အမေရိကန်နိုင်ငံ ဒါးလက်စ်မြို့ရှိ ဒါးလက်စ်အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က စပိန်အသင်းနှင့် ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်တွင် ပေါ်တူဂီအသင်းမှ ယာအို ကန်ဆယ်လို (ဝဲ) နှင့် စပိန်အသင်းမှ အဲလက်စ် ဘာအယ်နာတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဒါးလက်စ်မြို့ရှိ ဒါးလက်စ်အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က စပိန်အသင်းနှင့် ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်တွင် ပေါ်တူဂီအသင်းမှ ယာအို ကန်ဆယ်လို (ဝဲ) နှင့် စပိန်အသင်းမှ အဲလက်စ် ဘာအယ်နာတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

ပေါ်တူဂီလက်‌ရွေးစင် နောက်ခံလူ ယာအို ကန်ဆယ်လိုမှာ ဘာစီလိုနာအသင်းထံ အပြီးသတ် ပြန်လည်ပြောင်းရွှေ့ရန် အလွန်နီးစပ်နေပြီဟု အဆိုပါကစားသမားက ဩဂုတ် ၁၇ ရက်၌ အတည်ပြုခဲ့သည်။

အသက် ၃၂ နှစ်အရွယ် ကန်ဆယ်လိုမှာ လွန်ခဲ့သည့်ဘောလုံးရာသီ၌ ဆော်ဒီကလပ် အယ်လ်-ဟီလာအသင်းမှ ဘာစီလိုနာအသင်းထံ ခြောက်လအငှားစာချုပ်ဖြင့် လာရောက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သော်လည်း ဘာစီလိုနာအသင်း အမှတ်ပေးချန်ပီယံဖြစ်ခဲ့သည့် ရာသီကုန်တွင် အယ်လ်-ဟီလာနှင့် ပြန်လည်ပူးပေါင်းခဲ့ရသည်။

၎င်းနှင့် အယ်လ်-ဟီလာအသင်းတို့အကြား နှစ်ဦးနှစ်ဖက် လမ်းခွဲရန် လွန်ခဲ့သည့် သီတင်းပတ်ကုန်၌ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ကန်ဆယ်လိုမှာ ဩဂုတ် ၁၇ ရက်က ဘာစီလိုနာသို့ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

အဆိုပါနောက်ခံလူက "အိမ်ပြန်လာပြီ" ဟူသော စာသားနှင့်အတူ ၎င်းလေယာဉ်စီးနေသည့် ဓာတ်ပုံကိုလည်း ဆိုရှယ်မီဒီယာ၌ ပို့စ်တင်ခဲ့ပြီး လေဆိပ်သို့ရောက်ရှိချိန်တွင် မီဒီယာများနှင့် ခေတ္တ စကားပြောဆိုခဲ့သည်။

"ကျွန်တော် ဒီမှာရှိနေရတာ သိပ်ပျော်ပါတယ်။ ဒါက ကျွန်တော်ရှိနေချင်တဲ့ နေရာပါ" ဟု ကန်ဆယ်လိုက ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် လာမည့်ရက်ပိုင်းအတွင်း ဘာစီလိုနာနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုဖွယ်ရှိသည်။ (Xinhua)

ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က ဟန်ဂေရီအသင်းနှင့် ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲစဉ်၌ ပေါ်တူဂီအသင်းမှ ယာအို ကန်ဆယ်လို ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က ဟန်ဂေရီအသင်းနှင့် ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲစဉ်၌ ပေါ်တူဂီအသင်းမှ ယာအို ကန်ဆယ်လို ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

...............................................................

(English Version)

Cancelo confirms Barca return after ending contract with Al-Hilal

MADRID, Aug. 17 (Xinhua) -- Portuguese international defender Joao Cancelo is on the verge of returning to FC Barcelona on a permanent deal, the player confirmed on Monday.

The 32-year-old spent a successful six-month spell on loan at Barcelona from Al-Hilal last season, but had to return to the Saudi Arabian club at the end of Barcelona's title-winning campaign.

He and Al-Hilal reached an agreement to end their relationship over the weekend and Cancelo flew into Barcelona on Monday.

The defender posted an image of himself inside the plane with the message "coming back home," and spoke briefly to the press on his arrival at the airport.

"I am very happy to be here, which is where I want to be," said Cancelo, who is expected to sign a three-year contract in the coming days.

English Caption 1

Joao Cancelo (L) of Portugal vies with Alex Baena of Spain during the round of 16 match between Spain and Portugal at the 2026 FIFA World Cup at Dallas Stadium in Dallas, the United States, July 6, 2026. (Xinhua/Cheng Min)

English Caption 2

Joao Cancelo of Portugal celebrates after scoring during the 2026 World Cup European Qualifiers football match between Hungary and Portugal in Budapest, Hungary on Sept. 9, 2025. (Photo by Attila Volgyi/Xinhua)