
ပေကျင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
အိန္ဒိယလေကြောင်းလိုင်း (Air India) ခရီးသည်တင်လေယာဉ်တစ်စင်းသည် ယခုလအစောပိုင်းတွင် ပျံသန်းနေစဉ်အတွင်း အမြင့်မှ ရုတ်တရက် ထိုးဆင်းသွား၍ လူများထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းလေကြောင်းလိုင်းက ၎င်း၏လေယာဉ်မှူးများကို မဖြစ်မနေ ဆေးစစ်ချက်များ ပြုလုပ်ခဲ့သည်။ ယင်းလေကြောင်းလိုင်းမှ နောက်ထပ်လေယာဉ်မှူးနှစ်ဦး စစ်ဆေးချက်မအောင်မြင်ဘဲ “မူးယစ်ဆေးဝါးသုံးစွဲ၍ မောင်းနှင်ပျံသန်းမှု” သံသယရှိခဲ့သည်ဟု သတင်းရင်းမြစ်၏ ပြောကြားချက်ကို ကိုးကား၍ အိန္ဒိယမီဒီယာက ဩဂုတ် ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
သတင်းရင်းမြစ်များ၏ပြောကြားချက်အရ အိန္ဒိယလေကြောင်းလိုင်းသည် ဩဂုတ် ၁၃ ရက်မှစတင်၍ ၎င်းကုမ္ပဏီနှင့် ၎င်း၏လက်အောက်ခံ အိန္ဒိယလေကြောင်းအမြန်ပို့ဆောင်ရေးကုမ္ပဏီ (Air India Express) မှ လေယာဉ်မှူးစုစုပေါင်း ၅,၀၀၀ ကျော်အား ဆေးစစ်မှုစတင်ခဲ့ပြီး လူပေါင်း ၄၀၀ နီးပါးစစ်ဆေးမှုပြီးစီးခဲ့ရာ ၎င်းတို့အနက်မှ နှစ်ဦး၏စစ်ဆေးမှုရလဒ်မှာ “non-negative” ဖြစ်နေပြီး ပြန်လည်စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယလေကြောင်းလိုင်းက လုံခြုံရေးအရ ထိုလေယာဉ်မှူးနှစ်ဦး၏ လေယာဉ်မောင်းနှင်ခွင့်ကို ရပ်ဆိုင်းထားကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယအရပ်ဘက်လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DGCA) ၏ စည်းမျဉ်းအရ လေယာဉ်မှူးတစ်ဦး၏ ပထမအကြိမ် ဆေးစစ်ချက်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု အပေါင်းလက္ခဏာပြပါက မူးယစ်ဆေးဖြတ်ရန်နှင့် ပြန်လည်ထူထောင်ရေးလေ့ကျင့်မှုများ ခံယူရန် လိုအပ်ပြီး စစ်ဆေးမှုရလဒ် အနုတ်လက္ခဏာပြောင်းသွားမှသာ ပြန်လည်တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။ အကယ်၍ ဒုတိယအကြိမ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု အပေါင်းလက္ခဏာပြပါက သံသယရှိသော လေယာဉ်မှူး၏ လိုင်စင်ကို သုံးနှစ်ကြာ ရုပ်သိမ်းမည်ဖြစ်ပြီး တတိယအကြိမ်တွင်မူ လေယာဉ်မှူးလိုင်စင်ကို အပြီးတိုင်ရုပ်သိမ်းမည်ဖြစ်သည်။
ယခုလ ၄ ရက်တွင် အိန္ဒိယလေကြောင်းလိုင်း၏ Airbus A320 ခရီးသည်တင်လေယာဉ်သည် ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ပျံသန်းလာစဉ် ခရီးသည် ၁၃၇ ဦးနှင့် လေယာဉ်အမှုထမ်း ၈ ဦးကို တင်ဆောင်လာခဲ့သည်။ ပျံသန်းစဉ်အတွင်း အဆိုပါလေယာဉ်သည် ရုတ်တရက် မီတာ ၉၀ ခန့် အရှိန်ဖြင့် ကျဆင်းသွားပြီး ခရီးသည် ၂၀ ဦးနှင့် လေယာဉ်အမှုထမ်း ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုလေယာဉ်သည် နောက်ဆုံးတွင် ဘေးကင်းစွာဆင်းသက်နိုင်ခဲ့သော်လည်း လေယာဉ်မှူး၏ ဆေးစစ်ချက်ရလဒ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှု အပေါင်းလက္ခဏာပြခဲ့ကြောင်း သိရသည်။ (Xinhua)
.................................
(Chinese Version)
印度航空又有两名飞行员涉嫌“毒驾”
新华社北京8月17日电 印度航空公司一架客机本月初发生空中骤降伤人事件后,该公司对其飞行员实施强制药检。印度媒体17日援引消息人士的话报道,该公司又有两名飞行员未能通过检查,涉嫌“毒驾”。
根据消息人士的说法,印度航空公司13日起对该公司及旗下印度航空快运公司全体5000多名飞行员启动药检,已有近400人完成检查,其中两人检测结果为“非阴性”,将接受复检。印度航空公司表示,出于安全考虑,这两名飞行员已被停飞。
印度民航总局规定,如果飞行员首次药检为阳性,将被要求接受戒毒和康复训练,检测结果转为阴性后可再次上岗;如果第二次被检出阳性,涉事飞行员将被吊销执照三年;第三次药检呈阳性则将被撤销飞行执照。
本月4日,印航一架空中客车A320客机从泰国普吉岛飞往印度首都新德里,载有137名乘客和8名机组人员。飞行途中,客机突然急速下坠约90米,20名乘客和4名机组人员受伤。客机最终安全落地,而机长药检结果显示为大麻阳性。(张旌)
图说:2021年4月23日,印度航空的航班降落在加拿大温哥华国际机场。新华社发(梁森摄)








