အင်ဒိုနီးရှားနိုင်ငံ ဖလော်ရက်စ်ကျွန်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် နေအိမ်မှ ဘေးအန္တရာယ် ရှောင်တိမ်းရန် ထွက်ခွာလာသော ပြည်သူများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ဖလော်ရက်စ်ကျွန်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် နေအိမ်မှ ဘေးအန္တရာယ် ရှောင်တိမ်းရန် ထွက်ခွာလာသော ပြည်သူများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၌ ဩဂုတ် ၁၅ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ချိန်တွင် အသက်အရွယ်ကြီးပြီဖြစ်သော ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် အရေးပေါ် ခွဲစိတ်ကုသမှု ခံယူလျက်ရှိသည်။ လျှပ်စစ်ဓာတ်အား ပို့လွှတ်မှု မတည်ငြိမ်သဖြင့် ဆရာဝန်က ဓာတ်မီးဖြင့် ခွဲစိတ်ကုသမှုကို ပြီးစီးအောင် ဆောင်ရွက်ခဲ့ရကာ ကိုယ်ဝန်ဆောင် အမျိုးသမီး၏ သမီးလေးတစ်ဦး မွေးဖွားမှုကို ကူညီပေးခဲ့သည်။

မာရီယာ ဖလော်ရီတာ နိုဂိုကီသည် ယခုနှစ်တွင် အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး ငလျင်ဗဟိုချက်နှင့် နီးကပ်သည့် အရှေ့နူဆာတန်ဂါရာပြည်နယ် နာဂဲကီအိုဒေသမှဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်ကာလအတွင်း ရှုပ်ထွေးသော အခြေအနေ ပေါ်ထွက်လာခဲ့သဖြင့် ၎င်းသည် မဖြစ်မနေ အချိန်နှစ်လစော၍ ကလေးမွေးဖွားခဲ့ရကြောင်း ရိုက်တာသတင်းဌာန၏ ဩဂုတ် ၁၇ ရက် သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ အင်အားပြင်းငလျင်သည် ခွဲစိတ်မှုလုပ်ဆောင်နေချိန်အတွင်း လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က အသက်ရှူစက်ပင် အသုံးပြု၍ မရကြောင်း၊ သို့သော် “ကျွန်မတို့မှာ ရွေးချယ်စရာမရှိပါဘူး” ဟု သားဖွားမီးယပ်ဆရာဝန် ရိုနာ ဆာရာ ပါဒီဒီက ထိုစဉ်က အခြေအနေကို ပြန်လည်အောက်မေ့လျက် ပြောကြားခဲ့သည်။

နောက်ဆုံးတွင် ကလေးငယ်အား ဘေးကင်းစွာ မွေးဖွားပေးနိုင်ခဲ့ပြီး အလေးချိန်မှာ ၁.၃ ကီလိုဂရမ်သာရှိကာ မာရီယာ ၏ စတုတ္ထမြောက်ကလေးဖြစ်သည်။ မာရီယာသည် ၎င်း၏သမီးလေးကို အင်ဒိုနီးရှားဘာသာစကား "ငလျင်" ဟု အဓိပ္ပာယ်ရသည့် “Gempita” ဟူ၍ အမည်ပေးကင်ပွန်းတပ်ခဲ့သည်။ နောက်ဆက်တွဲငလျင်များ အဆက်မပြတ်လှုပ်ခတ်နေသဖြင့် ကလေးငယ်ကို အခန်းပြင်ရွက်ဖျင်တဲအတွင်းရှိ အပူချိန်ထိန်းသေတ္တာအတွင်း၌ ထားရှိပြီး လက်ရှိတွင် အခြေအနေ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

“ကျွန်မ ဆရာဝန်တွေကို အရမ်းကျေးဇူးတင်ပါတယ်။ အိမ်တွေပြိုကျသွားတာတောင် သူတို့က ကျွန်မတို့က ချန်မထားခဲ့ပါဘူး” ဟု မာရီယာက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဩဂုတ် ၁၅ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်နှင့် အင်အားပြင်း နောက်ဆက်တွဲငလျင် အကြိမ်များစွာ လှုပ်ခတ်ခဲ့မှုကြောင့် လူ ၆၈ ဦးသေဆုံးခဲ့ပြီဖြစ်သည်ဟု အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ (BNPB) က ဩဂုတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။ အရှေ့နူဆာတန်ဂါရာပြည်နယ်တွင် လူဦးရေထောင်နှင့်ချီ မဖြစ်မနေ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရပြီး လူများစွာသည် နောက်ဆက်တွဲငလျင်အား စိုးရိမ်သဖြင့် ရွက်ဖျင်တဲများတွင် ယာယီနေထိုင်နေကြောင်း ရိုက်တာသတင်းဌာန သတင်းအရ သိရသည်။ (Xinhua)

--------------------------------------------------------------------------------------------------------------------------------------

(Chinese Version)

强震中凭手电筒手术 医生助印尼高龄产妇分娩

新华社北京8月18日电 印度尼西亚15日发生强震时,一名高龄产妇正紧急接受手术。由于电力供应不稳,医生凭手电筒完成手术,帮助产妇顺利诞下一名女婴。

据路透社17日报道,玛丽亚·弗洛丽达·诺戈·凯伦现年39岁,来自靠近震中的东努沙登加拉省纳格克奥地区。由于孕期出现复杂情况,她不得不提前两个月分娩。

强震发生在手术期间。产科医生约纳·萨拉·帕尔代德回忆说,当时甚至连呼吸机都无法使用,但“我们别无选择”。

最终,女婴平安出生,体重仅1.3公斤,是玛丽亚第四个孩子。玛丽亚以印尼语“地震”给她取名。由于余震不断,女婴被放在户外帐篷草地上的保温箱中,目前情况稳定。玛丽亚说:“我非常感谢医生们,即使房屋已倒塌,他们也没有抛下我们。”

印尼国家抗灾署17日说,印尼15日发生的7.7级强震及多次强余震已致68人死亡。据路透社报道,东努沙登加拉省数千人被迫疏散,许多人因担心余震而暂住帐篷。(陈子薇)

图说: 8月15日,在印度尼西亚弗洛勒斯岛,居民走出住所避险。新华社发(阿里芬摄)