ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းမြို့ Cali တွင် ငလျင်ကြောင့် ပြိုကျသွားသော အဆောက်အဦ အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်သူအား ကယ်ဆယ်ရေးဝန်ထမ်းများ ရှာဖွေနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းမြို့ Cali တွင် ငလျင်ကြောင့် ပြိုကျသွားသော အဆောက်အဦ အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်သူအား ကယ်ဆယ်ရေးဝန်ထမ်းများ ရှာဖွေနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံအနောက်ပိုင်းတွင် ဩဂုတ် ၁၀ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း ပြည်နယ် ၁၅ ခု၏ မြို့ပေါင်း ၄၅၀ အပေါ် သက်ရောက်မှုဖြစ်ခဲ့ရာ ၎င်းသည် နိုင်ငံဧရိယာ၏ သုံးပုံတစ်ပုံ ဘေးဒဏ်သင့်ခြင်းနှင့် တူညီကြောင်း ကိုလံဘီယာသမ္မတ Abelardo de la Espriella က ဩဂုတ် ၁၇ ရက် ညပိုင်း၌ နိုင်ငံတော်မိန့်ခွန်းပြောကြားမှုအတွင်း ပြောကြားခဲ့သည်။

Abelardo de la Espriella က ငလျင်ကြောင့် လူ ၂၈၉ ဦး သေဆုံး၍ ၄,၁၈၇ ဦး ထိခိုက်ဒဏ်ရာရကာ ၁၄၃ ဦး ပျောက်ဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါနိုင်ငံ Valle del Cauca ပြည်နယ်နှင့် Risaralda ပြည်နယ်တွင် လူထိခိုက်သေဆုံးမှု အပြင်းထန်ဆုံးဖြစ်ကြောင်း၊ Valle del Cauca ပြည်နယ်တွင် လူ ၁၆၃ ဦးသေဆုံး၍ ၂,၆၇၂ ဦး ဒဏ်ရာရကာ ၈၀ ဦး ပျောက်ဆုံးသည်ဟု အစီရင်ခံတင်ပြလာကြောင်း၊ Risaralda ပြည်နယ်တွင် လူ ၁၀၄ ဦး သေဆုံး၍ ၅၆၅ ဦး ဒဏ်ရာရကာ ၆၁ ဦး ပျောက်ဆုံးသည်ဟု အစီရင်ခံတင်ပြထားကြောင်း၊ ငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံခြားသား ၁၃၈ ဦး ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ဒေသစံတော်ချိန် ဩဂုတ် ၁၀ ရက်က ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကာ ငလျင်ဗဟိုချက်မှာ Chocó ပြည်နယ် San José del Palmar မြို့မှ ကီလိုမီတာ ၂၀ ခန့်အကွာဖြစ်ပြီး ငလျင်အနက် ၉၆ ကီလိုမီတာဖြစ်ကြောင်း ကိုလံဘီယာ ဘူမိဗေဒဌာနက ထုတ်ပြန်ခဲ့သည့် သတင်းအရ သိရသည်။ (Xinhua)

ကိုလံဘီယာနိုင်ငံ Pereira မြို့တွင် အမျိုးသားတစ်ဦးက ကုန်ပစ္စည်းများအား သယ်ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ Pereira မြို့တွင် အမျိုးသားတစ်ဦးက ကုန်ပစ္စည်းများအား သယ်ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------------------------------------------------------

(Chinese Version)

哥伦比亚总统:全国三分之一面积在地震中受灾

新华社波哥大8月17日电(记者李子健)哥伦比亚总统德拉埃斯普列亚17日晚发表全国讲话说,该国西部10日发生的强震已影响全国15个省的450个市镇,相当于三分之一的国土面积受灾。  

德拉埃斯普列亚说,地震已造成289人死亡、4187人受伤、143人失踪。  他表示,该国西部的考卡山谷省和里萨拉尔达省人员伤亡最为严重。考卡山谷省报告163人死亡、2672人受伤、80人失踪;里萨拉尔达省报告104人死亡、565人受伤、61人失踪。地震发生后,已有138名外国人员参与救援行动。  

据哥伦比亚地质局发布的消息,哥伦比亚西部当地时间10日发生7.4级地震,震中距离乔科省圣何塞-德尔帕尔马市约20公里,震源深度96公里。(完)

图说1:8月12日,在哥伦比亚西南部城市卡利,救援人员在地震坍塌建筑的废墟中搜寻幸存者。新华社发(安德烈斯·莫雷诺摄)

图说2:8月14日,一名男子在哥伦比亚佩雷拉搬运物品。新华社发(安德烈斯·莫雷诺摄)