
ဒမတ်စကက်စ်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက်စ်ရှိ စတုတ္ထမြောက် ရာဇဝတ်တရားရုံးသည် ဩဂုတ် ၁၁ ရက်တွင် ဆီးရီးယားနိုင်ငံ သမ္မတဟောင်း ဘာရှာ အယ်လ်-အာဆတ် (Bashar al-Assad) အား တရားရုံးတက် ပျက်ကွက်သည့်အခြေအနေတွင် တရားစီရင်၍ သေဒဏ်ချမှတ်ခဲ့သည်။ ၎င်း၏တူဖြစ်သူ၊ Daraa ပြည်နယ်နိုင်ငံရေးလုံခြုံရေးဌာန အကြီးအကဲဟောင်း အာတီဖ် နာဂျစ် (Atef Najib) ကိုလည်း သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားဌာန၏ ဖော်ပြချက်အရ ထိုနေ့ ပြစ်ဒဏ်ချကြားနာမှုသည် အဓိကအားဖြင့် အာတီဖ်၏အမှုကို အာရုံစိုက်ခဲ့ကြောင်း၊ ဒမတ်စကက်စ် စတုတ္ထမြောက် ရာဇဝတ်တရားရုံးမှ တရားသူကြီး Fakhr al-Din al-Aryan က အာတီဖ်သည် ဆီးရီးယားအကျပ်အတည်းအစောပိုင်းတွင် Daraa ပြည်နယ်ရှိ အရပ်သားပြည်သူများအား ပစ်မှတ်ထားသော လုံခြုံရေးလှုပ်ရှားမှုများကို ဦးဆောင်ခဲ့ပြီး အဆိုပါဒေသ ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် ဖမ်းဆီးခံထားရသူများစွာ စစ်ဆေးမေးမြန်းမှုတွင် ပါဝင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ တရားရုံးက ၎င်းအား သေဒဏ်ချမှတ်ရန် တစ်ပြေးညီ ဆုံးဖြတ်ခဲ့သည်။
တရားရုံးက သမ္မတဟောင်း ဘာရှာ အယ်လ်-အာဆတ် တရားရုံးတက် ပျက်ကွက်သည့်အခြေအနေတွင် တရားစီရင်၍ သေဒဏ်ချမှတ်ခဲ့သည်။ ဘာရှာသည် ထိပ်တန်းဆုံးဖြတ်ချက်ချသူအဖြစ် အဆိုပါဖြစ်ရပ်တွင် ပါဝင်ခဲ့ပြီး ယင်းအတွက် “နိုင်ငံတော်ယန္တရား” ကို လှုံ့ဆော်အသုံးချခဲ့ခြင်းသည် “သူကိုယ်တိုင် ကိုယ်ထိလက်ရောက်ကျူးလွန်တာမဟုတ်ရင်တောင်မှ ဆီးရီးယားပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုအားလုံးရဲ့ အဓိကတရားခံဖြစ်တယ်” ဟု တရားသူကြီး al-Aryan က ပြောကြားခဲ့သည်။
ဘာရှာ အယ်လ်-အာဆတ်နှင့် ၎င်း၏မိသားစုသည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည်။ ဆီးရီးယားအသွင်ပြောင်းအစိုးရသည် ယခုနှစ် ဧပြီ ၂၆ ရက်တွင် အာဆတ်အစိုးရဟောင်း၏ “အဓိကပုဂ္ဂိုလ်များ” ၏ ပထမဆုံးအကြိမ် အများပြည်သူကြားနာစစ်ဆေးမှုကို စတင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

.........................
(Chinese Version)
叙利亚一法院缺席判处前总统巴沙尔死刑
新华社大马士革8月11日电(记者林建杰)叙利亚大马士革第四刑事法院11日缺席判处叙利亚前总统巴沙尔·阿萨德死刑。其表亲、德拉省政治安全部门前负责人阿提夫·纳吉布也被判处死刑。
据叙利亚国家电视台报道,当天的宣判听证会主要聚焦阿提夫的案件。大马士革第四刑事法院法官法赫尔丁·阿里延表示,阿提夫在叙利亚危机初期,曾领导针对德拉省平民的安全行动,在当地爆发抗议后参与对多名被拘留者的审讯。法院一致决定判处其死刑。
法院缺席判处前总统巴沙尔死刑。阿里延说,巴沙尔作为最高决策者参与该事件,并为此调动了“国家机器”,是“对叙利亚人民犯下所有罪行的主犯,即使并非亲手所为”。
巴沙尔·阿萨德及家人2024年底前往俄罗斯。叙利亚过渡政府今年4月26日开启对阿萨德政权“核心人物”的首次公开审理。(完)
English Caption 1: This photo shows an exterior view of the Justice Palace in Damascus, Syria, Aug. 11, 2026. (Photo by Monsef Memari/Xinhua)
English Caption 2: Syrian former senior security official Atef Najib is seen during a court session in Damascus, Syria, Aug. 11, 2026. (Photo by Ammar Safarjalani/Xinhua)








