
မနီလာ၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း Baguio မြို့တွင် မြေပြိုမှုကြောင့် နေအိမ်သုံးလုံး မြုပ်သွားပြီးနောက် လူလေးဦး သေဆုံးကာ အခြားသူ ခြောက်ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်းမီဒီယာက ဩဂုတ် ၁၀ ရက်၌ သတင်းဖော်ပြခဲ့သည်။
အဆိုပါ မြေပြိုကျမှုမှာ Baguio မြို့ Barangay Guisad Surong ရှိ Riverside တွင် ဩဂုတ် ၉ ရက် ဒေသစံတော်ချိန် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ကာ လူ ၁၃ ဦး မြေအောက်မြုပ်သွားခဲ့သည်။ ဩဂုတ် ၁၀ ရက် နံနက်ပိုင်းအထိ အပျက်အစီးများအောက်မှ လူခုနစ်ဦးအား ဆွဲထုတ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သေဆုံးသူများမှာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၉ နှစ်အရွယ် ယောကျာ်းလေးနှစ်ဦးနှင့် အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်သည်။ အသက်ရှင်သူ သုံးဦးကိုမူ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ကယ်ဆယ်ရေးသမားများသည် မကြာခဏ မိုးရွာသွန်းမှုများကြားမှ လုပ်ငန်းဆောင်ရွက်နေကြခြင်း ဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
4 killed, 6 missing in landslide in northern Philippines
MANILA, Aug. 10 (Xinhua) -- Four people were killed and six others missing after a landslide buried three houses in Baguio City in northern Philippines, local media reported on Monday.
The landslide struck at around 7 p.m. local time Sunday in Riverside, Barangay Guisad Surong, Baguio City, burying 13 people. As of Monday morning, seven had been pulled from the debris, according to the police.
The fatalities were a 17-year-old girl, two nine-year-olds and a 56-year-old man. Three survivors are in the hospital.
Rescuers are working amid intermittent rains.
Photo: Residents walk past the site of a landslide due to the heavy rains brought by tropical storm Yagi in Rizal Province, the Philippines, on Sept. 2, 2024. (Xinhua/Rouelle Umali)








