ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် Mambwalu မြို့၌ ကျန်းမာရေးဝန်ထမ်းများက အီဘိုလာရောဂါ လူနာအား ကုသရေးစင်တာသို့ ၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက်က ပို့ဆောင်ပေးနေစဉ် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် Mambwalu မြို့၌ ကျန်းမာရေးဝန်ထမ်းများက အီဘိုလာရောဂါ လူနာအား ကုသရေးစင်တာသို့ ၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက်က ပို့ဆောင်ပေးနေစဉ် (ဆင်ဟွာ)

ကင်ရှာဆာ၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

ကွန်ဂိုနိုင်ငံ (DRC) နိုင်ငံ၏ ယခုအကြိမ် အီဘိုလာရောဂါဖြစ်ပွားမှုသည် ယခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်ဖြစ်ပွားနေခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အာဖရိကဒေသရုံးခန်း အကြီးအကဲ မိုဟာမက် ဂျနာဘီက နိုင်ငံ အရှေ့ပိုင်း Ituri ပြည်နယ် မြို့တော် Bunia တွင် ဩဂုတ် ၁၀ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ကွန်ဂိုနိုင်ငံ (DRC) သည် မေလ ၁၅ ရက်တွင် အီဘိုလာရောဂါဖြစ်ပွားကြောင်း ကြေညာခဲ့သည်။ ဂျနာဘီက သက်ဆိုင်ရာ ဗီဇအစီအစဉ်စစ်ဆေးခြင်းရလဒ်များအရ ယခုအကြိမ်ရောဂါဖြစ်ပွားမှုသည် ရှာဖွေတွေ့ရှိခြင်း မရှိမီကတည်းက လပေါင်းများစွာ ဆက်တိုက်ကူးစက်ပျံ့နှံ့နေခြင်းဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့က ဗိုင်းရပ်စ်ကို မောင်းထုတ်နေပေမဲ့ ဗိုင်းရပ်စ်က ကျွန်တော်တို့ရှေ့မှာ ရောက်နေတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ဂျနာဘီက လက်ရှိ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးတွင် ရင်ဆိုင်နေရသော ထင်ရှားသည့် ပြဿနာတစ်ခုမှာ လူနာအများအပြားသည် ဆေးကုသမှုစနစ်သို့ အချိန်မီ မရောက်ရှိနိုင်ခြင်းဖြစ်ပြီး သေဆုံးသူလူနာများ၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့်သည် အီဘိုလာရောဂါ ကုသရေးစင်တာများ၏ အပြင်ဘက်တွင် ဖြစ်ပွားနေသည်ဟု ပြောကြားခဲ့သည်။

ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း ဒေသအချို့တွင် လုံခြုံရေးအခြေအနေ မတည်ငြိမ်မှုသည်လည်း ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် အခက်အခဲများ ဖြစ်စေသည်ဟု ၎င်းက ဆိုသည်။ လာမည့် သီတင်းပတ် ၈ ပတ်မှ ၁၂ ပတ်အတွင်း ရပ်ရွာလူထု စည်းရုံးလှုံ့ဆော်မှု တိုးမြှင့်ရေး၊ ရောဂါဖြစ်ပွားသူအား စောစီးစွာ ရှာဖွေတွေ့ရှိနိုင်မှုစွမ်းရည် မြှင့်တင်ရေးနှင့် ကုသမှုဝန်ဆောင်မှုများကို အောက်ခြေအထိ ဖြန့်ကြက်ဆောင်ရွက်ရေးတို့သည် ရောဂါဖြစ်ပွားသည့် တိုးတက်မှုအလားအလာအား ပြောင်းလဲရန်အတွက် အလွန်အရေးကြီးသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီးဌာနမှ ဩဂုတ်လ ၉ ရက်တွင် ထုတ်ပြန်သော နောက်ဆုံး အချက်အလက်များအရ ဩဂုတ်လ ၇ ရက်အထိ အဆိုပါနိုင်ငံ၏ ယခုအကြိမ် ကပ်ရောဂါဖြစ်ပွားမှုတွင် စုစုပေါင်း အတည်ပြုလူနာဦးရေသည် ၄,၂၀၉ ဦးအထိ မြင့်တက်လာပြီး ယင်းအနက် သေဆုံးသူ ၁,၉၁၆ ဦး ရှိကြောင်း၊ ရောဂါဖြစ်ပွားမှုသည် Ituri ၊ North Kivu ၊ South Kivu ၊ Haut-Uélé နှင့် Tshopo ပြည်နယ် ၅ ခုသို့ ပျံ့နှံ့သွားပြီဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် ရောဂါဖြစ်ပွားမှုသည် ၁၉၇၆ ခုနှစ်နောက်ပိုင်း ကွန်ဂိုနိုင်ငံ (DRC) တွင် ၁၇ ကြိမ်မြောက် အီဘိုလာရောဂါ ဖြစ်ပွားခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယခုအကြိမ် ရောဂါဖြစ်ပွားမှုသည် ကွန်ဂိုနိုင်ငံ (DRC) တွင် မှတ်တမ်းရှိသမျှအနက် အကြီးမားဆုံး အီဘိုလာရောဂါဖြစ်ပွားမှု ဖြစ်လာကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် မြို့တော် Bunia ၌ ကူးစက်ရောဂါကာကွယ်ရေးဝန်ထမ်းများက ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ၂၀၂၆ ခုနှစ် မေလ ၂၁ ရက်နေ့က ဆောင်ရွက်နေစဉ် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် မြို့တော် Bunia ၌ ကူးစက်ရောဂါကာကွယ်ရေးဝန်ထမ်းများက ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ၂၀၂၆ ခုနှစ် မေလ ၂၁ ရက်နေ့က ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

世卫官员说刚果(金)埃博拉疫情或在2月就已开始

新华社金沙萨8月10日电(记者史彧)世界卫生组织非洲区域办事处主任穆罕默德·贾纳比10日在刚果(金)东部伊图里省首府布尼亚举行的记者会上说,该国本轮埃博拉疫情可能早在今年2月就已开始。  

刚果(金)5月15日宣布暴发埃博拉疫情。贾纳比说,相关基因测序结果显示,本轮疫情在被发现前可能已持续传播数月。他说:“我们在追赶病毒,病毒跑在了我们前面。”  

贾纳比说,目前疫情防控面临的一个突出问题是,相当一部分病例未能及时进入医疗系统,约六至七成死亡病例出现在埃博拉治疗中心之外。刚果(金)东部部分地区安全形势不稳,也给疫情防控带来困难。他说,未来8至12周,加强社区动员、提高尽早发现病例能力并推动治疗服务下沉,对扭转疫情发展趋势至关重要。  

刚果(金)卫生部9日发布的最新数据显示,截至7日,该国本轮疫情累计确诊病例已升至4209例,其中1916例死亡。疫情已波及伊图里、北基伍、南基伍、上韦莱和乔波5省。  

本轮疫情是1976年以来刚果(金)第17次发生埃博拉疫情。世卫组织说,本轮疫情已成为刚果(金)有记录以来规模最大的埃博拉疫情。(完)

图说1:6月20日,在刚果(金)伊图里省蒙布瓦卢,医务人员护送埃博拉患者抵达治疗中心。新华社发

图说2:5月21日,在刚果(金)东部伊图里省首府布尼亚,防疫人员进行消毒作业。新华社发