ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တွင် ဩဂုတ် ၁၀ ရက်က အင်အား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် လှူဒါန်းထားသည့် စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ စီစဉ်ဆောင်ရွက်နေသည့် ကိုလံဘီယာ ကြက်ခြေနီအဖွဲ့ဝင်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တွင် ဩဂုတ် ၁၀ ရက်က အင်အား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် လှူဒါန်းထားသည့် စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ စီစဉ်ဆောင်ရွက်နေသည့် ကိုလံဘီယာ ကြက်ခြေနီအဖွဲ့ဝင်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ဩဂုတ် ၁၀ ရက်က လှုပ်ခတ်ခဲ့သော အင်အား ၇.၄ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူဦးရေမှာ ၁၈၈ ဦးအထိ မြင့်တက်လာပြီး အခြားသူ ၁,၆၇၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုလံဘီယာမြို့တော်များအသင်း (Asocapitales) က ဩဂုတ် ၁၁ ရက်၌ ပြောကြားခဲ့သည်။

နောက်ဆုံးရရှိထားသော စာရင်းအရ စုစုပေါင်း အရေအတွက်အနက် ကလီမြို့၌ ၉၅ ဦးနှင့် ဒဏ်ရာရရှိသူ ၉၉၇ ဦး၊ Pereira မြို့တွင် သေဆုံးသူ ၇၉ ဦးနှင့် ဒဏ်ရာရရှိသူ ၂၇၈ ဦးရှိကြောင်း သိရသည်။

ကယ်ဆယ်ရေးနှင့် ပျက်စီးဆုံးရှုံးမှု အကဲဖြတ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသလို ပျောက်ဆုံးနေသူများကို သတင်းပို့ရန်နှင့် ရှာဖွေရန်အတွက် စနစ်တစ်ခုကို စတင်လုပ်ဆောင်လိုက်ပြီဖြစ်ကြောင်း Asocapitales က ပြောကြားခဲ့သည်။  (Xinhua)

……………………………………..

(English Version)

Colombia quake death toll rises to 188

BOGOTA, Aug. 11 (Xinhua) -- The death toll from Monday's 7.4-magnitude earthquake in western Colombia has risen to 188, with 1,677 others injured, the Colombian Association of Capital Cities, or Asocapitales, said Tuesday.

Of the total, the latest tally included 95 deaths and 997 injuries reported in the city of Cali, while Pereira reported 79 deaths and 278 injuries.

Asocapitales said it has launched a system to report and search for missing persons as rescue and damage assessment work continues.  

Photo 1: Members of Colombian Red Cross organize donated food and relief supplies following Monday's 7.4-magnitude earthquake in Bogota, Colombia, on Aug. 11, 2026. (Photo by Andres Moreno/Xinhua)

Photo 2, 3: A member of Colombian Red Cross organizes donated food and relief supplies following Monday's 7.4-magnitude earthquake in Bogota, Colombia, on Aug. 11, 2026. (Photo by Andres Moreno/Xinhua)

Photo 4, 5: Rescuers are seen near the ruins of buildings damaged in an earthquake in Cali, Colombia, Aug. 11, 2026. (COLPRENSA/Handout via Xinhua)