ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပါတီခေါင်းဆောင်များ အချေအတင်ဆွေးနွေးပွဲသို့ တက်ရောက်သည့် ဂျပန်ဝန်ကြီးချုပ်၊ အာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဖြစ်သူ ဆာနာအဲ တာကာအိချိအား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Pool via Xinhua)
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပါတီခေါင်းဆောင်များ အချေအတင်ဆွေးနွေးပွဲသို့ တက်ရောက်သည့် ဂျပန်ဝန်ကြီးချုပ်၊ အာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဖြစ်သူ ဆာနာအဲ တာကာအိချိအား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Pool via Xinhua)

တိုကျို၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

ဂျပန်မီဒီယာအများအပြားသည် ဩဂုတ် ၁၆ ရက်တွင် အယ်ဒီတာအာဘော်များ ထုတ်ဝေကာ ဂျပန်နိုင်ငံက ခြွင်းချက်မရှိ လက်နက်ချကြောင်း ကြေညာသည့် ၈၁ နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိ အစိုးရအဖွဲ့က သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ရန် ရှောင်ရှားခြင်း၊ စစ်ပွဲတာဝန်ဝတ္တရားကို မှေးမှိန်စေခြင်းအတွက် ဝေဖန်ခဲ့ကြပြီး ဂျပန်နိုင်ငံရေးနှင့် လုံခြုံရေးမူဝါဒများတွင် တဖြည်းဖြည်း သိသာထင်ရှားလာသော “စစ်မတိုင်မီခေတ်သို့ ပြန်သွားရန်” အလေးပေးမှုအပေါ် သတိပြုရန် ဖော်ပြခဲ့ကြသည်။

ဩဂုတ် ၁၅ ရက်တွင် တာကာအိချိသည် ဂျပန်အစိုးရမှ ကျင်းပသော “နိုင်ငံတစ်ဝန်း စစ်ပွဲ၌ကျဆုံးသူများ အောက်မေ့ဖွယ် အခမ်းအနား” တွင် မိန့်ခွန်းပြောကြားရာတွင် ဂျပန်နိုင်ငံက အိမ်နီးချင်းနိုင်ငံများအပေါ် ကျူးကျော်စစ်ဆင်နွှဲခဲ့မှုနှင့် ယင်းကြောင့် ဖြစ်ပေါ်ခဲ့သော နက်ရှိုင်းလှသည့် ဘေးဒုက္ခများကို တစ်လုံးမျှဖော်ပြခြင်းမရှိသလို ဂျပန်၏ ကျူးကျော်မှုသမိုင်းအတွက် တောင်းပန်ခြင်းလည်း မရှိခဲ့ပေ။ ထို့ပြင် ၎င်း၏ မိန့်ခွန်းတွင် “ပြန်လည်သုံးသပ်ခြင်း” ဟူသော စကားလုံးလည်း မပါဝင်ခဲ့ပေ။ ယင်းနှင့်ပတ်သက်၍ ဂျပန်သတင်းစာ Mainichi Shimbun ၏ အယ်ဒီတာ့အာဘော်တွင် စစ်ပွဲ၏သင်ခန်းစာများကို မှန်ကန်စွာ မရှုမြင်နိုင်ပါက ငြိမ်းချမ်းသောနိုင်ငံတစ်ခုအဖြစ် ဂျပန်နိုင်ငံ၏ ဂုဏ်သတင်း ပျက်စီးဆုံးရှုံးလိမ့်မည်ဟု ထောက်ပြခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇူမိ စသည့် ဝန်ကြီးအများအပြားသည် ဩဂုတ် ၁၅ ရက်တွင် ဒုတိယကမ္ဘာစစ် A အဆင့် စစ်ရာဇဝတ်သား ၁၄ ဦး ဂုဏ်ပြုထားသည့် ယာဆူကူနီဂူဗိမာန်သို့ သွားရောက်ဂါရဝပြုခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍ ဂျပန်သတင်းစာ Asahi Shimbun ၏ အယ်ဒီတာ့အာဘော်တွင် ယာဆူကူနီဂူဗိမာန်သည် ယခင်က နိုင်ငံတော် ရှင်တိုဘာသာ၏ အဓိက အဆောက်အအုံ တစ်ခုအနေဖြင့် စစ်ဝါဒီနှင့် နီးကပ်စွာ ဆက်စပ်ခဲ့ပြီး နိုင်ငံသားများအား စစ်ပွဲအတွင်း ပါဝင်ရန် စည်းရုံးသွေးဆောင်ရာတွင်လည်း အသုံးပြုခဲ့ဖူးကြောင်း၊ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကို ဦးစီးကွပ်ကဲသူဖြစ်သည့် ကာကွယ်ရေးဝန်ကြီးအနေဖြင့် ရှင်ဂျီရို ကိုအိဇူမိအနေဖြင့် ယာဆူကူနီဂူဗိမာန်သို့ သွားရောက်ဂုဏ်ပြုခြင်းသည် အထူးသတိထားသင့်ကြောင်း ဆောင်းပါးတွင် ထောက်ပြထားသည်။ ကိုအိဇူမိ၏ ဤလုပ်ရပ်သည် ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ် ရေရှည်ဖြစ်ပေါ်လာခဲ့သော ငြိမ်းချမ်းရေးဝါဒအခြေခံမူနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စည်းစနစ်ကို ထိခိုက်စေနိုင်ပြီး တရုတ်၊ တောင်ကိုရီးယားတို့နှင့် ဂျပန်၏ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်သည်ဟု အယ်ဒီတာ့အာဘော်က သတိပေးခဲ့သည်။

ဂျပန်သတင်းစာ Tokyo Shimbun ၏ အယ်ဒီတာ့အာဘော်တွင် ပို၍ပင် သတိထားသင့်သည်မှာ တာကာအိချိဦးဆောင်သည့် မူဝါဒများစွာသည် “စစ်မတိုင်မီခေတ်သို့ ပြန်သွားရန်” အလေးပေးမှုကို ထင်ရှားစွာပြသနေသည်ဟု ထောက်ပြခဲ့သည်။ အယ်ဒီတာ့အာဘော်တွင် လူကိုထိခိုက်သေကျေစေနိုင်သော လက်နက်များ တင်ပို့ခွင့် ဖြေလျှော့ပေးခြင်း၊ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းနှင့် အမျိုးသားထောက်လှမ်းရေးစနစ် အားကောင်းစေခြင်း စသည့် လှုပ်ရှားမှုများကို ဥပမာပေးထောက်ပြခဲ့ပြီး တာကာအိချိအစိုးရအဖွဲ့၏ စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးစေခြင်းနှင့် လက်နက်ပြင်ဆင်မှု ဖြည့်တင်းတိုးချဲ့ခြင်းစသည့် လုပ်ရပ်တို့သည် စစ်မတိုင်မီနှင့် စစ်အတွင်းက ဂျပန်နိုင်ငံနှင့် အလွန်ဆင်တူသည်ဟု ယူဆခဲ့သည်။ စစ်ပွဲကို ပြန်လည်သုံးသပ်ရန် မေ့လျော့ပါက ယခင်ဖြစ်ရပ်မှားများ ထပ်မံဖြစ်ပွားနိုင်ကြောင်း၊ တာကာအိချိအစိုးရအဖွဲ့၏ “စစ်မတိုင်မီခေတ်သို့ ပြန်သွားရန်” လှုပ်ရှားမှုကို ရင်ဆိုင်ရာတွင် အချိန်မီ ပြုပြင်ရန် မဖြစ်မနေလိုအပ်ကြောင်း၊ သို့မဟုတ်ပါက စစ်ပြီးခေတ် ဒီမိုကရေစီ ပျက်စီးသွားပါက အချိန်နောက်ကျသွားလိမ့်မည်ဖြစ်ကြောင်း အယ်ဒီတာ့အာဘော်က သတိပေးထားသည်။ (Xinhua)

.........................

(Chinese Version)

日媒:高市政权回避历史反省 要警惕其“回归战前”倾向

新华社东京8月16日电(记者梁晨 李子越)日本多家媒体16日发表社论,批评高市早苗政权在日本宣布无条件投降81周年之际回避历史反省、淡化战争责任,并对日本政坛和安全政策日益显现的“回归战前”倾向表示警惕。  

15日,高市在日本政府举办的“全国战殁者追悼仪式”上致辞时,只字未提日本当年对邻国发动的侵略战争及由此造成的深重灾难,也没有为日本的侵略历史道歉,致辞中同样没有出现“反省”一词。对此,日本《每日新闻》社论指出,如果不能正视战争教训,日本作为和平国家的信誉将受到损害。  

日本防卫大臣小泉进次郎等多名阁僚15日参拜了供奉有14名二战甲级战犯的靖国神社。对此,《朝日新闻》社论指出,靖国神社曾作为国家神道核心设施与军国主义紧密相连,并曾被用于动员国民参与战争。作为统率自卫队的防卫大臣,小泉进次郎参拜靖国神社尤其值得警惕。社论警告,小泉此举可能损害日本战后长期形成的和平主义原则和宪法秩序,并损害日本同中国、韩国的关系。  

《东京新闻》社论指出,更值得警惕的是,高市主导的多项政策正呈现明显“回归战前”倾向。社论列举解禁杀伤性武器出口、增加防卫费、强化国家情报体制等动向,认为高市政权振兴军工产业、扩充军备等做法与战前战中的日本高度相似。社论警告,如果忘记反省战争,就可能重蹈覆辙;面对高市政权推动“回归战前”动向,必须及时纠正,否则一旦战后民主主义遭到破坏,将为时已晚。(完)

图为1月26日在日本东京拍摄的日本首相、执政党自民党总裁高市早苗出席党首辩论会的资料照片。新华社发(Pool图片,戴维·马勒伊摄)