အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၏ နွေရာသီမြို့တော် Srinagar အရှေ့တောင်ဘက် ကီလိုမီတာ ၂၉၀ ခန့်အကွာ Kishtwar ခရိုင်ရှိ ကျေးရွာတစ်ရွာ၌ မိုးပုဆိန်ရွာသွန်းပြီးနောက် ထိခိုက်ပျက်စီးသွားသော နေအိမ်များ၏ အပျက်အစီးပုံအနီးတွင် မတ်တတ်ရပ်နေကြသည့် ဒေသခံများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၏ နွေရာသီမြို့တော် Srinagar အရှေ့တောင်ဘက် ကီလိုမီတာ ၂၉၀ ခန့်အကွာ Kishtwar ခရိုင်ရှိ ကျေးရွာတစ်ရွာ၌ မိုးပုဆိန်ရွာသွန်းပြီးနောက် ထိခိုက်ပျက်စီးသွားသော နေအိမ်များ၏ အပျက်အစီးပုံအနီးတွင် မတ်တတ်ရပ်နေကြသည့် ဒေသခံများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းတွင် သြဂုတ် ၁၂ ရက်၌ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး ထက်မနည်း သေဆုံးပြီး အခြားသူ အများအပြား ဒဏ်ရာရရှိ သို့မဟုတ် ပိတ်မိနေကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့သည်။

အဆိုပါမြေပြိုမှုသည် မွမ်ဘိုင်းမြို့ Ghatkopar ဧရိယာတွင် နံနက်အစောပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တောင်စောင်းရဲ့ အစိတ်အပိုင်းကြီးတစ်ခုက တဲအိမ်ခြောက်လုံးခန့်အပေါ် ပြိုကျခဲ့တာပါ။ သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ဒေသခံဆေးရုံ ပို့ဆောင်ထားပါတယ်။ အပျက်အစီးတွေအောက်မှာ အခြားလူတွေ ပိတ်မိနေခြင်း ရှိ၊ မရှိ ရှာဖွေဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်" ဟုလည်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

.......................................................................

(English Version)

2 dead in landslide in India's Mumbai

NEW DELHI, Aug. 12 (Xinhua) -- At least two people were killed and several others injured or trapped when a landslide occurred in India's financial capital Mumbai on Wednesday, a local official confirmed.

The landslide occurred in the early hours of the day in Mumbai's Ghatkopar area.

"A large portion of a hillside fell on around six shanties. Two dead bodies have been recovered, and those injured were shifted to a local hospital. Rescue work is still on to find if any other person is trapped under the debris," said the official. ■

English Caption

Locals stand near debris of damaged houses following a cloudburst at a village in Kishtwar district, about 290 km southeast of Srinagar, the summer capital of Indian-controlled Kashmir, Aug. 15, 2025. (Str/Xinhua)