အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်သမ္မတ ထရမ့် ကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်သမ္မတ ထရမ့် ကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်သည် ယခုနှစ် ဆောင်းဦးရာသီအစောပိုင်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပနိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် ၎င်း၏ လက်ထောက်များကို တွန်းအားပေးလျက်ရှိကြောင်း အမေရိကန် Wall Street Journal သတင်းစာ၏ ဩဂုတ် ၁၈ ရက် သတင်းများအရ သိရသည်။

ထရမ့်သည် နောက်တစ်ကြိမ် အာရှခရီးစဉ်အတွင်း ကင်ဂျုံအန်းနှင့် လူချင်းတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် သီးသန့်ဆွေးနွေးခဲ့ဖူးပြီး အချိန်ကို နိုဝင်ဘာလတွင် သတ်မှတ်ဖွယ်ရှိကြောင်း အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြထားသည်။

ထို့အပြင် လက်ရှိတွင် ပြင်ဆင်ရေးလုပ်ငန်းများကို တရားဝင် စတင်ဆောင်ရွက်ခြင်း မရှိသေးကြောင်း သတင်း၌ ဆက်လက်ဖော်ပြထားသည်။

ထရမ့်သည် ၎င်းနှင့် ကင်ဂျုံအန်းတို့အကြား "အလွန်ကောင်းမွန်သောဆက်ဆံရေး" ရှိသည်ကို ထည့်သွင်းစဉ်းစား၍ "အမေရိကန်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက သဘောတူခဲ့ခြင်း" အပေါ် မကျေနပ်ကြောင်းနှင့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပမာဏကို အကြီးအကျယ်လျှော့ချရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအား တောင်းဆိုထားပြီးဖြစ်ကြောင်း ဩဂုတ် ၁၆ ရက်တွင် လူမှုကွန်ရက်၌ ပို့စ်ရေးသားဖော်ပြခဲ့သည်။ ထရမ့်က ၎င်းကမ်းလှမ်းခဲ့သော "ဆွေးနွေးပွဲ" တောင်းဆိုမှုကို ကင်ဂျုံအန်းက အကြောင်းပြန်ခဲ့ပြီးဖြစ်ကြောင်း ဩဂုတ် ၁၇ ရက်တွင် အိမ်ဖြူတော်၌ သတင်းမီဒီယာများကို ပြောကြားခဲ့သော်လည်း အကြောင်းပြန်ချက်၌ ပါဝင်သောအကြောင်းအရာကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ (Xinhua)

-------------------

(Chinese Version)

美媒:特朗普寻求今秋与金正恩会晤

 新华社华盛顿8月18日电(记者黄强 徐剑梅)据美国《华尔街日报》18日报道,美国总统特朗普正敦促助手推动最早在今年秋季与朝鲜领导人金正恩举行会晤。

  报道援引美国官员的话说,特朗普曾私下讨论在下次亚洲之行期间与金正恩举行面对面会谈,时间可能选在11月。

  报道还说,目前尚未正式启动筹备工作。

  特朗普16日在社交媒体发文说,考虑到他与金正恩有着“非常良好的关系”,他对于“美国很久以前同意参加与韩国的联合军演”感到不满,表示已要求美国防部大幅缩减美韩联合军演规模。特朗普17日还在白宫对媒体称,金正恩已回应他提出的“对话”请求,但他没有透露回应的内容。

1. 1月20日,在美国首都华盛顿白宫,美国总统特朗普出席记者会。 新华社发(李源清摄)