အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Karoline Leavitt ကို ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Karoline Leavitt ကို ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Karoline Leavitt သည် ယခုလကုန်တွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ထရမ့်က Karoline Leavitt နုတ်ထွက်ရသည့်အကြောင်းရင်းမှာ ၎င်း၏ကလေးများနှင့် မိသားစုအတွက် အချိန်ပိုပေးလိုခြင်းကြောင့်ဖြစ်ကြောင်း လူမှုမီဒီယာတွင် ပို့စ်တင်၍ ပြောကြားခဲ့သည်။

ထရမ့်က Karoline Leavitt သည် ၎င်း၏ “အယုံကြည်ရဆုံး လက်ထောက်များအနက် တစ်ဦး” ဖြစ်သည်ဟု ဆိုကာ ၎င်းသည် မိမိ၏ “အရေးကြီးသော ပြင်ပအကြံပေးပုဂ္ဂိုလ်” တစ်ဦးဖြစ်လာမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ရီပက်ဘလစ်ကန်ပါတီအတွင်း၌လည်း အရေးကြီးအခန်းကဏ္ဍမှ ပါဝင်၍ ၎င်းတို့ပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

Karoline Leavitt ကလည်း လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်းသည် မိမိ၏ငယ်ရွယ်သော ကလေးနှစ်ဦးကို ပြုစုစောင့်ရှောက်ရန်အတွက် ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ကာ ထရမ့်အနေဖြင့် ၎င်းကို “ပြင်ပအဆင့်မြင့်အကြံပေးပုဂ္ဂိုလ်” အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း ဆိုသည်။

Karoline Leavitt သည် ထရမ့်၏ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း အိမ်ဖြူတော် လက်ထောက် သတင်းထုတ်ပြန်ရေး အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကာ ထရမ့်က ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်သည့် ကာလတစ်လျှောက်လုံးတွင် ၎င်း၏ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ထိုစဉ်က အသက် ၂၇ နှစ်အရွယ်ရှိ Karoline Leavitt သည် အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် စတင်တာဝန်ယူခဲ့ပြီး အမေရိကန်သမိုင်းတွင် အသက်အငယ်ဆုံး အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ (Xinhua)


--------------------------------------------------------------------------------------

(Chinese Version)

白宫新闻秘书莱维特将于本月底离职

新华社华盛顿8月12日电(记者杨伶 熊茂伶)美国总统特朗普12日表示,白宫新闻秘书卡罗琳·莱维特将于本月底离职。  

特朗普在社交媒体发文说,莱维特辞职原因是想有更多时间陪伴孩子和家人。特朗普称莱维特是其“最信任的助手之一”,并表示她将成为其“重要的外部顾问”之一,同时在共和党内发挥重要作用,助力该党赢得中期选举。  

莱维特在社交媒体上发文证实,她因照顾两个年幼孩子而决定辞职,特朗普已邀请她继续担任“外部高级顾问”。  

莱维特曾在特朗普首个总统任期内担任白宫助理新闻秘书,在特朗普2024年竞选期间一直担任其发言人。2025年1月特朗普再度入主白宫后,时年27岁的莱维特开始担任白宫新闻秘书,成为美国历史上最年轻的白宫新闻秘书。(完)

图说:3月30日,在美国首都华盛顿白宫,白宫新闻秘书莱维特出席记者会。新华社发(李源清摄)