မလေးရှားနိုင်ငံ Selangor ပြည်နယ် Gombak ဘူတာရုံ၌ ရထားဝန်ထမ်းများ ရထားဘေးမှ ဖြတ်လျှောက်သွားနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မလေးရှားနိုင်ငံ Selangor ပြည်နယ် Gombak ဘူတာရုံ၌ ရထားဝန်ထမ်းများ ရထားဘေးမှ ဖြတ်လျှောက်သွားနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူဆောက်လုပ်သော မလေးရှား အရှေ့ကမ်းရိုးတန်းမီးရထား (ECRL) စီမံကိန်း၏ Kota Bharu မှ Gombak အထိ လမ်းပိုင်း (ပထမအဆင့်ဆောက်လုပ်ရေးလုပ်ငန်း) သည် ဩဂုတ် ၁၄ ရက်တွင် ရွေ့လျားမှုဆိုင်ရာ စစ်ဆေးခြင်းနှင့် ချို့ယွင်းချက်မရှိ လည်ပတ်မှုအဆင့်သို့ ဝင်ရောက်ခဲ့သည်။

ရွေ့လျားမှုဆိုင်ရာ စစ်ဆေးခြင်းနှင့် ချို့ယွင်းချက်မရှိ လည်ပတ်မှုသည် မီးရထားလမ်း ဖွင့်လှစ်လည်ပတ်ခြင်းမပြုမီ အရေးကြီးသော အဆင့်ဖြစ်ကြောင်း၊ နှစ်လခန့်ကြာမြင့်သည့် စစ်ဆေးရေးကာလအတွင်း စီမံကိန်းသည် ရထားလမ်း၊ ဆက်သွယ်ရေး၊ အချက်ပြစနစ်၊ Traction power supply နှင့် ယာဉ်များ စသည့် စနစ်များကို ဘက်စုံစမ်းသပ်စစ်ဆေးကာ မီးရထားလမ်းစနစ်၏ လည်ပတ်ဆောင်ရွက်မှုစွမ်းဆောင်ရည်နှင့် ဘေးကင်းလုံခြုံယုံကြည်စိတ်ချရမှုကို အပြည့်အဝ စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းထောက်က ဖွင့်ပွဲအခမ်းအနားမှ သိရှိရသည်။

အဆိုပါ ECRL စီမံကိန်းသည် စုစုပေါင်းအရှည် ၆၆၅ ကီလိုမီတာရှိပြီး တရုတ်-မလေးရှားက “ရပ်ဝန်းနှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှု  အတူတကွတည်ဆောက်ခြင်း၏ အထင်ကရစီမံကိန်းဖြစ်ကာ တည်ဆောက်ပြီးစီးပါက လမ်းကြောင်းတစ်လျှောက် ဒေသများ၏ အပြန်အလှန်ချိတ်ဆက်မှုကို များစွာအားပေးမြှင့်တင်နိုင်မည်ဖြစ်သလို မလေးရှားအရှေ့ကမ်းရိုးတန်းဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း တွန်းအားပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

မလေးရှားနိုင်ငံ Selangor ပြည်နယ် Gombak ဘူတာရုံ၌ ဝန်ထမ်းတစ်ဦး ရထားအတွင်း၌ စမ်းသပ်ဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မလေးရှားနိုင်ငံ Selangor ပြည်နယ် Gombak ဘူတာရုံ၌ ဝန်ထမ်းတစ်ဦး ရထားအတွင်း၌ စမ်းသပ်ဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..............................

(Chinese Version)

中企承建马东铁项目一期工程进入动态检测阶段

新华社吉隆坡8月14日电(记者袁睿 黎淑同)由中国企业承建的马来西亚东海岸铁路(马东铁)项目哥打巴鲁至鹅唛段(即一期工程)14日进入动态检测及无故障运行阶段。  

记者从启动仪式现场获悉,动态检测及无故障运行是铁路开通运营前的重要环节。在为期约两个月的检测期内,项目将对轨道、通信、信号、牵引供电、车辆等系统开展综合测试,全面检验铁路系统运行性能和安全可靠性。  

马东铁项目全长665公里,是中马共建“一带一路”合作的旗舰项目,建成后将极大促进沿线地区互联互通,带动马来西亚东海岸地区经济发展。(完)

图说1:8月14日,在马来西亚雪兰莪州鹅唛车站,乘务员从列车旁经过。新华社发(张纹综 摄)

图说2:8月14日,在马来西亚雪兰莪州鹅唛车站,工作人员在列车内进行测试。新华社发(张纹综 摄)