
ဆော်ပေါ်လို၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
နယ်သာလန်တိုက်စစ်မှူး မမ်းဖစ်စ် ဒီပိုင်းမှာ ကိုရင်သီယန်စ်အသင်းနှင့်အတူ နှစ်နှစ်နီးပါး ဖြတ်သန်းခဲ့ပြီးနောက် အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ အော့စမာ စတာဘီလီက ဩဂုတ် ၁၁ ရက်၌ ပြောကြားခဲ့သည်။
အထူးသဖြင့် အသင်း၏ ဘဏ္ဍာရေးအခြေအနေအပေါ် ထည့်သွင်းတွက်ချက်မှုကို အခြေခံကာ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုရင်သီယန်စ်အသင်း၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။
"ကျွန်တော်တို့အနေနဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ မမ်းဖစ်စ် ဒီပိုင်းကို အလေးအနက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သူဟာ ဆွေးနွေးမှုတွေ စတင်ကတည်းက တတ်နိုင်သမျှ အကောင်းဆုံးရလဒ် ထွက်ပေါ်လာဖို့ ကြိုးစားခဲ့တာပါ" ဟု စတာဘီလီက ဆိုသည်။
အသက် ၃၂ နှစ်အရွယ် ဒီပိုင်းမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ကိုရင်သီယန်စ်အသင်းထံ ရောက်ရှိလာပြီးနောက် ပြိုင်ပွဲစုံ၌ ၇၉ ပွဲ ပါဝင်ကစားခဲ့ရာ ဂိုး ၂၀ သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
၎င်း၏စာချုပ်မှာ ဇူလိုင် ၃၁ ရက်၌ သက်တမ်းကုန်ဆုံးခဲ့ရာ သီတင်းပတ်များနှင့်ချီကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နှစ်ဖက်စလုံးက စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
"ကိုရင်သီယန်စ်အသင်းရဲ့ လက်ရှိနဲ့ အနာဂတ်အတွက် ဘဏ္ဍာရေးဆိုင်ရာ တာဝန်တွေကို ထည့်သွင်းစဉ်းစားတဲ့အခါ ဒီလောက်ပမာဏကြီးတဲ့ ကတိကဝတ်သစ်ကို လုပ်ဆောင်တာဟာ အသင်းရေရှည်ရပ်တည်နိုင်မှုအတွက် အာမခံဖို့လိုအပ်တဲ့ ဘဏ္ဍာရေးရှင်းတမ်းနဲ့ ကိုက်ညီတော့မှာ မဟုတ်ဘူးဆိုတာ ပေါ်လွင်ထင်ရှားလာခဲ့တယ်" ဟု စတာဘီလီက ဆက်လက်ပြောသည်။
လက်ရှိတွင် ကိုရင်သီယန်စ်အသင်းမှာ အသင်း ၂၀ ပါဝင်သော ဘရာဇီး စီးရီးအေပြိုင်ပွဲ၌ အဆင့်-၇ ၌ ရပ်တည်နေပြီး တောင်အမေရိက၏ အဆင့်အမြင့်ဆုံး ကလပ်အသင်းပြိုင်ပွဲဖြစ်သည့် ကိုပါ လစ်ဘာတာဒိုးရက်စ်တွင် နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ဒီပိုင်းမှာ နယ်သာလန်အသင်းအတွက် ၁၁၂ ပွဲ ကစားခဲ့သလို မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်နှင့် အခြားကလပ်အသင်းများတွင်လည်း ကစားခဲ့ဖူးသူဖြစ်သည်။ (Xinhua)


.................................................................
(English Version)
Memphis Depay leaves Corinthians
SAO PAULO, Aug. 11 (Xinhua) -- Dutch striker Memphis Depay has parted ways with Corinthians after almost two years with the club, president Osmar Stabile said on Tuesday.
In a statement on Corinthians' official website, Stabile said the decision was based "exclusively out of consideration for the financial health of our institution."
"We would like to express our deep gratitude to the player Memphis Depay ..., who from the beginning of negotiations sought the best possible outcome," Stabile said.
Depay, 32, scored 20 goals and provided 15 assists in 79 appearances across all competitions for Corinthians following his arrival on a free transfer in September 2024.
His contract had expired on July 31, with the parties opting against a renewal following weeks of negotiations.
"In light of Corinthians' current and future financial obligations, it became clear that taking on a new commitment of this magnitude would not be compatible with the financial balance we need to guarantee the sustainability of the club," Stabile added.
Corinthians is currently seventh in Brazil's 20-team Serie A standings and has reached the last 16 of the Copa Libertadores, South America's premier club competition.
Capped 112 times for the Netherlands, Depay's career has included spells at Manchester United, Barcelona and Atletico Madrid, among other clubs.
English Caption 1
Crysencio Summerville (L) of the Netherlands celebrates a goal with teammate Memphis Depay during the group F match between the Netherlands and Sweden at the 2026 FIFA World Cup at Houston Stadium in Houston, the United States, June 20, 2026. (Xinhua/Li Ming)
English Caption 2
Memphis Depay (2nd R) of the Netherlands replaces Brian Brobbey (1st R) during the group F match between the Netherlands and Tunisia at the 2026 FIFA World Cup at Kansas City Stadium in Kansas City, the United States, June 25, 2026. (Xinhua/Du Yu)








