ဟော်မုဇ်ရေလက်ကြား လုံခြုံရေးလုပ်ငန်းအစီအစဉ်ကို အီရန် လွှတ်တော်ကော်မတီ အတည်ပြု

ဟော်မုဇ်ရေလက်ကြားနှင့် ပင်လယ်ကွေ့ဒေသ “လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု သေချာစေရေး” မဟာဗျူဟာလှုပ်ရှားမှုအစီအစဉ် အထွေထွေဖော်ပြချက်များကို အီရန်နိုင်ငံ လွှတ်တော် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီက အတည်ပြုလိုက်ကြောင်း တရားဝင်သတင်းအေဂျင်စီ IRNA က ဩဂုတ် ၉ ရက်၌ သတင်းဖော်ပြခဲ့သည်။

အဆိုပါ အစီအစဉ်ကို ကော်မတီအစည်းအဝေး၌ ဆွေးနွေးကာ ကန့်ကွက်ခြင်းမရှိကြဘဲ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ကော်မတီ ပြောရေးဆိုခွင့်ရှိသူ Hassan Qashqavi ၏ ပြောကြားချက်အား ကိုးကား၍ IRNA ၌ သတင်းဖော်ပြထားသည်။

ဥပဒေပြုအမတ်များက ယင်းအစီအစဉ်၏ အထွေထွေမူ‌ဘောင်အား မပြဋ္ဌာန်းမီ အီရန်နိုင်ငံ၏ နှီးနွှယ်ဌာနများထံမှ တင်သွင်းချက်များကို ပြန်လည်သုံးသပ်ခဲ့ကြကြောင်း Qashqavi က ဆိုသည်။

အဆိုပါ ဥပဒေပြုအဖွဲ့ကို ဇူလိုင် ၁၃ ရက်က လွှတ်တော်အား တရားဝင်မိတ်ဆက်ခဲ့ကြောင်းလည်း IRNA က ဖော်ပြထားသည်။

အီရန်နိုင်ငံ ပိုင်နက်အား အစ္စရေးနှင့် အမေရိကန် ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီးနောက် ယင်းနှစ်နိုင်ငံ ပိုင်ဆိုင်သော သို့မဟုတ် မိတ်ဖက်ဖြစ်သော သင်္ဘောများ ဘေးကင်းစွာဖြတ်သန်းသွားလာမှုကို တားမြစ်သည့်အနေဖြင့် အီရန်က ဖေဖော်ဝါရီ ၂၈ ရက်၌ ရေလက်ကြားဖြတ်သန်းမှုအ‌‌ပေါ် တင်းကျပ်ထားခဲ့သည်။


အမေရိကန် ကျောထောက်နောက်ခံပြုထားသော အချက် ၁၅ ချက်ပါ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို အစ္စရေး ပယ်ချဟု နေတန်ယာဟု ပြော

အစ္စရေးနိုင်ငံအနေဖြင့် အမေရိကန်ဦးဆောင်သည့် “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” က ဖော်ပြထားသော အချက် ၁၅ ချက် ပါဝင်သည့် ဂါဇာငြိမ်းချမ်းရေး လမ်းပြမြေပုံကို ပယ်ချကြောင်း၊ ဟားမက်စ်က အပြည့်အဝ လက်နက်ဖျက်သိမ်းခြင်းမပြုမချင်း အစ္စရေးတပ်ဖွဲ့များကို ရုပ်သိမ်းမည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဩဂုတ် ၉ ရက်၌ ကြေညာခဲ့သည်။

ထိုကြေညာချက်မှာ အဆိုပါ အစီအစဉ်နှင့်စပ်လျဉ်း၍ အစ္စရေးနိုင်ငံ၏ ပထမဆုံး တရားဝင်နှင့် ရှင်းလင်းပြတ်သားသော ငြင်းဆိုချက်လည်းဖြစ်သည်။

ဂါဇာဒေသ၏ ၇၀ ရာခိုင်နှုန်းခန့်အား ထိန်းချုပ်ရန် အစ္စရေးတာဝန်ရှိသူများက ယခင်က ခန့်မှန်းထားပြီး အစ္စရေးတပ်ဖွဲ့များအနေဖြင့် ယင်းနယ်မြေအတွင်း “ကြောက်မက်ဖွယ် ခြိမ်းခြောက်မှုများ” ကို ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း နေတန်ယာဟုက အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။

“ဟားမက်စ်တို့ လက်နက်စွန့်ဖို့ ကျွန်တော်ပြောနေတာက လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ၊ လက်နက်အားလုံးကို ဆိုလိုတာပါ” ဟု နေတန်ယာဟုက ဆိုသည်။

အစ္စရေးနိုင်ငံသည် ယင်းအစီအစဉ် အချက်အလက်များနှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံနှင့် ဆွေးနွေးပြောဆိုနေဆဲဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။


ယီမင်နိုင်ငံ အနောက်ပိုင်း Mocha မြို့ရှိ ဆော်ဒီကျောထောက်နောက်ခံပြုထားသော တပ်ဖွဲ့များကို ဒုံးကျည်၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ဟု ဟူသီအဖွဲ့ ဆို

ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့သည် နိုင်ငံ အနောက်ပိုင်း  Taiz ပြည်နယ်ရှိ ဗျူဟာမြောက် ပင်လယ်နီဆိပ်ကမ်းမြို့ Mocha ရှိ ဆော်ဒီကျောထောက်နောက်ခံပြုထားသည့် တပ်ဖွဲ့များအား ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့က ဩဂုတ် ၉ ရက်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးမှာ Mocha မြို့ရှိ တပ်ဖွဲ့များစုစည်းမှုနှင့် လက်နက်သိုလှောင်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ လက်နက်များနှင့် စစ်ဘက်ကိရိယာပစ္စည်းများကို အကြီးအကျယ် ဖျက်ဆီးခဲ့ပြီး တပ်ဖွဲ့ဝင် ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ဟူသီစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ Yahya က လူမှုမီဒီယာပလက်ဖောင်း X ပေါ်တင်ထားသည့် ကြေညာချက်၌ ပြောသည်။

ဆော်ဒီနိုင်ငံသားများ အပါအဝင် သေဆုံး၊ ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင်များ ဒါဇင်နှင့်ချီ၍ ရှိခဲ့ကြောင်း သိရသည်။


ချီကာဂိုမြို့တွင် သီတင်းပတ်ကုန်၌ သေနတ်ပစ်ခတ်မှုများကြောင့် လူသုံးဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် သီတင်းပတ်ကုန်၌ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူသုံးသေဆုံးခဲ့ပြီး အခြားသူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီဒီယာသတင်းများအရ သိရသည်။

ဩဂုတ် ၉ ရက် နံနက် ၈:၂၂ နာရီက သေနတ်ပစ်ခတ်မှု ရှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း CBS Chicago သတင်း၌ ဖော်ပြထားသည်။ ယင်းဖြစ်ရပ်တွင် လူသုံးဦး သေဆုံးခဲ့ပြီး အခြားသူ ကိုးဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် နှစ်ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

ထို့ပြင် ဩဂုတ် ၈ ရက် နံနက်အစောပိုင်းကလည်း အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းကိုသေနတ်ထိမှန်ခဲ့ကာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

ယင်းပစ်ခတ်မှုများနှင့် စပ်လျဉ်း၍ အဖမ်းခံရသူမရှိသေးကြောင်းလည်း သတင်း၌ ဖော်ပြထားသည်။

ဧပြီ ၇ ရက်တွင် ကုန်ဆုံးခဲ့သည့် ၁၂ လတာကာလအတွင်း ချီကာဂိုမြို့၌ လူဦးရေ ၁,၈၇၈ ဦး သေနတ်ပစ်ခတ်အကြမ်းဖက်ခံခဲ့ရပြီး ၃၅၆ ဦး သေဆုံးခဲ့ကြောင်း စာရင်းအင်းဖော်ပြချက်များအရ သိရသည်။  (Xinhua)

………..

(English Version)

Daily World Briefing, Aug. 10

Iranian parliamentary committee approves Hormuz Strait security action plan: media

The Iranian parliament's national security and foreign policy committee has approved the general outlines of a strategic action plan to "ensure the security and sustainable progress" of the Strait of Hormuz and the Gulf, the official news agency IRNA reported Sunday.

The plan was discussed at a committee meeting and approved without opposition, IRNA quoted committee spokesperson Hassan Qashqavi as saying.

Qashqavi said lawmakers reviewed submissions from relevant Iranian bodies before endorsing the plan's general framework.

The legislation was formally introduced to the parliament on July 13, according to IRNA.

Iran tightened its grip on the strait on Feb. 28, barring safe passage of vessels belonging to or affiliated with Israel and the United States following their joint strikes on Iranian territory.


Netanyahu says Israel rejects U.S.-backed 15-point Gaza peace plan

Israeli Prime Minister Benjamin Netanyahu announced Sunday that Israel rejects a 15-point Gaza peace roadmap plan presented by the U.S.-led "Board of Peace," maintaining that Israeli forces will not withdraw until Hamas is fully disarmed.

The announcement marks Israel's first official and straightforward rejection of the plan.

Netanyahu told the weekly cabinet meeting that Israeli forces, which Israeli officials had previously estimated control about 70 percent of Gaza, will continue to carry out attacks in the enclave to "thwart threats."

"When I say disarming Hamas, I mean the heavy weapons, the less heavy weapons -- all weapons," Netanyahu said.

Israel is still in talks with the United States about the document of the plan, he said.


Houthis claim missile, drone attacks on Saudi-backed forces in W. Yemen's Mocha

Yemen's Houthi group claimed Sunday it launched a large-scale attack with ballistic missiles and drones on Saudi-backed forces in the strategic Red Sea port city of Mocha in western Yemen's Taiz Province.

Houthi military spokesperson Yahya Sarea said in a statement on social media platform X that the operation targeted troop gatherings and weapons depots in Mocha, causing "widespread destruction" of weapons and military equipment, and killing or wounding dozens of personnel, including Saudis.


Chicago weekend shootings leave 3 dead, 10 injured

At least three people were killed and 10 others injured in U.S. Chicago due to multiple shootings over the weekend, according to media reports.

As many as eight shootings took place by 8:22 a.m. on Sunday, according to a report by CBS Chicago. Three people died and nine others were injured, including two in critical condition.

Moreover, a 35-year-old man was shot in the head in the early hours on Saturday and was in critical condition.

No arrests were made in the above shootings, according to the report.

Statistics showed that in the 12 months ending April 7, 1,878 victims of gun violence were reported in Chicago and 356 had died.