ဂျာမနီနိုင်ငံ ဒေ့ါမွန်မြို့တွင် ၂၀၂၆ ခုနှစ် မေ ၈ ရက်က ဒေ့ါမွန်အသင်းနှင့် ဖရန့်ဖွတ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်အပြီးတွင် ဒေ့ါမွန်အသင်း ကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဒေ့ါမွန်မြို့တွင် ၂၀၂၆ ခုနှစ် မေ ၈ ရက်က ဒေ့ါမွန်အသင်းနှင့် ဖရန့်ဖွတ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်အပြီးတွင် ဒေ့ါမွန်အသင်း ကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

ဂရိလက်ရွေးစင်ကစားသမား ဂျန်နစ်စ် ကွန်စတန်တယ်လီယက်စ်ကို PAOK Thessaloniki အသင်းထံမှ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘွန်ဒက်စ်လီဂါကလပ် ဒေ့ါမွန်က ဩဂုတ် ၁၇ ရက်၌ ကြေညာခဲ့သည်။

အဆိုပါ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမားမှာ ဩဂုတ် ၁၆ ရက်က ဒေ့ါမွန်အသင်းထံ ရောက်ရှိလာခဲ့ပြီးနောက် ဩဂုတ် ၁၇ ရက်၌ ဆေးစစ်မှုခံယူကာ အသင်းနှင့် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ဒေ့ါမွန်အသင်းအနေဖြင့် ကိုလုံးအသင်း တောင်ပံကစားသမား ဆာအစ် အယ်လ်မာလာကို ခေါ်ယူရန် ဆွေးနွေးမှုများ အောင်မြင်ခဲ့ခြင်း မရှိသဖြင့် အခြားရွေးချယ်စရာ ကစားသမားများကို ပြောင်းလဲပစ်မှတ်ထားခဲ့ပြီးနောက် ကွန်စတန်တယ်လီယက်စ်ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ကာရင်မ် အဒီယီမီ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့သွားသော်လည်း အဆိုပါ ဂရိလက်ရွေးစင်ကစားသမား ရောက်ရှိလာခြင်းက ဒေ့ါမွန်၏ တိုက်စစ်ပိုင်းကို အားဖြည့်ပေးနိုင်ဖွယ်ရှိသည်။

"ဂျန်နစ်စ်က ကျွန်တော်တို့အသင်းနဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ သူက ထူးချွန်တဲ့ တိုက်စစ်ကစားသမားတစ်‌ယောက်ဖြစ်ပြီး သူ့ရဲ့တိုးတက်မှုကို ကျွန်တော်တို့ အချိန်အကြာကြီး စောင့်ကြည့်ခဲ့တာပါ" ဟု ဒေ့ါမွန်အသင်း၏ အားကစားဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာ လာစ် ရစ်ကင်က ပြောသည်။

"သူက အသက် ၂၃ နှစ်ပဲ ရှိသေးတော့ အတော့်ကိုငယ်ရွယ်တဲ့ ကစားသမားတစ်ဦးဖြစ်ပေမဲ့ ထိုက်သင့်တဲ့ အတွေ့အကြုံတွေ ရှိနေပါပြီ။ အပြောင်းအရွှေ့ လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ လေးစားစရာကောင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေအတွက် PAOK အသင်း တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်စကား ပြောချင်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

အားကစားဒါရိုက်တာ အိုလေ ဘွတ်ခ်ကလည်း ဂျန်နစ်စ် ရောက်ရှိလာခြင်းကို ကြိုဆိုခဲ့သည်။ "ဂျန်နစ်စ်လို အရည်အသွေးရှိတဲ့ ကစားသမားတစ်ယောက်ကို ခေါ်ယူနိုင်ခဲ့လို့ ကျွန်တော်တို့အသင်းကို ပိုပြီးအင်အား‌တောင့်တင်းစေပါလိမ့်မယ်။ သူ့မှာ အလားအလာအများကြီးရှိတာကို မြင်ရပြီး ကျွန်တော်တို့အသင်းနဲ့ အလွန်ကိုက်ညီတယ်လို့ ယုံကြည်ပါတယ်" ဟု ဘွတ်ခ်က ပြောသည်။ "အပြောင်းအရွှေ့ကို အပြီးသတ်လုပ်ဆောင်ရာမှာ ပရော်ဖက်ရှင်နယ်ပီသပြီး နှစ်လိုဖွယ်ကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း PAOK အသင်းက လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

ကွန်စတန်တယ်လီယက်စ်မှာ PAOK အသင်း အကယ်ဒမီသို့ အသက် ၁၀ နှစ်သားအရွယ်တွင် ရောက်ရှိလာပြီးနောက် အသက် ၁၇ နှစ်တွင် အသင်းကြီး၌ စတင်ပွဲထွက်ခွင့်ရရှိခဲ့သည်။ ၎င်းအနေဖြင့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ဒုတိယရာသီဝက်တွင် ဘယ်လ်ဂျီယမ်ကလပ် KAS Eupen အသင်း၌ အငှားထွက်ကစားခဲ့ပြီးနောက် PAOK အသင်းထံ ပြန်ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည်။

၎င်းအနေဖြင့် အသင်းအား ၂၀၂၄ ခုနှစ်တွင် ဂရိအမှတ်ပေးချန်ပီယံဆု ရရှိနိုင်စေရန်နှင့် ၂၀၂၁ ခုနှစ်တွင် ဂရိရှုံးထွက်ဖလား ဆွတ်ခူးနိုင်စေရန် ကူညီစွမ်း‌ဆောင်ပေးခဲ့သည်။ ကွန်စတန်တယ်လီယက်စ်မှာ ဂရိအသင်းအတွက် သက်တမ်းအလိုက် လူငယ်ဘောလုံးပြိုင်ပွဲများတွင် ဂရိအသင်းအတွက် ပါဝင်ကစားခဲ့ကာ ၂၀၂၃ ခုနှစ် မတ်လတွင် လက်ရွေးစင်အသင်းကြီး၌ ပွဲဦးထွက်ကစားခွင့်ရခဲ့ပြီးနောက် ၁၈ ပွဲ ကစားခဲ့ရာ ၄ ဂိုး သွင်းယူနိုင်ခဲ့သည်။

"မကြာခင်မှာ ဒေ့ါမွန်အသင်းအတွက် ကစားခွင့်ရတော့မှာမို့လို့ အင်မတန် ပျော်ရွှင်မိပါတယ်။ ဒေ့ါမွန်အသင်းက ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဒီအသင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ" ဟု ၎င်းက ပြောသည်။

PAOK အသင်းမှာ ယခင်ဘောလုံးရာသီ၌ ယူရိုပါလိဂ်ဝင်ခွင့်နှင့် ပွတ်ကာသီကာ လွဲချော်ခဲ့ပြီးနောက် အဆိုပါ ကွင်းလယ်ကစားသမားအနေဖြင့် ဒေ့ါမွန်အသင်းနှင့်အတူ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရရှိသွားပြီဖြစ်သည်။ (Xinhua)

ဂျာမနီနိုင်ငံ ဘရီမင်မြို့တွင် ၂၀၂၆ ခုနှစ် မေ ၁၆ ရက်က ဝါဒါဘရီမင်အသင်းနှင့် ဒေ့ါမွန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်၌ ဒေ့ါမွန်အသင်းနည်းပြချုပ် နီကို ကိုဗက် အမူအရာဖြင့် ညွှန်ကြားနေစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဘရီမင်မြို့တွင် ၂၀၂၆ ခုနှစ် မေ ၁၆ ရက်က ဝါဒါဘရီမင်အသင်းနှင့် ဒေ့ါမွန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်၌ ဒေ့ါမွန်အသင်းနည်းပြချုပ် နီကို ကိုဗက် အမူအရာဖြင့် ညွှန်ကြားနေစဉ် (ဆင်ဟွာ)

.......................................................................................

(English Version)

Dortmund signs Greece international Konstantelias

BERLIN, Aug. 17 (Xinhua) -- Borussia Dortmund has completed the signing of Greece international Giannis Konstantelias from PAOK Thessaloniki, the Bundesliga club announced on Monday.

The 23-year-old attacking midfielder arrived in Dortmund on Sunday before undergoing a medical and signing a five-year contract the following day.

Konstantelias joins after Dortmund turned to alternative targets following unsuccessful negotiations over Cologne winger Said El Mala. The Greece international is expected to strengthen the club's attacking options after Karim Adeyemi's departure to Barcelona.

"We are delighted that Giannis has chosen to join us. He is a talented attacking player whose development we have followed for a long time," sporting managing director Lars Ricken said.

"At 23 he is still a relatively young player, but he already has considerable experience. We would also like to thank the people at PAOK Thessaloniki for the respectful and constructive discussions throughout the transfer process," he added.

Sporting director Ole Book also welcomed the arrival of the midfielder. "With Giannis we are signing a player whose qualities will strengthen our squad. We see a great deal of potential in him and are convinced he fits our team very well," Book said. "I would also like to thank our colleagues at PAOK for the professional and appreciative cooperation in completing the transfer."

Konstantelias came through PAOK's academy after joining the club at 10 and made his senior debut at 17. He spent the second half of the 2021-22 season on loan at Belgian side KAS Eupen before returning to establish himself at PAOK.

He helped the club win the Greek league title in 2024 and the Greek Cup in 2021. Konstantelias featured for Greece at youth level and made his senior international debut in March 2023, earning 18 caps and scoring four goals.

"I am very happy to play for Borussia Dortmund in the future," Konstantelias said. "BVB are a big club and I will give everything to achieve success here."

The midfielder now has the opportunity to compete in the UEFA Champions League with Dortmund after PAOK narrowly missed out on Europa League qualification last season.

Photo Caption 1: Players of Borussia Dortmund celebrate victory after the German first division Bundesliga football match between Borussia Dortmund and Eintracht Frankfurt in Dortmund, Germany, May 8, 2026. (Photo by Joachim Bywaletz/Xinhua)

Photo Caption 2: Borussia Dortmund's head coach Niko Kovac gestures during the German first division Bundesliga football match between SV Werder Bremen and Borussia Dortmund in Bremen, Germany, May 16, 2026. (Photo by Joachim Bywaletz/Xinhua)