,鉴于日本追随西方对俄制裁,及日本支持乌克兰政府,日本驻俄大使已被告知,莫斯科保留采取适当反制措施的权利。  

当天,武藤显在俄外交部大楼内停留约20分钟。进出俄外交部时,武藤显没有回答媒体提问。  

俄罗斯外交部长拉夫罗夫17日对俄媒表示,建议日本领导层集中精力处理国内事务,而非对俄进行“攻击”。拉夫罗夫指出,日本试图联合与其关系紧密的盟友美国,按照双方意愿“改写”国际法。日本企图逃避自身犯下罪行的历史责任,当下还在突破宪法约束,谋求拓展自卫队海外活动,种种动向“非常令人担忧”。(完)

图说:这是5月16日在俄罗斯首都莫斯科拍摄的克里姆林宫(左)和圣瓦西里教堂。新华社记者 冯开华 摄