
တိုကျို၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံ၏ ၂၂ ကြိမ်မြောက် နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ ထုတ်လွှတ်မှု ပြီးဆုံးသွားပြီဖြစ်ပြီး နျူကလီးယားရေဆိုး စုစုပေါင်းတန်ချိန် ၈,၀၀၀ နီးပါးကို ထုတ်လွှတ်ခဲ့ပြီးဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ (TEPCO) က ဩဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ယခုအကြိမ် ထုတ်လွှတ်မှုကို ဇူလိုင် ၃၀ ရက်တွင် စတင်ခဲ့ပြီး ဒေသစံတော်ချိန် ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြီးဆုံးကာ နျူကလီးယားရေဆိုး စုစုပေါင်းတန်ချိန် ၇,၈၈၈ တန်နှင့် ရေဒီယိုသတ္တိကြွ ထရိုင်တီယမ် (Tritium) ၁.၃ ထရီလီယံ ဘက်ကာရယ် (Bq)ခန့် ပါဝင်ကြောင်း TEPCO ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ ယင်းသည် ၂၀၂၆ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံ၏ ၄ ကြိမ်မြောက် နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ ထုတ်လွှတ်မှုလည်းဖြစ်သည်။
၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဂျပန်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းထန်သော သံသယနှင့် ကန့်ကွက်မှုများကို လျစ်လျူရှုကာ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ ထုတ်လွှတ်မှုကို တစ်ဖက်သတ် အတင်းအကျပ်စတင်ခဲ့သည်။ လက်ရှိအချိန်အထိ နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ ထုတ်လွှတ်မှု စုစုပေါင်း ၂၂ ကြိမ် ပြုလုပ်ခဲ့ပြီး ထုတ်လွှတ်ပမာဏအနေဖြင့် တန်ချိန် ၁၇၃,၀၀၀ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………..
(Chinese Version)
日本第22轮核污染水排海总量近8000吨
新华社东京8月17日电 日本东京电力公司17日表示,福岛第一核电站第22轮核污染水排海结束,共排放核污染水近8000吨。
根据东京电力公司的新闻公报,本轮排放于7月30日开始,当地时间8月17日下午结束,总计排放核污染水7888吨,含放射性氚总量约1.3万亿贝克勒尔。这是日本2026财年第4轮核污染水排海。
2023年8月,日方无视国际社会的强烈质疑和反对,单方面强行启动福岛第一核电站核污染水排海。截至目前共进行了22轮核污染水排放,累计排放量约17.3万吨。(完)
图说:这是1月21日在日本新潟县拍摄的柏崎刈羽核电站。新华社/共同社








