တောင်ကိုရီးယားနိုင်ငံ Everland ဥယျာဉ်မှ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၈ ရက်က ထုတ်ပြန်သော ပန်ဒါဝက်ဝံကလေး၏ လတ်တလော ဓာတ်ပုံကို တွေ့ရစဉ် (ဓာတ်ပုံ- Everland/Handout via Xinhua)
တောင်ကိုရီးယားနိုင်ငံ Everland ဥယျာဉ်မှ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၈ ရက်က ထုတ်ပြန်သော ပန်ဒါဝက်ဝံကလေး၏ လတ်တလော ဓာတ်ပုံကို တွေ့ရစဉ် (ဓာတ်ပုံ- Everland/Handout via Xinhua)

ဆိုးလ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ Everland ဥယျာဉ်က ဩဂုတ် ၁၈ ရက်တွင် တောင်ကိုရီးယား၌ မွေးဖွားသော ပန်ဒါဝက်ဝံကလေး၏ လတ်တလော ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံမှ တောင်ကိုရီးယားသို့ အလည်ခရီးရောက်ရှိနေသော ပန်ဒါဝက်ဝံကြီး “အိုက်ပေါင်” သည် ဇွန်လ ၃ ရက်တွင်  ပန်ဒါဝက်ဝံ အမလေးတစ်ကောင်ကို မွေးဖွားခဲ့သည်။ “အိုက်ပေါင်” နှင့် “လဲ့ပေါင်” တို့သည် ၂၀၁၆ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး Gyeonggi ပြည်နယ် Yongin မြို့ရှိ Everland ဥယျာဉ်၏ Panda World တွင် နေထိုင်လျက်ရှိသည်။ (Xinhua)

....................................

(Chinese Version)

韩国爱宝乐园发布大熊猫宝宝近照

新华社照片,首尔,2026年8月18日

韩国爱宝乐园8月18日公布在韩出生的大熊猫宝宝近照。中国旅居大熊猫“爱宝”6月3日产下一只雌性幼崽。“爱宝”和“乐宝”于2016年抵达韩国,入住位于韩国京畿道龙仁市爱宝乐园的“熊猫世界”。

图说:这是8月18日韩国爱宝乐园公布的大熊猫宝宝近照。 新华社发(韩国爱宝乐园供图)