အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ လွှတ်တော်အဆောက်အအုံကို ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ လွှတ်တော်အဆောက်အအုံကို ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်စစ်တပ်အနေဖြင့် အီရန်အား “အချိန်အကန့်အသတ်မရှိ” ပင်လယ်ပြင်ပိတ်ဆို့မှုများ ပြုလုပ်နိုင်ရန် လုံလောက်သော စစ်အင်အားရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က ဩဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

Hegseth သည် ထိုနေ့တွင် ပနားမားနိုင်ငံ၌ အမေရိကန်စစ်သင်္ဘောတစ်စင်းပေါ်ရှိ တပ်ဖွဲ့ဝင်များအား မိန့်ခွန်းပြောကြားပြီးနောက် မီဒီယာများထံ “အမေရိကန်ရေတပ်မှာ ဒီလိုပိတ်ဆို့မှုကို အချိန်အကန့်အသတ်မရှိ ဆက်လက်ထိန်းသိမ်းသွားဖို့ စွမ်းဆောင်ရည်အပြည့်အဝရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အရင်ကလိုပဲ သင်္ဘောတွေကို ဆက်လက်အလှည့်ကျတာဝန်ပေးသွားမှာ ဖြစ်တယ်” ဟု ပြောကြားခဲ့ကြောင်း အမေရိကန် Newsmax ဝက်ဘ်ဆိုက်၏ သတင်းဖော်ပြချက်အရ သိရသည်။

အမေရိကန်စစ်တပ်သည် ဇူလိုင် ၁၄ ရက်တွင် အီရန်ဆိပ်ကမ်းနှင့် ကမ်းရိုးတန်းဒေသများသို့ သွားလာသည့် သင်္ဘောများကို ပစ်မှတ်ထားသော ပင်လယ်ပြင်ပိတ်ဆို့မှုကို ပြန်လည်စတင်ကြောင်း ကြေညာခဲ့သည်။  အမေရိကန်စစ်တပ် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ဩဂုတ်လ ၁၂ ရက်တွင် ထိုနေ့အထိ အမေရိကန်စစ်တပ်သည် ကုန်တင်သင်္ဘော ၅၉ စင်းကို လမ်းကြောင်းပြောင်းစေခဲ့ပြီး ကုန်တင်သင်္ဘော ၃ စင်းကို သွားလာနိုင်စွမ်းမရှိအောင် ပြုလုပ်ကာ ကုန်တင်သင်္ဘော ၂ စင်းကို သင်္ဘောပေါ်တက်စစ်ဆေးခဲ့ကြောင်း ပြောကြားခဲ့သည်။  

အမေရိကန်သမ္မတ ထရမ်က ဩဂုတ် ၁၂ ရက်တွင် လူမှုကွန်ရက်၌ ပို့စ်ရေးသား၍ “အမေရိကန်က ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ထိန်းချုပ်ထားတယ်။ အီရန်အနေနဲ့ ဘာမှမတတ်နိုင်ဘူး” ဟု ဆိုခဲ့သည်။ အီရန်လက်နက်ကိုင်တပ်ဖွဲ့၏  Khatam al-Anbiya  ဗဟိုဌာနချုပ် ပြောရေးဆိုခွင့်ရှိသူက ဟော်မုဇ်ရေလက်ကြားသည် အီရန်၏ “အပြည့်အဝ ထိန်းချုပ်မှု” အောက်တွင် ရှိနေပြီး အီရန်၏ ခွင့်ပြုချက်မရှိပါက မည်သည့်သင်္ဘောမျှ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်မည် မဟုတ်ကြောင်း ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့ကြောင်း အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သတင်းဌာန (IRNA) ၏ ဩဂုတ် ၁၃ ရက် ဖော်ပြချက်အရ သိရသည်။ (Xinhua)

.........................

(Chinese Version)

美防长称可“无限期维持”对伊朗海上封锁

新华社华盛顿8月13日电(记者黄强 颜亮)美国国防部长赫格塞思13日表示,美军拥有足够的军事力量,可以“无限期维持”对伊朗的海上封锁。  

据美国大全新闻网报道,赫格塞思当天在巴拿马向一艘美国军舰上的官兵发表讲话后对媒体说,“美国海军完全有能力无限期地维持这种封锁,因为我们会像过去那样,继续轮换舰船”。  

美军7月14日宣布恢复针对往返伊朗港口及沿海地区船只的海上封锁。美军中央司令部本月12日说,截至当天,美军已迫使59艘商船改变航线,令3艘商船失去航行能力,并登船检查了两艘商船。  

美国总统特朗普12日在社交媒体上发文称,“美国完全控制着霍尔木兹海峡……伊朗对此束手无策”。而据伊朗伊斯兰共和国通讯社13日报道,伊朗武装部队哈塔姆安比亚中央总部发言人在一份声明中表示,霍尔木兹海峡处于伊朗“完全掌控”中,未经伊朗许可,任何船只都无法安全通过。(完)

图说:这是4月30日在美国华盛顿拍摄的国会大厦。新华社记者 李睿 摄