အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့်က အီရတ်ဝန်ကြီးချုပ် Ali al-Zaidi အား ကြိုဆိုရန် စောင့်ဆိုင်းနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့်က အီရတ်ဝန်ကြီးချုပ် Ali al-Zaidi အား ကြိုဆိုရန် စောင့်ဆိုင်းနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်သည် အီရန်ဘက်နှင့် ထိတွေ့ဆက်ဆံမှုများကို ရပ်ဆိုင်းထားရန် ၎င်း၏ စေ့စပ်ဆွေးနွေးရေးအဖွဲ့အား ညွှန်ကြားထားပြီး ဖြစ်ကြောင်း အမေရိကန် CNN သတင်းဌာန၏ ဩဂုတ် ၁၈ ရက် သတင်းအရ သိရသည်။

ထရမ့်က အီရန်အနေဖြင့် ၎င်း၏ တောင်းဆိုချက်များအား လိုက်လျောရန် ဆန္ဒမရှိခြင်းအပေါ် မကျေမနပ် ဖြစ်နေကြောင်းနှင့် အီရန်ခေါင်းဆောင်များအနေဖြင့် သဘောဆန္ဒအသစ်ကို ထုတ်လွှင့်ပြီး  ၎င်းလိုလားသော သဘောတူညီချက်ကို ရယူလိုသည့် ဆန္ဒအသစ်ကို ဖော်ပြပြီးနောက်မှသာလျှင် ထိတွေ့ဆက်ဆံမှုများကို ပြန်လည်စတင်လိုကြောင်း အမေရိကန်အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

ဆွေးနွေးမှုလမ်းကြောင်းများ ပြန်လည်စတင်ရန် ကြိုးပမ်းမှုများမှာ ရပ်တန့်သွားပြီး အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဘက်အသီးသီးမှ သံသယဝင်မှုများလည်း ပိုမိုပြင်းထန်လာနေသည့်အတွက် ထရမ့်က ၎င်းအနေဖြင့် ဤပဋိပက္ခနှင့် “ခပ်ကင်းကင်းနေရန်” ပြင်ဆင်ထားသည်ကို အရိပ်အမြွက် ပြသလိုက်ခြင်း ဖြစ်ကြောင်း သတင်းက ယူဆထားသည်။

ထို့အပြင် အမေရိကန်ဘက်မှ နည်းဗျူဟာကို ပြန်လည်ချိန်ညှိနေပြီဖြစ်ရာ မူလက “အီရန်ကို အမြန်ဆုံး ကြီးကြီးမားမား ထိခိုက်စေရန်” မှ “အီရန်ကို တစ်စတစ်စချင်း ဖိနှိပ်ပစ်ရန်” သို့ ပြောင်းလဲလာပြီဖြစ်သည်ဟု အိမ်ဖြူတော် အရာရှိများက နိုင်ငံရေး မဟာမိတ်များထံသို့ မကြာသေးမီက ပြောကြားခဲ့ကြောင်း အတွင်းသိ သတင်းအရင်းအမြစ်၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိတွင်ဖြစ်စေ၊ အနာဂတ်တွင်ဖြစ်စေ အီရန်နိုင်ငံနှင့် မည်သည့်ဆွေးနွေးပွဲ သို့မဟုတ် ဆွေးနွေးပြောကြားမှုမျှ ပြုလုပ်မည်မဟုတ်ကြောင်း ထရမ့်က ဩဂုတ် ၁၈ ရက်တွင် လူမှုကွန်ရက်မီဒီယာပေါ်၌ ပြောကြားခဲ့သည်။ ယခင်က ထရမ့်သည် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သော်လည်း အီရန် တာဝန်ရှိသူများက အကြိမ်ကြိမ် ငြင်းဆိုခဲ့ကြသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Bessent က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့မှုနှင့်အတူ အီရန်နိုင်ငံအား “ယခင်က မကြုံဖူးသေးသော” စီးပွားရေးအရ အထီးကျန်စေမည့် အစီအမံများကို လာမည့်ရက်သတ္တပတ်အတွင်း ကြေညာသွားမည်ဖြစ်ပြီး “မည်သည့်ကုန်ပစ္စည်းမျှ အီရန်ဆိပ်ကမ်းများအတွင်းသို့ ဝင်ရောက်လာခြင်း သို့မဟုတ် ထွက်ခွာခြင်းမရှိစေရန် တားဆီးသွားမည်” ဟု လွန်ခဲ့သည့်သီတင်းပတ်က သတိပေးပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်တွင် အီရန်အပေါ် ရေကြောင်းပိတ်ဆို့မှုကို “အကန့်အသတ်မရှိ ဆက်လက်ထိန်းသိမ်းထားရန်” လုံလောက်သော စစ်ရေးအင်အား ရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Hegseth ကလည်း မကြာသေးမီက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

美媒:特朗普指示谈判团队停止与伊朗接触

新华社华盛顿8月18日电(记者黄强 徐剑梅)据美国有线电视新闻网18日报道,美国总统特朗普已指示其谈判团队停止与伊朗方面接触。   

报道援引美国官员的话说,特朗普对伊朗不愿满足其要求感到不满,希望在伊朗领导人释放新的意愿、表明愿达成他所寻求的协议后,再重新展开接触。   

报道认为,由于重启对话渠道的努力陷入僵局,以及各方对伊朗战事的质疑愈演愈烈,特朗普正释放信号,表明他准备与这场冲突“拉开距离”。   

此外,据一名知情人士透露,白宫官员最近还向政治盟友表示,美方正调整策略,从原先的“尽快重创伊朗”转为“逐步扼杀伊朗”。   

特朗普18日在社交媒体上称,目前和未来不会与伊朗进行任何会谈或对话。此前,特朗普一直坚称美国同伊朗正在进行谈判,但遭到伊朗官员多次否认。   

美国财政部长贝森特上周警告说,会在接下来一周宣布向伊朗实施“前所未见”的经济孤立措施,配合在霍尔木兹海峡的封锁,“阻止任何物资运入或运出伊朗港口”。美国防部长赫格塞思日前也表示,美军拥有足够的军事力量,可以“无限期维持”对伊朗的海上封锁。(完)

1. 7月14日,美国总统特朗普(中)在华盛顿白宫迎候伊拉克总理扎伊迪(未在画面中)。新华社发(李源清摄)