
ပေကျင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
အီရန်စစ်ပွဲသည် ငါးလကျော်ကြာ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုက အီရန်ကို အညံ့ခံရန် ဖိအားမပေးနိုင်ခဲ့ချေ။ ဤအခြေအနေမျိုးတွင် အမေရိကန်သမ္မတ ထရမ့်သည် မကြာသေးမီက အီရန်အပေါ် ပိတ်ဆို့အရေးယူမှုနည်းလမ်းများနှင့်စပ်လျဉ်း၍ လူသိရှင်ကြားကြိမ်ဖန်များစွာ ထုတ်ဖော်ပြောကြားခဲ့သည်။ အမေရိကန်မီဒီယာများက ယင်းမှာ ထရမ့်အစိုးရက ဆယ်စုနှစ်များစွာကပင် လျှောက်လှမ်းခဲ့သော “လမ်းဟောင်း” သို့ အာရုံစိုက်မှု ပြန်လည်လုပ်ဆောင်ခြင်းပင် ဖြစ်သည်ဟု အနက်ဖွင့်ဆိုကြသည်။
အီရန်ဘက်မှလည်း ပိတ်ဆို့အရေးယူမှုများသည် အီရန်အပေါ် “အကျုံးမဝင်” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
အမေရိကန်ဘက်က အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများကို “သိုသိုသိပ်သိပ် ရှေ့ဆက်ဆောင်ရွက်လျက်ရှိကြောင်း” ထရမ့်က ဩဂုတ် ၉ ရက်တွင် အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်ကို ပြောကြားခဲ့သည်။
“ကျုပ်တို့က သူတို့နှင့် 'တစ်စိတ်တစ်ပိုင်း စေ့စပ်ဆွေးနွေးမှု'ပဲ လုပ်နေတာပါ ၊ ကျုပ်တို့က စောင့်ကြည့်နေတာပါပဲ။ အီရန်ရဲ့ ငွေကြေးဖောင်းပွမှုက အလွန်ဆိုးရွားတယ်။ တကယ်တော့ သူတို့မှာ ငွေမရှိတော့ပါဘူး” ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်က ဩဂုတ် ၁၂ ရက်တွင် “Truth Social” ပလက်ဖောင်း၌ ပို့စ်တင်၍ အီရန်နိုင်ငံသည် စီးပွားရေးအကျပ်အတည်းထဲ ကျဆင်းနေကြောင်း ထပ်မံပြောကြားခဲ့ပြီး “သူတို့မှာ ငွေကြေးဖောင်းပွမှုက ၃၀၀ ရာခိုင်နှုန်း ရှိနေပြီး ပိုမိုဆိုးရွားလာနေတယ်” ဟု ဆိုခဲ့သည်။
အထက်ပါ မှတ်ချက်များသည် အီရန်စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းသည့် အခြားသော နည်းဗျူဟာများ မထိရောက်တော့သည့်အခါ ထရမ့်အနေဖြင့် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများဘက်သို့ ဦးလှည့်လာခြင်း ဖြစ်သည်ကို ပြသနေကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။ အမေရိကန်အရာရှိတစ်ဦးက အကယ်၍ အမေရိကန်သာ စစ်ရေးအရ ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက အီရန်ခေါင်းဆောင်ပိုင်းအနေဖြင့် ဤစစ်ပွဲ၏ “နောက်ဆက်တွဲဆိုးကျိုးများ” ဖြစ်သော အီရန်၏ ပျက်စီးသွားသည့် အခြေခံအဆောက်အအုံများနှင့် “ပြင်းထန်နက်ရှိုင်းသော စီးပွားရေးကျပ်တည်းမှု” တို့ကို ရင်ဆိုင်ရန် မလိုအပ်တော့ကြောင်း၊ သို့မဟုတ်ပါက အီရန်သည် “ဆိုးရွားပြင်းထန်သော အမှန်တရား”ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း Axios သတင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
သို့သော်လည်း AP သတင်းဌာနက စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုဆိုသည်မှာ ရေရှည်နည်းဗျူဟာတစ်ရပ်သာဖြစ်ပြီး ပဋိပက္ခတစ်ခုကို ချက်ချင်းအဆုံးသတ်ရန်အတွက် အသုံးမပြုနိုင်ကြောင်း၊ ထို့ပြင် အီရန်နိုင်ငံသည် အမေရိကန်၏ ဆယ်စုနှစ်များစွာကြာ ပိတ်ဆို့အရေးယူမှုများကိုလည်း ရှေးယခင်ကတည်းက ခံစားခဲ့ရပြီးဖြစ်ကြောင်း၊ ထရမ့်ကိုယ်တိုင်ကလည်း အီရန်အပေါ် အမေရိကန်အစိုးရ၏ ယခင်က ရေရှည်ပိတ်ဆို့အရေးယူခဲ့မှုများ၏ ထိရောက်မှုကို မေးခွန်းထုတ်ခဲ့ဖူးကြောင်း ထောက်ပြထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဂါအီ က ဩဂုတ် ၁၀ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ အမေရိကန်အနေဖြင့် ပိတ်ဆို့အရေးယူမှုအပေါ် “နာတာရှည်ပမာ စွဲလမ်းမှု” ရှိနေသလို “ပိတ်ဆို့အရေးယူမှုများ မထိရောက်သည်နှင့် ဆေးထပ်တိုးသလို ပမာဏကိုသာ တိုးမြှင့်ခဲ့ကြသည်” ဟု ထောက်ပြခဲ့သည်။
“ဒါက ‘မူဝါဒ’ တစ်ခုသက်သက် မဟုတ်တော့ဘဲ ‘အလေ့အထ’ တစ်ရပ် ဖြစ်လာပါပြီ” ဟု ၎င်းက ဆိုသည်။
ပိတ်ဆို့အရေးယူမှု ထိရောက်မှုမရှိသည်ကို ဆယ်စုနှစ်များစွာကြာ အီရန်ဘက်က သက်သေပြပြီး ဖြစ်ကြောင်း၊ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ အမေရိကန်ဘက်က “ဤအကျင့်ဆိုးကို စွဲလမ်းနေမည်ဆိုလျှင် နောက်ဆုံးအခွင့်အလမ်းကို ဆုံးရှုံးလိမ့်မည် ဖြစ်ပြီး ၎င်းကိုယ်တိုင်ဖန်တီးသော အကျပ်အတည်းမှ ဂုဏ်သိက္ခာလေး အနည်းငယ်အဖတ်ဆယ်ကာ ရုန်းထွက်ရန် တတ်နိုင်တော့မည်မဟုတ်တော့ကြောင်း” ဘဂါအီက ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
对伊动武“不管用” 美国重提制裁
新华社北京8月13日电 伊朗战事持续逾5个月,美国的军事打击并未迫使伊朗屈服。在这一背景下,美国总统特朗普近来多次公开谈及对伊施加制裁手段。美国媒体解读,这意味着特朗普政府把重心转回数十年来的“老路”。
伊朗方面回应,制裁对伊朗“不灵”。
特朗普9日告诉美国阿克西奥斯新闻网站,美方“正在低调推进”对伊制裁。“我们只是与他们‘半谈判’。我们只是在观察。伊朗的通胀很严重。实际上,他们已经没钱了。”
12日,特朗普在“真实社交”平台发帖,再次称伊朗陷入经济困境:“他们有300%的通胀,并且越来越糟。”
美联社在报道中说,上述言论显示,在其他试图结束伊朗战事的策略无效后,特朗普转向经济制裁。一名美国官员告诉阿克西奥斯新闻网站,如果美国继续军事打击,伊朗领导层就无需应对这场战事的“后果”,即伊朗遭到破坏的基础设施和“深重的经济危机”;反之,伊方就必须面对“严峻现实”。
不过,美联社指出,经济制裁是一项长期策略,并不能用于立即结束一场冲突,而且伊朗先前已经经受了美国数十年的制裁。特朗普本人也对美国政府先前对伊朗长期制裁的效果提出过质疑。
伊朗外交部发言人巴加埃10日在社交媒体发文,指出美国对制裁有“病态依赖”,且“一旦制裁无效,就一味加大剂量”。“这已不只是一种‘政策’,而是形成了一种‘习惯’。”
巴加埃说,数十年来,伊朗方面已经证明,制裁无效。相反,如果美方“执着于这一恶习,就会失去最后的机会,无法以不那么狼狈的方式摆脱其一手制造的危机”。(惠晓霜)
1. 这是6月19日拍摄的伊朗首都德黑兰街景。新华社记者沙达提摄








