မက္ကဆီကိုနိုင်ငံ မွန်တာရေးမြို့ရှိ အက်စတာဒီယို မွန်တာရေး အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၂၄ ရက်က တောင်အာဖရိကအသင်းနှင့် ‌တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု-A ပွဲစဉ်တွင် တောင်အာဖရိကအသင်းမှ အော့စ်ဝင် အက်ပေါ်လစ်စ် (ယာ) နှင့် တောင်ကိုရီးယားအသင်းမှ လီကန်အင်းတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားလက်ရွေးစင် ကစားသမား လီကန်အင်းက ၎င်းအနေဖြင့် ပီအက်စ်ဂျီအသင်းမှ ထွက်ခွာကာ အက်သလက်တီကို မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည့် အကြောင်းရင်းကို ဩဂုတ် ၁၇ ရက်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ဗလင်စီယာနှင့် မာယော့ကာအသင်းတို့တွင်လည်း ကစားခဲ့ဖူးသည့် အဆိုပါ ကွင်းလယ်တိုက်စစ် ကစားသမားမှာ ယခုနွေရာသီတွင် အက်သလက်တီကိုအသင်း၏ ကြယ်ပွင့်ကစားသမားခေါ်ယူမှု ဖြစ်လာခဲ့ပြီး ၎င်းအား မက်ထရိုပိုလီတာနို အားကစားကွင်း၌ မီဒီယာများ၊ ပရိသတ်များနှင့် တရားဝင်မိတ်ဆက်ပေးခဲ့သည်။

"ဒီအသင်းက ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းတစ်သင်းဆိုတာကို ကျွန်တော် ငယ်ငယ်လေးကတည်းက သိခဲ့တာပါ" ဟု အသက် ၂၅ နှစ်အရွယ် လီက ပြောကြားခဲ့ကာ ၎င်းအနေဖြင့် စပိန်သို့ပြန်လာရန် အခွင့်အရေးရရှိချိန်တွင် အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့ကာ ဆုဖလားများ ဆွတ်ခူးနိုင်ရေးကိုသာ စဉ်းစားနေမိသည်ဟု ဆက်လက်ပြောကြားသည်။

၎င်းအနေဖြင့် ဗလင်စီယာအသင်းတွင် ကစားသမားဘဝကို စတင်ခဲ့ကာ မာယော့ကာအသင်းတွင် ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော် စပိန်ကနေ ထွက်ခွာပြီးကတည်းက တစ်နေ့နေ့တစ်ချိန်ချိန် စပိန်မှာ ပြန်ကစားခွင့်ရဖို့ မကြာခဏ စိတ်ကူးမိခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က စပိန်မှာ ကြီးပြင်းခဲ့တာမို့လို့လေ။ ကျွန်တော် လာလီဂါမှာ ပြန်ကစားရဖို့ တကယ့်ကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါတယ်" ဟု လီက ဖွင့်ဟပြောဆိုခဲ့သည်။ (Xinhua)

မက္ကဆီကိုနိုင်ငံ ဂွါဒါလာဂျာရာမြို့ရှိ ဂွါဒါလာဂျာရာ အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၁၈ ရက်က မက္ကဆီကိုအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု-A ပွဲစဉ်တွင် တောင်ကိုရီးယားအသင်းမှ လီကန်အင်း၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

.......................................................................................

(English Version)

Lee Kang-in: I always knew I would return to play in La Liga

MADRID, Aug. 17 (Xinhua) -- South Korean international Lee Kang-in on Monday explained why he decided to leave Paris Saint-Germain to join Atletico Madrid.

The former Valencia and Mallorca attacking midfielder is Atletico's star signing of the summer so far and was officially presented to the press and fans at the Metropolitano Stadium.

"I knew what a great club was like since I was little," said the 25-year-old Lee, who added that when the chance to return to Spain came up, "all I could think about was joining Atletico and winning titles."

He began his career with Valencia and then shone at Mallorca before joining Paris Saint-Germain in 2023.

"Ever since I left Spain, I've often thought that at some point I wanted to return to play in Spain because it's where I grew up, and I'm really looking forward to playing in La Liga again," admitted Lee.

Photo Caption: 1

Oswin Appollis (R) of South Africa vies with Lee Kang-in of South Korea during a group A match between South Africa and South Korea at the 2026 FIFA World Cup at Estadio Monterrey in Monterrey, Mexico, on June 24, 2026. (Xinhua/Wu Wei)

Photo Caption: 2

Lee Kang-in of South Korea competes during a group A match between Mexico and South Korea at the 2026 FIFA World Cup at Guadalajara Stadium in Guadalajara, Mexico, June 18, 2026. (Xinhua/Li Muzi)