အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စူပါမားကတ်တစ်ခုတွင် နေ့စဉ်သုံးပစ္စည်းများ ဝယ်ယူနေသော မြို့သူမြို့သားများအား ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စူပါမားကတ်တစ်ခုတွင် နေ့စဉ်သုံးပစ္စည်းများ ဝယ်ယူနေသော မြို့သူမြို့သားများအား ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်သော JPMorgan Chase ၏ မကြာသေးမီရက်က ထုတ်ပြန်သော နောက်ဆုံးအစီရင်ခံစာတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုနှုန်းသည် ယခုနှစ် ပထမနှစ်ဝက်တွင် ၂.၈ ရာခိုင်နှုန်း ရှိရာမှ လာမည့်နှစ် ပထမနှစ်ဝက်တွင် ၅ ရာခိုင်နှုန်းသို့ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ နောက်တစ်ကြိမ် ကမ္ဘာ့ငွေကြေးဖောင်းပွမှုဒဏ် ရိုက်ခတ်ခြင်းသည် စက်သုံးဆီဆိုင်များတွင် မဟုတ်နိုင်တော့ဘဲ စူပါမားကတ်များရှိ စားသောက်ကုန်စင်များတွင် ဖြစ်ပေါ်လာနိုင်သည်ဟု ယင်းအဖွဲ့အစည်းက ဖော်ပြထားသည်။

ဤအစီရင်ခံစာသည် “Food Security Is National Security: A Compounding Storm (စားနပ်ရိက္ခာဖူလုံရေးသည် အမျိုးသားလုံခြုံရေးဖြစ်သည်- ထပ်ဆင့်ရိုက်ခတ်လာသော မုန်တိုင်း)” ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ JPMorgan က အစီရင်ခံစာတွင် အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား သွားလာမှု ပိတ်ဆို့ခံရခြင်းနှင့် အားကောင်းသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကောက်ပဲသီးနှံများ အထွက်နှုန်းကျဆင်းနိုင်ခြင်း၊ အကြောင်းရင်းများစွာ ထပ်ဆင့်ဖြစ်ပွားလာခြင်းသည် လယ်ယာစိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်စေမည်ဖြစ်သောကြောင့် ၂၀၂၇ ခုနှစ် ပထမနှစ်ဝက်အထိ စားနပ်ရိက္ခာဈေးနှုန်းများ မြင့်မားနေစေမည်ဟု သတိပေးထားသည်။

ဤသုတေသနကို ဦးဆောင်သော ဘောဂဗေဒပညာရှင် Nora Szentivanyi က ဓာတ်မြေဩဇာစသည့်  စိုက်ပျိုးရေးလုပ်ငန်း ထုတ်လုပ်မှုသုံးပစ္စည်းများ သယ်ယူပို့ဆောင်ရေး ထိခိုက်မှုကြောင့် ကမ္ဘာ့ကောက်ပဲသီးနှံဈေးနှုန်း မြင့်တက်မှုမှာ ထိပ်ဆုံးသို့ မရောက်သေးကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်တွင် ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှု ရင်ဆိုင်နေရသော ရိုက်ခတ်မှုများက “စူပါအယ်လ်နီညို” ဖြစ်စဉ်အား စားနပ်ရိက္ခာဈေးနှုန်းများအပေါ် ရိုက်ခတ်မှုကို နှစ်ဆဖြစ်စေနိုင်သည်ဟု ၎င်းက ယူဆသည်။ ၂၀၂၇ ခုနှစ် ပထမနှစ်ဝက်တွင် စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုနှုန်းသည် ၅ ရာခိုင်နှုန်းအထိ ရောက်ရှိကာ အလုံးစုံငွေကြေးဖောင်းပွမှုနှုန်းကို ၀.၆ ရာခိုင်နှုန်းပွိုင့် မြင့်တက်စေမည်ဟု အစီရင်ခံစာက ခန့်မှန်းထားသည်။

အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ရှိ ဒေသအချို့တွင် စိုက်ပျိုးရေးသည် ရာသီဥတုပြောင်းလဲမှုအပေါ် ပိုမိုအကဲဆတ်ပြီး  စားသောက်ကုန်သည် ပြည်သူများ၏ စားသုံးမှုတွင် ပိုမိုမြင့်မားသော အချိုးအစားရှိသည်ဟု အစီရင်ခံစာက သုံးသပ်ထားသည်။ ဤအချက်များကြောင့် ထွန်းသစ်စဈေးကွက်စီးပွားရေးအစုအဖွဲ့များသည် ဤရိုက်ခတ်မှုတွင် အဆိုးရွားဆုံး ထိခိုက်ခံရမည်ဖြစ်သည်။  

မူလက စားနပ်ရိက္ခာပြတ်လပ်နေသော ထိလွယ်ရှလွယ်အုပ်စုများသည် ဤအကျပ်အတည်းကို ရင်ဆိုင်ရန် အကူအညီများ ပိုမိုရရှိရန် လိုအပ်သည်ဟု အစီရင်ခံစာက ယူဆသည်။ လွန်ခဲ့သောနှစ်က ကမ္ဘာတစ်ဝန်းတွင် လူဦးရေ ၆၄၅ သန်းခန့် အစာငတ်မွတ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး လူဦးရေ ၂.၁ ဘီလီယံခန့်သည် အလယ်အလတ် သို့မဟုတ် ပြင်းထန်သော စားနပ်ရိက္ခာမဖူလုံမှုကို ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၂၅.၈ ရာခိုင်နှုန်း ရှိကြောင်း ကိန်းဂဏန်းများက ဖော်ပြထားသည်။

ယင်းမတိုင်မီ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်သော အစီရင်ခံစာအရ ဇူလိုင်လတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်းသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း ကာလအလိုက် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ Goldman Sachsနှင့် HSBC ဘဏ်စသည့် အဖွဲ့အစည်းများစွာကလည်း အစီရင်ခံစာများ ထုတ်ပြန်၍ ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာမှုကို သတိထားရန် နိုင်ငံအသီးသီးအား သတိပေးခဲ့ကြောင်း သိရသည်။ (Xinhua)

.........................................

(Chinese Version)

机构警告全球食品价格通胀或迎来新一轮危机

新华社北京8月17日电(记者宿亮)美国金融机构摩根大通日前发布最新报告预计,全球食品价格通胀率将从今年上半年的2.8%提升至明年上半年的5%。这家机构表示,下一次全球通胀冲击可能不会出现在加油站,而是在超市的食品货架。  

这份报告题为《粮食安全就是国家安全:一场叠加的风暴》。摩根大通在报告中警告,中东战事导致霍尔木兹海峡通行受阻,加之强厄尔尼诺可能造成农作物减产,多重因素叠加将冲击农业生产,导致食品价格在2027年上半年居高不下。  

主持这项研究的经济学家诺拉·森蒂瓦尼说,由于化肥等农业生产资料运输受到影响,全球农作物价格上涨仍未见顶。她认为,今年全球能源供应面临的冲击可能会让“超级厄尔尼诺现象”给食品价格带来的冲击加倍。报告预计,2027年上半年食品价格通胀率将达到5%,推动整体通胀率上升0.6个百分点。  

报告分析,在亚洲、非洲和拉丁美洲的部分地区,农业对天气变化更为敏感,食品在居民消费中占比更高。这些因素都导致新兴市场经济体将在此次冲击中受到最严重的影响。  

报告认为,那些原本就缺乏食品的弱势群体需要获得更多帮助以应对此次危机。数据显示,去年全球约有6.45亿人面临饥饿,约21亿人面临中度或重度食品不安全,占全球总人口的25.8%。  

此前,联合国粮食及农业组织发布报告显示,7月全球食品价格指数环比上涨幅度达到2023年1月以来新高。高盛公司、汇丰银行等机构也多次发布报告,提示各国警惕全球食品价格上涨。(完)

图说:4月10日,市民在美国纽约一家超市购买生活用品。新华社记者 张凤国 摄