အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အမှာစကားပြောကြားနေသည့် အမေရိကန်သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အမှာစကားပြောကြားနေသည့် အမေရိကန်သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန် အမျိုးသားရင်ပြင်တွင်ရှိသော ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် ကျောက်တိုင်ဧရိယာသည် ဩဂုတ် ၁၃ ရက်တွင် ဆေးမှုတ် ဖျက်ဆီးခံခဲ့ရသည်။ အမေရိကန် သမ္မတ ထရမ့်က ဩဂုတ် ၁၄ ရက်တွင် အဆိုပါဖျက်ဆီးမှုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

“ကျွန်တော်တို့ရဲ့ လှပတဲ့ ဒုတိယကမ္ဘာစစ် အထိမ်းအမှတ်ကျောက်တိုင်ဟာ မကြာခင်က ဆေးမှုတ် ဖျက်ဆီးခံခဲ့ရပါတယ်” ဟု ထရမ့်က လူမှုမီဒီယာ Truth Social တွင် ပို့စ်တင်ရေးသားခဲ့သည်။ “ဒါက ဒုတိယကမ္ဘာစစ်အတွင်းမှာ စတေးခံခဲ့တဲ့ အမေရိကန်အာဇာနည်တွေအပေါ် အကြီးမားဆုံး စော်ကားမှုပဲ … ကျွန်တော်တို့ သူတို့ကို ခြေရာခံရှာဖွေနေပါတယ်” ဟုလည်း ၎င်းက ဆိုခဲ့သည်။

ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် ကျောက်တိုင်သည် လင်ကွန်းအထိမ်းအမှတ်အဆောက်အဦ၏ ရောင်ပြန်ရေကန် အရှေ့ဘက်ခြမ်းတွင် တည်ရှိသည်။ အထိမ်းအမှတ်ကျောက်တိုင်ဧရိယာတွင် ပန်းရောင်နှင့် အစိမ်းရောင် ဆေးများ မှုတ်ထားပြီး အချို့နေရာတွင် “သန့်ရှင်းသောလက်၊ ညစ်ညမ်းသောပိုက်ဆံ” ဟူသည့် စကားလုံးများ ရေးသားထားကြောင်း၊ ရေပန်းအတွင်း၌လည်း အမြှုပ်များပြည့်နေကြောင်း ဗီဒီယိုနှင့် ဓာတ်ပုံများ၌ တွေ့ရသည်။

အမေရိကန် ပန်းခြံဥယျာဉ်ရဲတပ်ဖွဲ့ဝင်များသည် အချင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ “ဖျက်ဆီးတဲ့လုပ်ရပ်က အလွန်စက်ဆုပ်ရွံရှာဖွယ်ရာကောင်းပြီး လုံးဝသည်းခံနိုင်ဖွယ်မရှိပါဘူး … ကျွန်တော်တို့က ဒီစက်ဆုပ်ဖွယ်လုပ်ရပ်အတွက် တာဝန်ရှိသူကို သေချာပေါက် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ” ဟု အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနက ဩဂုတ် ၁၃ ရက်ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

အမေရိကန် ကိုလံဘီယာခရိုင် အစိုးရရှေ့နေ Jeanine Pirro က သံသယရှိသူတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကြောင်း ဩဂုတ် ၁၄ ရက်တွင် အတည်ပြုခဲ့သည်။ “ဒီနေ့နံနက်ပိုင်းမှာ ကျွန်မတို့က ဖက်ဒရယ်ဒေသတရားရုံးထံသို့ Melissa Lovewell အား ပြစ်မှုကြီးနှစ်ရပ်နဲ့ တရားစွဲဆိုခဲ့ပါတယ်။ အဲဒီစွဲချက်နှစ်ခုအတွက် အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်” ဟု Jeanine Pirro က လူမှုမီဒီယာတွင် ပို့စ်တင်၍ ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

美二战纪念设施遭喷漆破坏 特朗普怒斥

新华社华盛顿8月14日电(记者杨伶 熊茂伶)位于美国首都华盛顿国家广场上的二战纪念碑区域13日遭喷漆破坏。美国总统特朗普14日严厉谴责这一破坏行为。  

“我们美丽的二战纪念碑刚刚遭到喷漆破坏,”特朗普在社交媒体“真实社交”上写道,“这简直是对那些在二战中牺牲的美国英雄们最大的侮辱……我们正在追踪他们!”  

二战纪念碑位于林肯纪念堂倒影池东侧。有视频和照片显示,纪念碑区域被泼洒了粉红色和绿色油漆,还有地方被写上了“干净的手,肮脏的钱”字样,喷泉池内也充满了泡泡。  

美国内政部13日晚发布的声明说,美国公园警察已抵达现场,调查仍在进行中。“破坏行为令人发指,绝不容忍……我们一定会将这一令人作呕行为的责任人绳之以法。”  

美国哥伦比亚特区联邦检察官珍妮娜·皮罗14日证实,一名嫌疑人已被拘留。皮罗在社交媒体上发帖称:“今天上午,我们已向联邦地区法院对梅利莎·法里斯提起两项重罪指控……这两项罪名最高可判10年监禁。”(完)

图说:4月6日,美国总统特朗普在首都华盛顿白宫举行的新闻发布会上讲话。新华社发(李源清摄)