
မက်ဒရစ်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
ဟိုဆေး မော်ရင်ဟိုအား ရီးရဲလ်မက်ဒရစ်အသင်း၏ နည်းပြသစ်အဖြစ် အသင်း၏ ဗယ်လ်ဒီဘီဘတ်စ် လေ့ကျင့်ရေးကွင်း၌ ဩဂုတ် ၁၈ ရက်က သီးသန့်အခမ်းအနားဖြင့် တရားဝင်မိတ်ဆက်ခဲ့သည်။
မော်ရင်ဟိုမှာ နွေရာသီအစောပိုင်းတွင် ရီးရဲလ်အသင်းနည်းပြအဖြစ် ဒုတိယအကြိမ် အတည်ပြုခန့်အပ်ခံခဲ့ရပြီး ရာသီကြိုကာလ စတင်ချိန်ကတည်းကပင် အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်များကို ဦးဆောင်ခဲ့သော်လည်း ယင်းမတိုင်မီ အသင်းဘက်က ၎င်းအား တရားဝင်မိတ်ဆက်ရခြင်း မရှိသေးပေ။
"ဒါက အိမ်ကိုပြန်လာရသလိုပါပဲ" ဟု ရီးရဲလ်မက်ဒရစ်အသင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ထုတ်ပြန်ချက်၌ မော်ရင်ဟိုက ပြောကြားခဲ့သည်။
အဆိုပါ ပေါ်တူဂီနိုင်ငံသားနည်းပြမှာ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အသင်းအား ပထမအကြိမ် ကိုင်တွယ်ခဲ့ရာတွင် လာလီဂါဆုဖလားတစ်ကြိမ်နှင့် စပိန်ဘုရင့်ဖလား၊ စပိန်စူပါဖလားတို့ကို ဆွတ်ခူးပေးခဲ့သော်လည်း ၎င်း၏ တစ်ကျော့ပြန်ခရီးမှာ ပထမတစ်ကြိမ်ကထက်ပင် ပိုမိုထူးခြားကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပထမတစ်ကြိမ်မှာ ကမ္ဘာ့ထိပ်တန်းအဆင့်ကို တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးရန်ဖြစ်ကာ ယခုတစ်ကြိမ်မှာမူ ပိုမိုစိတ်လှုပ်ရှားစရာကောင်းပြီး စိတ်အားထက်သန်စရာ အတွေ့အကြုံဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ဒါက မစ်ရှင်တစ်ခုလိုပါပဲ" ဟု မော်ရင်ဟိုက ဆိုသည်။ "ကိုယ့်ကိုယ်ကိုယ်ရော ဒါမှမဟုတ် ကျွန်တော် အကျိုးအမြတ် များများရမလား နည်းနည်းပဲရမလားဆိုတာကိုပါ မစိုးရိမ်ပါဘူး။ ကစားသမားတွေရော ဝန်ထမ်းတွေပါမကျန် အားလုံးပိုပြီးတိုးတက်လာအောင် ကူညီဖို့ ကျွန်တော် ဒီကိုလာခဲ့တာပါ။ အလုပ်လုပ်ပုံ၊ တာဝန်ယူမှုနဲ့ ရည်မှန်းချက် ပြီးတော့ ကျွန်တော် ကောင်းကောင်းသိထားတဲ့ ရီးရဲလ်မက်ဒရစ်မှာ အလုပ်လုပ်ရခြင်းရဲ့ တာဝန်နဲ့ ဂုဏ်သိက္ခာဆိုတဲ့ ယဉ်ကျေးမှုကိုဖန်တီးဖို့ပါ” ဟုလည်း ၎င်းက ပြောသည်။
"ကျွန်တော်လည်း ခင်ဗျားတို့ထဲက တစ်ယောက်ပါပဲ။ အမြဲတမ်း ဒီအတိုင်းပါပဲ။ ရီးရဲလ်မက်ဒရစ်အတွက် အလုပ်လုပ်ရတာက ကျွန်တော့်အတွက် ဘယ်လောက်အဓိပ္ပာယ်ရှိတယ်ဆိုတာ ခင်ဗျားတို့ တွေးကြည့်နိုင်ပါတယ်။ ဒါက လူတိုင်းလိုက်နာရမယ့် မူဝါဒတစ်ခုပါ။ ရီးရဲလ်မက်ဒရစ်အတွက် ကြိုးစားပြီး အလုပ်လုပ်ကြပါ" ဟု ၎င်းက အဆုံးသတ်တွင် ထည့်သွင်းပြောကြားခဲ့သည်။
ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် ဩဂုတ် ၂၂ ရက်တွင် အက်စ်ပန်ညိုအသင်းကို အိမ်ကွင်း၌ ဧည့်ခံကစားကာ ရာသီသစ်ကို စတင်မည်ဖြစ်သည်။ (Xinhua)
............................................................................
(English Version)
Jose Mourinho: Coaching Real Madrid is a mission
MADRID, Aug. 18 (Xinhua) -- Jose Mourinho was officially presented as the new Real Madrid coach at a private ceremony at the club's Valdebebas training ground on Tuesday.
Although Mourinho was confirmed for a second spell at the club at the start of the summer and has been leading training sessions since the start of preseason, he had not previously been formally presented by the club.
"This is like coming home," Mourinho said in comments published on the Real Madrid website.
The Portuguese coach's first spell between 2010 and 2013 saw the club win one La Liga title, the Copa del Rey and the Spanish Super Cup, but he insisted his return was "even more special than the first time because then it was about reaching the top of the world, and now it's a more emotional and heartfelt experience."
"It's like a mission," he said. "It's not about being worried about myself or whether I'm going to earn a lot or a little. I'm here to help everyone be better: players, staff... To create a culture of work, responsibility, ambition, and something I know well, which is the responsibility and honor of working for Real Madrid."
"I'm one of you, I always have been, and you can imagine what it means to me to work for Real Madrid. This is a principle that everyone must follow: Work for Real Madrid," he concluded.
Real Madrid kicks off its new season at home to Espanyol on Saturday.
Photo Caption 1: Real Madrid's players celebrate a goal during La Liga football match between Real Madrid and Deportivo Alaves at Santiago Bernabeu stadium, in Madrid, Spain, on April 21, 2026. (Photo by Gustavo Valiente/Xinhua)
Photo Caption 2: Real Madrid's Federico Valverde (C) celebrates his goal with teammates during a La Liga football match between Real Madrid and Atletico de Madrid in Madrid, Spain, on March 22, 2026. (Photo by Gustavo Valiente/Xinhua)








