တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ကျန်ဇီမင်း၏ မွေးနေ့ရာပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက တက်ရောက်၍ အရေးကြီးအမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ကျန်ဇီမင်း၏ မွေးနေ့ရာပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက တက်ရောက်၍ အရေးကြီးအမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

ဗားကူး၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

China Media Group (CMG) မှ ဘာသာပြန်ဆိုထုတ်လုပ်သော ပထမဆုံး အဇာဘိုင်ဂျန် ဘာသာစကားဗားရှင်း ရုပ်သံအစီအစဉ် “ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်ရေစက်” (The Heritage Guardian) စတင်ထုတ်လွှင့်ခြင်း အခမ်းအနားကို မကြာသေးမီက အဇာဘိုင်ဂျန်နိုင်ငံ မြို့တော်ဗာကူ၌ ကျင်းပခဲ့သည်။

“ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်ရေစက်” ရုပ်သံအစီအစဉ်သည် သမ္မတ ရှီကျင့်ဖိန်၏ ယဉ်ကျေးမှု လက်ဆင့်ကမ်း ဖွံ့ဖြိုးတိုးတက်မှုအား နှလုံးသား၌ ထားရှိခြင်းနှင့်စပ်လျဉ်း၍ သက်ဝင်လှုပ်ရှားသော အကြောင်းအရာများကို ရွေးချယ်ထားပြီး ၎င်းက “ယဉ်ကျေးမှုတိုးတက်ပါက နိုင်ငံတော်တိုးတက်၍ ယဉ်ကျေးမှုအင်အား တောင့်တင်းပါက နိုင်ငံတော်အင်အားတောင့်တင်းသည်” ဟူသည်အပေါ် လေးနက်သည့် တွေးခေါ်မှုနှင့် ယဉ်ကျေးမှုအမွေအနှစ်အား တန်ဖိုးထားမြတ်နိုးမှု၊ သမိုင်းယဉ်ကျေးမှု အသက်သွေးကြောအား ရှေ့ဆက်စေလိုသည့် နက်ရှိုင်းသောသံယောဇဉ်တို့ကို ဖော်ပြထားကာ နိုင်ငံတကာပရိသတ်များထံသို့ ရှီကျင့်ဖိန် ယဉ်ကျေးမှုအတွေးအခေါ်၏ အနှစ်သာရ အနက်အဓိပ္ပာယ်နှင့် သမ္မတ ရှီကျင့်ဖိန်၏ နိုင်ငံရေးရာစီမံခန့်ခွဲမှု အယူအဆ၏ နက်ရှိုင်းသော ယဉ်ကျေးမှုအခြေခံအုတ်မြစ်တို့ကို ရှင်းလင်းတင်ဆက်ပြသထားသည်။

အခမ်းအနားတွင် အဇာဘိုင်ဂျန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လူမေက အမှာစကားပြောကြားရာ၌ “ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်ရေစက်” ရုပ်သံအစီအစဉ်အား အဇာဘိုင်ဂျန်၌ စတင်ထုတ်လွှင့်ပြသခြင်းသည် တရုတ်-အဇာဘိုင်ဂျန်မီဒီယာများ ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ ဝင်ရောက်ခြင်းကို အမှတ်သင်္ကေတပြုနေကြောင်း၊ အဇာဘိုင်ဂျန် ပရိသတ်များက ရှီကျင့်ဖိန် ယဉ်ကျေးမှုအတွေးအခေါ်၏ အဓိက အနက်အဓိပ္ပာယ်အား ပိုမိုနက်ရှိုင်းစွာ နားလည်သိရှိရန်၊ သမ္မတ ရှီကျင့်ဖိန် နိုင်ငံရေးရာစီမံခန့်ခွဲမှု အယူအဆ၏ အရင်းခံဖြစ်သော ယဉ်ကျေးမှုအနှစ်သာရအား ခံစားသိရှိရန် အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်နိုင်ငံ အမျိုးသားလွှတ်တော် ယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဋ္ဌ Gunay Efendiyeva က အဇာဘိုင်ဂျန်နှင့် တရုတ်နိုင်ငံတို့သည် ကြာရှည်သောသမိုင်းများရှိကြကြောင်း၊ ချိတ်ဆက်မှုများစွာ ရှိသည့်အပြင် ယနေ့အခါ နှစ်နိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များအား ကာကွယ်ထိန်းသိမ်းမှုနှင့် စပ်လျဉ်း၍ တူညီသောအယူအဆများ ရှိကြခြင်းကြောင့် နီးကပ်စွာချိတ်ဆက်နေကြောင်း၊ အဇာဘိုင်ဂျန်နိုင်ငံတွင် “ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်ရေစက်” ရုပ်သံအစီအစဉ် ထုတ်လွှင့်ပြသခြင်းသည် အလွန်အရေးကြီးသော အနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားပြီးနောက် အဆိုပါရုပ်သံအစီအစဉ်ကို အဇာဘိုင်ဂျန် အမျိုးသားရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန ယဉ်ကျေးမှုရုပ်သံလိုင်းနှင့် အဇာဘိုင်ဂျန် ARB24 ရုပ်သံလိုင်းတို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------------------------------------------------------

(Chinese Version)

阿塞拜疆语版节目《习近平的文化情缘》启播活动在巴库举行

新华社巴库8月17日电(记者周良)由中央广播电视总台译制的首部阿塞拜疆语版节目《习近平的文化情缘》启播活动日前在阿塞拜疆首都巴库举行。  

《习近平的文化情缘》选取习近平主席心系文化传承发展的生动故事,展现他对“文化兴国运兴,文化强民族强”的深邃思考和珍爱文化遗产、赓续历史文脉的深沉情怀,向国际受众阐释习近平文化思想的精髓要义和习近平主席治国理政理念的深厚文化根基。  

中国驻阿塞拜疆大使鲁梅在活动上致辞表示,《习近平的文化情缘》在阿启播,标志着中阿媒体合作迈上新台阶,有助于阿塞拜疆观众更加深入理解习近平文化思想的核心要义,感知习近平主席治国理政理念所根植的深厚文化底蕴。  

阿塞拜疆国民会议文化委员会副主席叶芬季耶娃说,阿塞拜疆和中国都拥有悠久的历史,在诸多纽带之外,今天两国还因对保护文化遗产所持的共同理念而紧密相连。在阿塞拜疆播出《习近平的文化情缘》具有极为重要的意义。  

活动结束后,阿塞拜疆国家电视广播公司文化频道和阿塞拜疆ARB24电视台先后播出该片。(完)

图说:纪念江泽民同志诞辰100周年大会17日上午在京隆重举行。中共中央总书记、国家主席、中央军委主席习近平出席大会并发表重要讲话。