
မော်စကို၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှိမိစု မိုတဲဂိ တို့က Iturup ကျွန်း (ဂျပန်အခေါ် Etorofu ကျွန်း) သို့ ရုရှားသမ္မတ ပူတင် သွားရောက်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ထုတ်ဖော်ပြောဆိုချက်များကို ချေပပြောဆိုခဲ့ရာ ထိုပြောဆိုချက်များသည် နိုင်ငံရေးအရ အဓိပ္ပာယ်မဲ့ပြီး “စော်ကားမှု” သဘောသက်ရောက်ကာ ဥပဒေရေးရာအရလည်း ခိုင်လုံမှုမရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က ဩဂုတ် ၁၃ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
Maria Zakharova က ဒုတိယကမ္ဘာစစ်ရလဒ်၊ မဟာမိတ်နိုင်ငံများနှင့် သက်ဆိုင်ရာသဘောတူညီချက်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ တောင်ပိုင်း Kurils ကျွန်းစု (ဂျပန်အခေါ် မြောက်ပိုင်းကျွန်းလေးကျွန်း) သည် ရုရှားနိုင်ငံပိုင်ဖြစ်ကြောင်း Iturup ကျွန်းသည် တောင်ပိုင်း Kurils ကျွန်းစု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံ၏ “ခွဲထုတ်၍မရသော ပိုင်နက်နယ်မြေ” ဖြစ်ကြောင်း ဆိုခဲ့သည်။
ဆာနာအဲ တာကာအိချိနှင့် တိုရှိမိစု မိုတဲဂိ တို့၏ ပြောဆိုချက်များသည် “ဒေါသဖြစ်ဖွယ်ကောင်းပြီး လုံးဝလက်ခံနိုင်ဖွယ်မရှိ” သလို “လက်စားချေဝါဒ” များဖြင့် ပြည့်နှက်နေသဖြင့် ဂျပန်၏ အိမ်နီးချင်းနိုင်ငံအားလုံးသာမက အာရှ-ပစိဖိတ်ဒေသတစ်ခုလုံးအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Maria Zakharova က ဂျပန်သည် အကြွင်းမဲ့လက်နက်ချစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်မှာ ယနေ့အခါ ၈၁ နှစ်နီးပါးရှိလာပြီဖြစ်သော်လည်း ဂျပန်ဘက်က “ပြင်ဆင်ပြောင်းလဲရေးဝါဒ (revisionism)” အယူအဆကို ထပ်မံအားပေးနေပြီး အာရှတိုက်တွင် မိမိတို့၏ ကျူးကျော်မှုလုပ်ဆောင်ချက်အပြစ်များမှ ကင်းလွတ်ရန် ကြိုးပမ်း၍ ရုရှားထံသို့ “အဓိပ္ပာယ်မဲ့သော ပိုင်နက်နယ်မြေ တောင်းဆိုမှုများ” ပြုလုပ်နေကြောင်း ဆိုသည်။
ထိုကဲ့သို့ “အမြော်အမြင်နည်းပါးသောမူဝါဒ” သည် အာရှနိုင်ငံအများစု၏ ငြိမ်းချမ်းမှု၊ လုံခြုံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်မှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ “ဂျပန်ပြည်သူများအတွက် ဆိုးရွားသော အန္တရာယ်များ သယ်ဆောင်သွားပေးလိမ့်မည်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဂျပန်သည် အနောက်နိုင်ငံများနောက်လိုက်ကာ ရုရှားအပေါ် “တရားမဝင် ပိတ်ဆို့အရေးယူမှုများ” ကျင့်သုံး၍ ယူကရိန်းကို စစ်ရေးနည်းပညာအပါအဝင် အကူအညီအမျိုးမျိုး ပံ့ပိုးပေးနေကြောင်း၊ ထိုလုပ်ရပ်များသည် အမှန်စင်စစ်တွင် ရုရှား-ဂျပန် ဆက်ဆံရေးကို “လုံးဝပျက်စီးစေ” လျက်ရှိပြီး ဂျပန်ဘက်က “ရန်လိုလုနီးပါးဖြစ်သော” ရုရှားဆန့်ကျင်ရေးလမ်းကြောင်းအား ရွေးချယ်ထားသည်ကို ဖော်ပြနေကြောင်း၊ ထိုလုပ်ရပ်သည် ဂျပန်ပြည်သူများ၏ အကျိုးစီးပွားနှင့် မကိုက်ညီကြောင်းလည်း Maria Zakharova က ဆိုသည်။
ပူတင်က ဩဂုတ် ၁၃ ရက်တွင် ရုရှား-ဂျပန် အငြင်းပွားနေသော တောင်ပိုင်း Kurils ကျွန်းစုသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ရုရှား-ဂျပန် ဆက်ဆံရေးနှင့်ပတ်သက်၍ ရှားရှားပါးပါး မှတ်ချက်ပေးခဲ့သည်။
ထို့နောက် ဆာနာအဲ တာကာအိချိက သတင်းစာရှင်းလင်းပွဲကျင်းပကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ ဆာနာအဲ တာကာအိချိက မြောက်ပိုင်းကျွန်း လေးကျွန်းသည် ဂျပန်၏ “မူလပိုင်နက်နယ်မြေ” ဖြစ်ပြီး ပူတင်၏ အဆိုပါလုပ်ရပ်ကို “လုံးဝလက်ခံနိုင်ဖွယ်မရှိ” ဟု ပြောကြားခဲ့သည်။ ပူတင်၏ ထိုလုပ်ရပ်သည် ဂျပန်ပြည်သူများ၏ ရုရှားအပေါ် သဘောထားအမြင်ကို ပိုမိုဆိုးရွားစေခဲ့ပြီး ကာလလတ်နှင့် ကာလရှည်ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရန် ပိုမိုခက်ခဲသွားစေကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ တိုရှိမိစု မိုတဲဂိ ကလည်း ထိုနေ့တွင်ပင် ဂျပန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကို ဆင့်ခေါ်တွေ့ဆုံကာ ပူတင်၏ ကျွန်းပေါ်သို့ သွားရောက်ခြင်းကို ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
俄外交部驳斥日方就普京登岛提出的抗议
新华社莫斯科8月13日电 俄罗斯外交部发言人扎哈罗娃13日在俄外交部网站发布声明,驳斥日本首相高市早苗和日本外务大臣茂木敏充针对俄总统普京登上伊图鲁普岛(日本称择捉岛)发表的相关言论,称这番言论在政治上毫无意义、带有“侮辱”性质,在法理层面亦不具备效力。
扎哈罗娃说,根据二战结果、同盟国相关协定和《联合国宪章》,南千岛群岛(日本称北方四岛)归属俄罗斯。伊图鲁普岛系南千岛群岛一部分,属于俄“不可分割的领土”。高市和茂木的言论“令人愤慨,完全不可接受”,充斥着“复仇主义”,对日本所有邻国乃至整个亚太地区都构成负面影响。
扎哈罗娃说,日本签署无条件投降书至今已近81年,东京方面却再次鼓吹“修正主义”论调,试图为自身在亚洲的侵略行径开脱,并向俄罗斯提出“荒谬的领土主张”。这种“短视政策”与亚洲多数国家维护和平、安全与合作的努力背道而驰,“将给日本人民带来严重风险”。
扎哈罗娃还说,日本追随西方国家对俄实施“非法制裁”,向乌克兰提供包括军事技术在内的各类支持。此举实质上正在“彻底破坏”俄日关系,表明东京方面选择了“近乎敌对的”反俄路线。这一做法不符合日本民众利益。
普京13日首次登上俄日争议岛屿南千岛群岛,并罕见评论俄日关系。高市随后举行记者会提出强烈抗议。高市称,北方四岛是日本的“固有领土”,对普京此举“绝对无法接受”。她还称,普京此举进一步恶化了日本民众对俄罗斯的看法,也让中长期内恢复两国关系变得困难。茂木同日召见俄驻日大使,对普京登岛一事表达抗议。(完)
图说1:6月5日,俄罗斯总统普京在第29届圣彼得堡国际经济论坛全体会议上致辞。新华社记者 刘彬 摄
图说2:1月26日,在日本东京,日本首相、执政党自民党总裁高市早苗在党首辩论会上发言。新华社发(Pool图片,戴维·马勒伊摄)








