
ဘိုဂိုတာ၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ဩဂုတ် ၁၃ ရက်တွင် နောက်ဆုံးသော ငလျင်ဘေးအန္တရာယ်ဆိုင်ရာသတင်းပို့ချက်များကို ထုတ်ပြန်ခဲ့ရာ ဒေသစံတော်ချိန် ဩဂုတ် ၁၃ ရက် ညနေ ၅ နာရီအထိ ယင်းနိုင်ငံ၌ ငလျင်ကြောင့် သေဆုံးသူ ၂၈၁ ဦး၊ ဒဏ်ရာရသူ ၃,၉၇၁ ဦး၊ ပျောက်ဆုံးသူ ၃၇၉ ဦးရှိပြီး အခြားသူ ၃၄၈ ဦးကို ကယ်ဆယ်ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ယခုအကြိမ်ငလျင်ဘေးသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြည်နယ် ၁၅ ခုနှင့် မြို့နယ် ၄၂၆ မြို့အထိ သက်ရောက်မှု ရှိခဲ့ပြီး၊ ငလျင်ဒဏ်သင့်လူဦးရေမှာ ၁၀၂,၀၀၀ ဦး ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုလံဘီယာ သက်ဆိုင်ဌာနများက လက်ရှိတွင် ဘေးသင့်ဒေသများ၌ လူပုဂ္ဂိုလ်ရှာဖွေကယ်ဆယ်ရေး၊ ဒဏ်ရာရသူများအား ကုသကယ်ဆယ်ရေး၊ နေအိမ်များ အကဲဖြတ်သတ်မှတ်ရေးနှင့် ဘေးအန္တရာယ်နောက်ဆက်တွဲ ကယ်ဆယ်ရေး စသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။
ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ဒေသစံတော်ချိန် ဩဂုတ် ၁၀ ရက်က ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကာ ငလျင်ဗဟိုချက်သည် Chocó ပြည်နယ် San José del Palmar မြို့မှ ကီလိုမီတာ ၂၀ ခန့်အကွာဖြစ်ပြီး ငလျင်အနက် ၉၆ ကီလိုမီတာရှိကြောင်း ကိုလံဘီယာ ဘူမိဗေဒဌာနက ထုတ်ပြန်ခဲ့သည့် သတင်းအရ သိရသည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
哥伦比亚强震已致281人死亡 逾10万人受灾
新华社波哥大8月13日电(记者李子健 田睿)哥伦比亚国家灾害风险管理局13日发布最新灾情通报说,截至当地时间13日17时,该国地震已造成281人死亡、3971人受伤、379人失踪,另有348人获救。
通报说,此次地震灾情已波及全国15个省和426个市镇,受灾人数达10.2万人。
哥伦比亚有关部门目前仍在受灾地区开展人员搜救、伤员救治、住房评估和灾后救援等工作。
据哥伦比亚地质局发布的消息,哥伦比亚西部当地时间10日发生7.4级地震,震中距离乔科省圣何塞-德尔帕尔马市约20公里,震源深度96公里。(完)
1. 8月13日,救援人员与搜救犬在哥伦比亚西南部城市卡利的废墟中搜救。新华社发(安德烈斯·莫雷诺摄)
2. 这是8月13日在哥伦比亚西南部城市卡利拍摄的救援人员。新华社发(安德烈斯·莫雷诺摄)
3. 8月13日,救援人员在哥伦比亚西南部城市卡利的废墟中作业。新华社发(安德烈斯·莫雷诺摄)








