
တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို သိသိသာသာ လျှော့ချရန် ပင်တဂွန်အား ထရမ့် ညွှန်ကြား
တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို သိသိသာသာ လျှော့ချရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပင်တဂွန်စစ်ဌာနချုပ်အား ဩဂုတ် ၁၆ ရက်တွင် ညွှန်ကြားခဲ့သည်။
"အမေရိကန်နိုင်ငံက တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ဖို့ ဟိုးအရင်အချိန်ကတည်းက သဘောတူညီခဲ့သည့်အချက်ကို ကျွန်တော် ကျေနပ်လှတာမဟုတ်ပါဘူး" ဟု ထရမ့်က Truth Social တွင် ပို့စ်တင်ရေးသားခဲ့သည်။
ဂါဇာ အလယ်ပိုင်းနှင့် တောင်ပိုင်းကို အစ္စရေးတိုက်ခိုက်၊ လူနှစ်ဦးသေဆုံး
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ၌ ဩဂုတ် ၁၆ ရက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အနည်းဆုံးလူနှစ်ဦး သေဆုံးခဲ့ကြောင်း အစ္စရေးသတင်းရင်းမြစ်များအရ သိရသည်။
ဂါဇာတောင်ပိုင်း ခန်ယွန်းနစ်နှင့် ဂါဇာအလယ်ပိုင်း Nuseirat ဒုက္ခသည်စခန်းနေရာများကို ထိုးစစ်ဆင်ခဲ့ပြီး အစ္စလာမ္မစ်ဂျီဟတ်နှင့် ဟားမက်စ်တို့မှ စစ်သွေးကြွနှစ်ဦးကို ပစ်မှတ်ထားရှင်းလင်းခဲ့သည်ဟု စစ်တပ်က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦး သေဆုံးခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင် Army Radio က သတင်းဖော်ပြခဲ့သည်။
အစ္စရေး၏လမ်းပြမြေပုံလိုက်နာမှုနှင့် စပ်လျဉ်း၍ ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့ ကိုင်ရိုတွင် ဆွေးနွေးပွဲများကျင်းပ
ဟားမက်စ်က ၎င်း၏ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်ဦးဆောင်သော "ငြိမ်းချမ်းရေးဘုတ်အဖွဲ့" နှင့်စပ်လျဉ်း၍ အစ္စရေးက သဘောတူထားသည့် လမ်းပြမြေပုံအပေါ် လိုက်နာမှုရှိစေရန်အတွက် အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုတွင် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိကြောင်း ဩဂုတ် ၁၆ ရက်၌ ပြောကြားခဲ့သည်။
ယင်းတွေ့ဆုံမှုများသည် ဟားမက်စ်အဖွဲ့၏ လက်ရှိလုပ်ဆောင်လျက်ရှိသော “ဖျန်ဖြေသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် သံတမန်ရေးကြိုးပမ်းမှုများကို အစ္စရေးရဲ့ ချိုးဖောက်မှုတွေအကြောင်း သူတို့ကို အသိပေးဖို့ဖြစ်ကြောင်း” ဟားမက်စ်ပြောရေးဆိုခွင့်ရှိသူ Hazem Qassem က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက Long March-12 ဒုံးပျံဖြင့် အင်တာနက်ဂြိုဟ်တုအုပ်စုသစ် လွှတ်တင်
တရုတ်နိုင်ငံသည် ဩဂုတ် ၁၆ ရက်က နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းသုံး အာကာသယာဉ်လွှတ်တင်ရေးနေရာမှ အင်တာနက်ဂြိုဟ်တုအစုအဝေးသစ်တစ်ခုကို ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လွှတ်တင်ခဲ့သည်။
ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် အင်တာနက်ဂြိုဟ်တုများ၏ ၂၄ ကြိမ်မြောက်အုပ်စုဖြစ်သော အဆိုပါဂြိုဟ်တုများကို ပေကျင်းစံတော်ချိန် နေ့လယ် ၁၂:၁၀ နာရီတွင် Long March-12 သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းဂြိုဟ်တုများမှာ သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းများသို့ အောင်မြင်စွာ ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
………..
(English Version)
Daily World Briefing, Aug. 17
Trump instructs Pentagon to substantially reduce joint military exercises with South Korea
U.S. President Donald Trump said on Sunday he had instructed the Pentagon to substantially reduce joint military exercises with South Korea.
"I am not happy with the fact that the United States has, long ago, agreed to participate in Joint Military Exercises with South Korea," Trump wrote in a post on Truth Social.
Israel strikes central, southern Gaza, kills 2: Israeli sources
The Israeli military carried out airstrikes in the Gaza Strip on Sunday, killing at least two people, according to Israeli sources.
The military said in a statement that the strikes, in Khan Younis in southern Gaza and the area of the Nuseirat refugee camp in central Gaza, targeted two militants from Islamic Jihad and Hamas. Israel's state-owned Army Radio reported that the two were killed.
Hamas delegation holds talks in Cairo over Israel's compliance with roadmap
The Islamic Resistance Movement (Hamas) said Sunday that its delegation is holding meetings in the Egyptian capital Cairo to ensure Israel's compliance with a roadmap agreed upon with the U.S.-led "Board of Peace."
Hamas spokesperson Hazem Qassem said in a press statement that the meetings are part of the movement's ongoing "contacts and diplomatic efforts with mediators to inform them of Israeli violations."
China's Long March-12 rocket launches new internet satellite group
China sent a new batch of internet satellites into orbit Sunday from a commercial spacecraft launch site in the southern island province of Hainan.
The satellites, the 24th group of the low-orbit internet satellites, lifted off aboard a Long March-12 carrier rocket at 12:10 p.m. (Beijing Time) and entered their preset orbits successfully.








