ဥဇဘက်ကစ္စတန် တက်ရှ်ကန့်မြို့ရှိ မျက်စိအထူးကုဌာနတစ်ခုတွင် တရုတ်နိုင်ငံမှ မျက်စိအထူးကုပညာရှင်များနှင့် ဒေသခံလူနာများ အပြန်အလှန်ပြောဆိုနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဥဇဘက်ကစ္စတန် တက်ရှ်ကန့်မြို့ရှိ မျက်စိအထူးကုဌာနတစ်ခုတွင် တရုတ်နိုင်ငံမှ မျက်စိအထူးကုပညာရှင်များနှင့် ဒေသခံလူနာများ အပြန်အလှန်ပြောဆိုနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တက်ရှ်ကန့်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

၆ ကြိမ်‌မြောက် “‘ရပ်ဝန်းနှင့် ပိုးလမ်းမ’ ပရဟိတ အလင်းရောင်ခရီးစဉ် ဥဇဘက်ကစ္စတန်နိုင်ငံသို့ သွားရောက်ခြင်း” လှုပ်ရှားမှုကို ဩဂုတ် ၁၇ ရက်တွင် ဥဇဘက်ကစ္စတန်နိုင်ငံ တက်ရှ်ကန့်မြို့နှင့် Kokand မြို့ နှစ်မြို့၌ စတင်ခဲ့သည်။

ဥဇဘက်ကစ္စတန်နိုင်ငံ ကျန်းမာရေးဝန်ကြီး အကြံပေးပုဂ္ဂိုလ် Elmira Basitkhanova က အဆိုပါလှုပ်ရှားမှု စတင်ခြင်းအခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ၂၀၁၉ ခုနှစ်မှစ၍ တရုတ်နိုင်ငံ မျက်စိအထူးကု ကျွမ်းကျင်ပညာရှင်များသည် ဥဇဘက်ကစ္စတန်၌ အတွင်းတိမ် ပြန်လည်အလင်းဆောင်ပေးခြင်း ခွဲစိတ်ကုသမှု အကြိမ်ရေ တစ်ထောင်ကျော်ပြုလုပ်ခဲ့ပြီးဖြစ်ရာ ဥဇဘက်ကစ္စတန် ပြည်သူများ မျက်စိအလင်းပြန်ရရန် ကူညီပေး၍ လူနေမှုဘဝအရည်အသွေး တိုးတက်ကောင်းမွန်လာစေရန် လုပ်ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဥဇဘက်ကစ္စတန်နိုင်ငံ အစ္စလာမ်လူမှုယဉ်ကျေးမှုစင်တာ ဌာနမှူး၏ အကြံပေးပုဂ္ဂိုလ် Tursunali Kuziev က အမှာစကားပြောကြားရာ၌ လူတစ်ဦးက မျက်စိအလင်းပြန်ရခြင်းသည် ၎င်း၏အတွင်းစိတ်တွင် မျှော်လင့်ချက် လင်းရောင်ခြည် ပြန်လည်ထွန်းလင်းလာခြင်းပင်ဖြစ်ကြောင်း၊ ဥဇဘက်ကစ္စတန်-တရုတ် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုသည်လည်း ထိုကဲ့သို့ပင် နွေးထွေးသော၊ စစ်မှန်သော၊ လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ် ပြည့်ဝသောလှုပ်ရှားမှုများကြားတွင် အဆက်မပြတ် ခိုင်မြဲနက်ရှိုင်းလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါလှုပ်ရှားမှုအား စတင်ဆောင်ရွက်သူ၊ ရှင်းကျန်း ယူရေးရှား ကုန်စည်ဖလှယ်ရေး ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ကျန်းဟုန်ဖိန်က အဆိုပါပရဟိတ အမှတ်တံဆိပ်အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံမှပြည်သူများကို တရုတ်လုပ်ငန်းကုမ္ပဏီ၏ နွေးထွေးမှု ခံစားလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ်လှုပ်ရှားမှုကို တရုတ်လုပ်ငန်းကုမ္ပဏီက တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ခွေထွန်မြို့ ပရဟိလုပ်ငန်းအဖွဲ့ချုပ် စသည့် အဖွဲ့အစည်းများနှင့် အတူတကွစီစဉ်ခြင်းဖြစ်ကာ ရက်အနည်းငယ်ကြာ ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်သည်။ လှုပ်ရှားမှုတွင် တရုတ်နိုင်ငံပြည်တွင်းမှ မျက်စိအထူးကု ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ ပါဝင်ရန် ဖိတ်ခေါ်ထားပြီး ဥဇဘက်ကစ္စတန်နိုင်ငံ ဒေသတွင်း၌ အတွင်းတိမ်လူနာပေါင်း ၁၅၀ ထက်မနည်း စစ်ဆေးပေးမည်ဖြစ်ကာ မျက်စိအလင်းပြန်ရရန် ခွဲစိတ်ကုသမှုအကြိမ် ၁၀၀ အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------------------------------------------------------

(Chinese Version)

第六届“‘一带一路’爱心光明行走进乌兹别克斯坦”活动启动

新华社塔什干8月18日电(记者包诺敏)第六届“‘一带一路’爱心光明行走进乌兹别克斯坦”活动17日在塔什干和浩罕两座城市启动。  

乌兹别克斯坦卫生部长顾问埃尔米拉·巴西特哈诺娃在启动仪式致辞中表示,自2019年以来,中国眼科专家已在乌开展上千例白内障复明手术,帮助乌公民恢复视力,改善生活质量。  

乌兹别克斯坦伊斯兰文明中心主任顾问库济耶夫在致辞中表示,让一个人重见光明,就是让他心中重新燃起希望。乌中两国人民间的友谊,也正是在这样一个个温暖、真实、充满人道主义精神的行动中不断巩固和深化。  

活动发起人之一、新疆亚欧国际物资交易中心有限公司董事长张宏萍表示,将把这项公益品牌持续做下去,让更多丝路沿线国家民众感受到中国企业的温度。  

本届活动由中国企业联合新疆奎屯市慈善总会等机构共同组织,将持续数日。活动邀请了国内眼科专家团队及志愿者参与,预计将在乌当地筛查不少于150例白内障患者,免费完成复明手术100例。(完)

图说1:8月17日,在乌兹别克斯坦塔什干的一家眼科医疗机构内,一名中国眼科专家与当地患者交流。新华社发(扎法尔·哈利洛夫摄)

图说2:8月17日,在乌兹别克斯坦塔什干的一家眼科医疗机构内,一名中国眼科专家为当地患者进行眼科检查。新华社发(扎法尔·哈利洛夫摄)