အိုမန်နိုင်ငံ မြောက်ပိုင်း Khasab မြို့လေးတွင် ရိုက်ကူးသော ဟော်မုဇ်ရေလက်ကြား တောင်ဘက်ခြမ်း လက်ရှိအခြေအနေအား ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အိုမန်နိုင်ငံ မြောက်ပိုင်း Khasab မြို့လေးတွင် ရိုက်ကူးသော ဟော်မုဇ်ရေလက်ကြား တောင်ဘက်ခြမ်း လက်ရှိအခြေအနေအား ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

အီရန် Tasnim သတင်းဌာန၏ ဩဂုတ် ၁၆ ရက် သတင်းအရ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ တပ်မတော် စစ်ဦးစီးချုပ် Amir Hatami က ယနေ့မှစ၍ နောင်တွင် ပါရှန်ပင်လယ်ကွေ့၊ အိုမန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားတို့သို့ အမေရိကန် ဝင်ရောက်ခွင့်မရှိတော့ကြောင်း ပြောကြားခဲ့သည်။

လူထုအခမ်းအနားတစ်ခုတွင် “အမေရိကန်ကို နှင်ထုတ်ခဲ့တယ်ဆိုတာ ဖြစ်ရပ်မှန်တစ်ခုဖြစ်သွားပြီ” ယနေ့မှစ၍ နောင်တွင် ၎င်းတို့အနေဖြင့် “ပါရှန်းပင်လယ်ကွေ့၊ အိုမန်ပင်လယ်ကွေ့နဲ့ ဟော်မုဇ်ရေလက်ကြားတို့ကို ဝင်ရောက်ခွင့် ထပ်မံရရှိတော့မည်မဟုတ်” ဟု Hatami က မီဒီယာများထံ ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထို့ပြင် အမေရိကန်၏ စစ်အခြေစိုက်စခန်းများသည် ယခင်အခြေအနေ ပြန်လည်ရရှိနိုင်မည်မရှိကြောင်း၊ အီရန်အနေဖြင့် “ဤအခြေအနေမျိုးကို လုံးဝ ဖြစ်ခွင့်ပြုမည်မဟုတ်” ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် Hatami က ဟော်မုဇ်ရေလက်ကြားသည် အီရန်ပြည်သူများပိုင်ဆိုင်သော “ပထဝီနိုင်ငံရေး အရင်းအမြစ်” ဖြစ်ပြီး ယင်း  “လီဗာ”သည် ယခင်အခြေအနေအတိုင်း ပြန်လည်ဖြစ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်က မကြာသေးမီက “‘အီရန်ကို အနိုင်တိုက်ပြီးနောက်’ ၎င်းက ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမည်” ဟု ပြောဆိုမှုနှင့်ပတ်သက်၍ Hatami က ယင်းပြောဆိုချက်သည် “အဓိပ္ပါယ်မရှိ ပေါက်တတ်ကရ ပြောခြင်းပါ၊ အကြောင်းရင်းကတော့ ဒီနေရာက အီရန်နိုင်ငံဖြစ်ပြီး အစောင့်တပ်ဖွဲ့တွေက ခင်ဗျားခြေထောက်ကို ရိုက်ချိုးပစ်လိမ့်မယ်” ဟု ပြောကြားခဲ့သည်။

သတင်းအရ မည်သည့်အီရန်နိုင်ငံသားမဆို အမေရိကန် “ကျူးကျော်သူ” တစ်ဦးကို ဖမ်းဆီး သို့မဟုတ် သတ်ဖြတ်နိုင်ပါက “အီရန်ပြည်သူများ” မှ ပေးအပ်သော ဒေါ်လာ ၃၀,၀၀၀ ဆုကြေးရရှိမည်ဖြစ်သည်ဟုလည်း Hatami က အဆိုပါအခမ်းအနားတွင်  ကြေညာခဲ့သည်။ (Xinhua)

................................

(Chinese Version)

伊朗军方:美国不得进入波斯湾及周边海域

新华社德黑兰8月16日电(记者陈霄 沙达提)据伊朗塔斯尼姆通讯社16日报道,伊朗伊斯兰共和国军队总司令哈塔米表示,美国今后不得进入波斯湾、阿曼湾和霍尔木兹海峡。  

报道说,哈塔米在参加公开活动时向媒体表示,“美国被驱逐已成事实”,今后其“将不再获得进入波斯湾、阿曼湾和霍尔木兹海峡的许可”。他还强调,美军基地不可能恢复到此前状态,伊朗“绝不允许这种情况发生”。  

谈及霍尔木兹海峡,哈塔米说,霍尔木兹海峡是伊朗人民拥有的“地缘政治资源”,这一“杠杆”不会恢复到此前状态。  

关于美国总统特朗普近日称“‘击败伊朗后’他很快就会‘宣布霍尔木兹海峡为美国领土’”,哈塔米表示,该言论“是胡说八道,因为这里是伊朗,守卫者们会打断你的腿”。  

据报道,哈塔米还在活动上宣布,任何伊朗人抓捕或杀死一名美国“侵略者”,将获得由“伊朗人民”提供的3万美元奖励。(完)

图说:这是6月20日在阿曼北部小镇海塞卜拍摄的霍尔木兹海峡南侧现状。新华社记者 温新年 摄