
ဦလန်ဘာတာ၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)
မွန်ဂိုလီးယားနိုင်ငံ မြို့တော်ဦလန်ဘာတာရှိ Tuul မြစ်ကမ်းနံဘေးတွင် အပြင်ဘက်နံရံ၌ ရောင်စုံအရောင်အချောင်းများ ချိတ်ဆွဲထားသော အဆောက်အအုံက မြို့အနောက်ဘက်ခြမ်း၌ တည်ရှိသည်။ ၎င်းသည် မွန်ဂိုလီးယားနိုင်ငံ၏ အရွယ်အစားအကြီးဆုံး၊ အဆောက်အဦ အပြည့်အစုံဆုံးဖြစ်သည့် မသန်စွမ်းကလေးငယ်များ ပြန်လည်သန်စွမ်းရေးစင်တာဖြစ်သည်။
တရုတ်နိုင်ငံအစိုးရမှ အရင်းအနှီးထည့်ဝင်၍ ပံ့ပိုးတည်ဆောက်ပေးထားသည့် အဆိုပါ ပြည်သူ့လူနေမှုဘဝ အကျိုးပြုနေရာတွင် မွန်ဂိုလီးယားနိုင်ငံ ဒေသအသီးသီးမှ မသန်စွမ်းကလေးငယ်များက ပြန်လည်သန်စွမ်းမှု လေ့ကျင့်ရေး၊ အော်တစ်ဇင်ကလေးငယ်များအတွက် ကုသမှု၊ ဘာသာစကားပြောကြားမှုဆိုင်ရာ ထိန်းညှိတည့်မတ်ပေးမှု၊ စိတ်ပိုင်းဆိုင်ရာလမ်းညွှန်ဆွေးနွေးမှု စသည့် ဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းတွင် ရရှိနိုင်သည်။
တရုတ်နိုင်ငံက ပံ့ပိုးတည်ဆောက်ပေးသည့်အပြင် အထောက်အပံ့ပစ္စည်းများလှူဒါန်းမှုနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ဖလှယ်မှု စသည့် နည်းလမ်းမျိုးစုံဖြင့် အဆိုပါစင်တာအား ပံ့ပိုးကူညီမှုများ အဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့ပြီးနောက် ယနေ့တိုင် ထိုစင်တာသည် မွန်ဂိုလီးယားနိုင်ငံ မသန်စွမ်းကလေးငယ်ပေါင်း ၇၀,၀၀၀ ကျော်အတွက် အခမဲ့ပြန်လည်သန်စွမ်းရေး၊ ပညာရေးနှင့် စိတ်ပိုင်းဆိုင်ရာကူညီမှု ဝန်ဆောင်မှုများ ပံ့ပိုးပေးခဲ့ရာ မိသားစုပေါင်းများစွာ မျှော်လင့်ချက် လင်းရောင်ခြည် ပြန်လည်ထွန်းလင်းလာနိုင်သည့် နွေးထွေးဖွယ်ခိုလှုံနေရာလည်း ဖြစ်လာခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------------------------------------------------------
(Chinese Version)
走进蒙古国残疾儿童康复发展中心
新华社照片,乌兰巴托,2026年8月16日
在蒙古国首都乌兰巴托的土拉河畔,一座外墙铺着五颜六色条形色块的建筑静静矗立在城西——这里是蒙古国规模最大、设施最完善的残疾儿童康复发展中心。
在这座由中国政府出资援建的民生场馆,来自蒙古国各地的残疾儿童可以获得运动康复、自闭症干预、语言矫正、心理疏导等一站式服务。
援建之外,中方通过物资捐赠和医护人员交流培训等多种方式,持续对中心提供支持。
自2019年5月投入使用至今,中心已为超7万名蒙古国残疾儿童提供免费康复、教育与心理支持服务,成为无数家庭重拾希望的温暖港湾。
1、7月1日,在蒙古国首都乌兰巴托,老师在残疾儿童康复发展中心对患儿进行训练。 新华社记者 姚琪琳 摄
2、7月1日,在蒙古国首都乌兰巴托,老师在残疾儿童康复发展中心对患儿进行康复训练。新华社记者 姚琪琳 摄
3、这是7月1日在蒙古国首都乌兰巴托拍摄的残疾儿童康复发展中心外景。新华社记者 姚琪琳 摄








