
ဘိုဂိုတာ၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ဩဂုတ် ၁၀ ရက်က ဖြစ်ပွားခဲ့သော ငလျင်ကြောင့် လူ ၁၃၂ ဦး သေဆုံး၍ ၅၇၀ ဦး ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံတစ်ဝန်း မြို့ပေါင်း ၃၂ မြို့ အပြင်းအထန် ငလျင်ဒဏ်သင့်ခဲ့ကြောင်း ကိုလံဘီယာနိုင်ငံ အစိုးရ၏ ထိုနေ့နောက်ဆုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကိုလံဘီယာနိုင်ငံ၌ လက်ရှိတွင် ပြည်နယ် ၅ ပြည်နယ်၏ မြို့တော်များသည် အနီရောင်အဆင့် သတိအနေအထားတွင် ရှိနေပြီး ၎င်းတို့မှာ Pereira ၊ Cali ၊ Quibdo ၊ Manizales နှင့် Armenia မြို့တို့ဖြစ်ကြောင်း၊ ၎င်းအနက် Pereira တွင် သေဆုံးသူ ၆၀ ဦး၊ Cali တွင် သေဆုံးသူ ၁၅ ဦး၊ Quibdo တွင် သေဆုံးသူ ၈ ဦးနှင့် Manizales တွင် သေဆုံးသူ ၄ ဦးရှိကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ကနဦးစာရင်းကောက်ယူမှုအရ ယခုအကြိမ်ငလျင်ကြောင့် အဆောက်အဦ ၈၆ ခု ပြိုကျခဲ့ပြီး အခြား လေဆိပ် ၇ ခုမှာမူ လည်ပတ်မှု ယာယီရပ်နားခဲ့ရကြောင်း၊ သက်ဆိုင်ရာဌာနသည် ငလျင်ဒဏ်သင့်မှုအခြေအနေ သုံးသပ်အကဲဖြတ်မှုနှင့် အရေးပေါ်စီမံနေရာချထားရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
哥伦比亚强震已致132死570伤
新华社波哥大8月10日电(记者李子健)哥伦比亚政府10日最新通报说,当天在该国西部发生的地震已造成132人死亡、570人受伤,全国有32个城市严重受灾。
通报说,哥伦比亚目前有5个省的首府处于红色警戒状态,分别为佩雷拉、卡利、基布多、马尼萨莱斯和亚美尼亚城。其中,佩雷拉报告60人死亡,卡利15人死亡,基布多8人死亡,马尼萨莱斯4人死亡。
初步统计显示,此次地震已造成86栋建筑物倒塌,另有7座机场暂停运营。相关部门正在开展灾情评估和应急处置工作。(完)
图说1:这张哥伦比亚新闻社发布的照片显示,8月10日,在哥伦比亚城市马尼萨莱斯,救援人员在遭受地震破坏的建筑物废墟上开展救援。新华社发(哥伦比亚新闻社供图)
图说2:这是8月10日在哥伦比亚西南部考卡山谷省首府卡利市拍摄的因地震受损车辆。新华社发








