
ပြုံယမ်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
Ulchi Freedom Shield (UFS) ဆိုသည့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားနှင့် ဒေသတွင်း လုံခြုံရေးပတ်ဝန်းကျင်ကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ ယင်းလေ့ကျင့်မှုသည် အစကတည်းက ဆိုးရွားနေသော ကိုရီးယားကျွန်းဆွယ် အခြေအနေကို စစ်ပွဲဖြစ်ပွားတော့မည့် “အဆုံးစွန်သောအမှတ်” သို့ ထပ်မံရောက်ရှိစေခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်သည့် သုံးသပ်ချက်ဆောင်းပါးတွင် ဖော်ပြခဲ့သည်။
အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုအန္တရာယ်များလာပြီး ၎င်း၏ အကြောင်းအရာ၊ ပုံစံ၊ အတိုင်းအတာနှင့် လေ့ကျင့်ရေးနည်းလမ်း စသည့် ဖွဲ့စည်းမှုအချက်အားလုံးမှာ စဉ်ဆက်မပြတ်တိုးမြင့်လာရာ ၎င်း၏ရည်ရွယ်ချက်မှာ မြောက်ကိုရီးယားကို ပစ်မှတ်ထားသော စစ်ပွဲဆိုင်ရာ လေ့ကျင့်မှုများ၏ လက်တွေ့ကျမှုကို မြှင့်တင်ရန်နှင့် ကိုရီးယားကျွန်းဆွယ်နှင့် ဒေသတွင်း လုံခြုံရေးအခင်းအကျင်းတွင် အားသာမှုရရှိရန်ဖြစ်သည်ဟု သုံးသပ်ချက်ဆောင်းပါးတွင် ဖော်ပြထားသည်။ တောင်ကိုရီးယားသည် အမေရိကန်-တောင်ကိုရီးယား စစ်ဘက်မဟာမိတ်အဖွဲ့၏ လေ့ကျင့်ကွင်းတစ်ခုအဖြစ်ပြောင်းလဲသွားရုံသာမက နိုင်ငံဖြတ်ကျော် ကျူးကျော်ရေးအင်အားစုများ စုရုံးရာနေရာနှင့် ခေတ်သစ်စစ်ပွဲအတွက် ကြိုတင်လေ့ကျင့်ရာနေရာတစ်ခု တဖြည်းဖြည်း ဖြစ်လာနေသည်ဟုလည်း ဖော်ပြထားသည်။
ရန်သူ၏ တစ်နေ့တခြား ပိုမို၍ ဖျက်ဆီးမှုအသွင်ရှိလာသော ခြိမ်းခြောက်လှုပ်ရှားမှုများကို တုံ့ပြန်သောအားဖြင့် မြောက်ကိုရီးယားသည် အင်အားအသစ်များကို တစ်ဆင့်တိုး အဆင့်မြှင့်တင်ကာ တုံ့ပြန်သွားရန် လိုအပ်ကြောင်း သုံးသပ်ချက်ဆောင်းပါးတွင် ထောက်ပြထားသည်။ မြောက်ကိုရီးယား အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိပါးခြိမ်းခြောက်သည့် ရန်သူများကို လက်တုံ့ပြန်မှု၏ ပစ်မှတ်အနေအထားအတွင်း အချိန်နှင့်အမျှ ထားရှိသွားမည်ဟု ဆိုထားသည်။
အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်များသည် ဩဂုတ် ၁၇ ရက်မှ ၂၇ ရက်အထိ UFS အကြီးစားစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ရန် စီစဉ်ထားသည်။ (Xinhua)
...............................
(Chinese Version)
朝中社:美韩联合军演使半岛再次濒临战争“临界点”
新华社平壤8月19日电(记者王天僚)朝中社19日发表评论说,“乙支自由之盾”美韩联合军演对朝鲜及地区的安全环境构成直接威胁,使本就恶劣的朝鲜半岛局势再次濒临战争爆发的“临界点”。
评论说,美韩联合军演一次比一次危险,其内容、形式、规模、训练方法等所有构成因素持续升级,目的是提高对朝战争演习的实战性,并且在朝鲜半岛和地区安全格局中占据优势。韩国不仅变成美韩军事同盟的操练场,且逐渐成为跨国侵略兵力的集结地和现代战争的预演场所。
评论指出,针对敌方日趋具有破坏性的威胁行动,朝鲜需要用进一步升级的新力量予以应对。侵害和威胁朝鲜主权安全的敌人将时刻被锁定在报复目标范围内。
美韩军方定于17日至27日举行“乙支自由之盾”大规模联合军演。(完)








